Pages

Wednesday, June 19, 2013

ကလေးခရိုင်အတွင်း ရဲအချို့ ဖမ်းဆီးခံရခြင်း ရှစ်လေးလုံး (ကလေး) ကြေညာချက် ထုတ်ပြန်

ကလေးခရိုင်အတွင်း ရဲအချို့ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ကလေး မြို့နယ် ရှစ်လေးလုံး အင်အားစုက ကြေညာချက်ထုတ်ပြန်လိုက်သည်။ကလေးခရိုင်အတွင်းရှိ ရဲဝန်ထမ်း အချို့ကို ဇွန် ၁၅ ရက်တွင် စစ်ဆေး ခဲ့ပြီး နောက် ကလေးမြို့နယ် ရှစ်လေးလုံးအင် အားစုက ဇွန် ၁၇ ရက်တွင် ကြေညာ ချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကြေညာချက်ထဲတွင် ကလေးခရိုင် အတွင်းရှိ လိုင်စင်မဲ့ကား များကို ဖမ်းဆီးမည်ဆိုပါက ဖြတ်သန်း မောင်းနှင်ခဲ့ရာ မြို့နယ်အသီးသီးမှ စစ် ဆေးရေးဂိတ်များပါ အရေးယူရန် လို အပ်ကြောင်း ကလေးခရိုင်အတွင်း လိုင် စင်မဲ့ကားများ သိမ်းဆည်းရာတွင် လိုင် စင်မဲ့ကားများသည် နယ်စပ်လမ်း ကြောင်း အဆင့်ဆင့်ကို ဖြတ်သန်း ရောက်ရှိလာသော ကားများဖြစ်ကြောင်း၊ ထို့ပြင် တရားမဝင် လိုင်စင်မဲ့ကားများ သိမ်းယူရာတွင် ကလေးစက်မှုဇုန်ထုတ် ကားများ ပါဝင်နေသည့်အပေါ် စက်မှု ဇုန်
တာဝန်ရှိသူများက ဖြေရှင်းပေး ရန်လိုကြောင်း ကြေညာချက်တွင် ပါရှိ သည်။

ကလေးဒေသတွင် မူးယစ်ဆေးဝါး နှင့် တရားမဝင်ဆေးဝါးပစ္စည်း များနှင့် ပတ်သက်၍ နယ်စပ်ဒေသနှင့်နီးသော ဒေသဖြစ်သောကြောင့် နယ်စပ်အဝင်အ ထွက် တာဝန်ရှိသူများအားလုံးနှင့်သက် ဆိုင်သည်ဟု ယူဆကြောင်း၊ ကလေး ခရိုင်အတွင်း လိုင်စင်မဲ့ကားနှင့် မူးယစ် ဆေးဝါး ကိစ္စနှင့်ပတ်သက်၍ ကလေး ခရိုင်ရဲတပ်ဖွဲ့ဝင်အချို့ကိုသာ အထူးစစ် ဆေးအရေးယူ ဆောင်ရွက်သည့်ကိစ္စမှာ လုံလောက် ထိရောက်မည်ဟု မယူဆ ကြောင်း၊ ၄င်းပြဿနာများသည် နိုင်ငံ အနှံ့တွင် ဖြစ်ပွားလျက်ရှိသောကြောင့် ထိထိရောက်ရောက် အရေးယူမှု များ ပြုလုပ်မည်ဟုယုံကြည်ကြောင်း စသည် ဖြင့် အချက် ၉ ချက်ပါကြေ ညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့နယ် ရှစ်လေးလုံးအင် အားစုအဖွဲ့ဝင် ဦးမိုက်ကယ် ဝင်းကျော်က ''ကျွန်တော်တို့ဆီမှာ လက်ရှိ ဖြစ်ပွား နေတဲ့ ကိစ္စရပ်အပေါ် ရဲက ညင်ညင် သာသာကိုင်တွယ်ဖို့နဲ့ ဖြစ်စဉ်တွေအပေါ် ကိုခြုံပြီး သဘောထားတွေကို ထုတ်ပြန် တာပါ''ဟု ပြောသည်။

ဒုတိယရဲချုပ်နှင့် အဖွဲ့က ရဲနှင့် ပူးပေါင်းပါဝင်ဖို့ ရှစ်လေးလုံး အင်အားစု ကို ဖိတ်ခေါ်ခဲ့ပြီး၊ တွေ့ဆုံဖို့ပါရှိသည် ဟု ၄င်းအင်အားစု ဝင် ရှေ့နေဦးအေး မြင့်က ဆက်ပြောသည်။

မင်းသုအောင် (ပေါ်ပြုလာမြန်မာ) , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၉.၆.၂၀၁၃
 

0 comments:

Post a Comment