Pages

Wednesday, June 19, 2013

ရဲတပ်ဖွဲ့ဝင်တစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး

ရန်ကုန်၊ ဇွန် ၁၉
၁၈.၆.၂၀၁၃ရက်နေ့ ၂၃၀၀ အချိန် လေဆိပ်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်သက်လွင်သည် လမ်းကြောင်း လုံခြုံရေးတာဝန်ဆောင်ရွက်ပြီး လေဆိပ်နယ်မြေရဲစခန်းသို့ပြန်ရန်အတွက်VIP ၀င်ပေါက်ဝဘေး လမ်းတစ်ဖက်တွင် ဆိုင်ကယ်အားခွလျက်ရှိနေစဉ် လေဆိပ်ပြည်တွင်းဝင်ပေါက်
ဘက် မှမောင်းနှင်ထွက်လာသော TAXIယာဉ်မှ ၎င်းအားတိုက်မိထွက်ပြေးသွားကြောင်းသိရသည်။ လေဆိပ်နယ်မြေ ရဲစခန်းမှူးနှင့် အဖွဲ့မှ လိုက်လံဖမ်းဆီးရာ ယာဉ်အမှတ် ကက/ ---- ၊ ယာဉ်မောင်းဖြစ်သူ မောင်မောင်ဦး၊ ၅၀နှစ်၊ (ဘ)ဦးမောင်ကြည်၊စောရန်ပိုင်ရပ်ကွက်၊ အလုံမြို့နယ်နေသူအားပြည်ပ VIP ဆောင်အနီး တွင်ဖမ်းဆီးရမိခဲ့ပါသည်။
ယာဉ်တိုက်ခံရသူ ရဲတပ်ကြပ်သက်လွင်မှာ ယာဉ်တိုက်ခံရသည့် ဒဏ်ရာများ ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးတွင်တင်ပို့ကုသလျက်ရှိရာမှ ၂၃၅၀ အချိန်တွင် သေဆုံးသွားသဖြင့် ယာဉ်မောင်းတရားခံမောင်မောင်ဦးအား မင်္ဂလာဒုံမြို့မရဲစခန်း ယာဉ်(ပ)၄၄/၂၀၁၃ ၊ ပုဒ်မ ၃၀၄-က ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , RangonNewsDaily
kolatt(PBDN): 19.6.2013

0 comments:

Post a Comment