Pages

Wednesday, June 19, 2013

နောက်ဆုံးအတည်ပြုထားသည့် နိုင်ငံရေးအကျဉ်းသား ၂၀၃ ဦး စာရင်း သမ္မတထံ တင်ပြ

Wednesday, June 19, 2013
အစိုးရက ဖွဲ့စည်းပေးသော နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ၏ လေးကြိမ်မြောက် အစည်းအဝေး
တွင် နောက်ဆုံး အတည်ပြုလိုက်သော လက်ကျန် နိုင်ငံရေး အကျဉ်းသား ၂၀၃ ဦး စာရင်းကို သမ္မတဦးသိန်း
စိန်ထံ တင်ပြခဲ့ကြောင်း ယင်းကော်မတီအဖွဲ့ဝင် ဦးညိုထွန်းက ပြောကြားသည်။
ယခင် တပ်မတော်အစိုးရ လက်ထက်ကတည်းက အကျဉ်းထောင်များ ထဲသို့ ရောက်ရှိနေသော လက်ကျန်
 နိုင်ငံရေး အကျဉ်းသား ၁၃၆ ဦးနှင့် ယခု အစိုးရသစ် လက်ထက်တွင် ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅ တို့ဖြင့် အရေး
ယူခံခဲ့ရသော နိုင်ငံရေးအကျဉ်းသား ၆၇ ဦး အပါအဝင် စုစုပေါင်း ၂၀၃ ဦး စာရင်းကို တင်ပြခဲ့ကြောင်း ၎င်းက
ရှင်းပြသည်။

နိုင်ငံရေး အကျဉ်းသားဆိုသည့် အဓိပ္ပာယ်နှင့် သတ်မှတ်ချက်ကို ယင်းကော်မတီက ညှိနှိုင်း ရေးဆွဲကာ စိစစ်

၍ လွှတ်ပေးသင့်သူများကို လွှတ်ပေးနိုင်ရေးအတွက်တာဝန်ယူဆောင်ရွက်ရသည့် ကော်မတီ၏ တွေ့ရှိချက်
များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြရကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။

အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံရေးအကျဉ်းသားများရှိနိုင်ပြီး၎င်းတို့အတွက်အကျဉ်းထောင်များတွင်

မည်သည့် အဆင့်အတန်းဖြင့် ထားမည်ကို ဆွေးနွေးသွားရန် ရှိကြောင်း ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်း
ရေး စင်တာ ရုံးခန်း၌ ဇွန်လ ၁၆ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

လွတ်မြောက်နိုင်ငံရေး အကျဉ်းသားဟောင်းများစိုးရိမ်နေသည့်ပုဒ်မ(၄၀၁) ကြွေးကျန် ထောင်
ဒဏ်ကို နိုင်ငံ

ရေး လက်နက်အဖြစ် သုံးစွဲသွားမည် မဟုတ်ကြောင်း သမ္မတဦးသိန်းစိန်က ၎င်း၏ရေဒီယို မိန့်ခွန်းတွင် ထည့်
သွင်းပြောကြားခဲ့ဖူးသည်။

ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများထဲမှ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာနို
င်

ခြေရှိပြီး ဦးသိန်းစိန်အစိုးရ လက်ထက် နိုင်ငံရေး အကျဉ်းသားအဖြစ် လက်ပံတောင်းတောင် အရေး လှုပ်ရှား
သူများလည်းပါလာနိုင်ခြေရှိသည်ဟုအစိုးရကဖွဲ့ပေးထားသော နိုင်ကျဉ်း စိစစ်ရေး ကော်မတီဝင် ဦးဘိုကြည်
က ပြောကြား သည်။

အစိုးရကဖွဲ့ပေးလိုက်သည့် နိုင်ကျဉ်းစိစစ်ရေး ကော်မတီသည် ပြီးခဲ့သော ဖေဖော်ဝါရီကဖွဲ့စည်းခဲ့ပြီး သမ္မတ

ရုံးဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကာ သမ္မတရုံး ဒုတိယဝန်ကြီး၊ ပြည်ထဲရေးနှင့်အကျဉ်း ဦး
စီးဌာနမှ အရာရှိများ ပါဝင် ဖွဲ့စည်းထားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်း သားများအဖွဲ့၊ နိုင်ငံရေး အကျဉ်း

သားဟောင်းများအဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ကျဉ်း ပြန်လည်
စောင့်ရှောက်ရေး ကော်မတီ (မြန်မာ) မှ ခေါင်းဆောင်များလည်း ထိုကော်မတီတွင် ပါဝင်သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 19.6.2013

0 comments:

Post a Comment