Pages

Wednesday, June 19, 2013

အစ္စလာမ်အပေါ်သိလိုသည်များ ကျေလည်သည်အထိမေးမြန်းနိင်ကြောင်း PCN နာယက ၂ ဦးပြော

ဇွန် ၁၉
မြန်မာနိင်ငံအတွင်း အစ္စလာမ်သာသနာနှင့် မြန်မာမွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားစေရန်ဝါဒဖြန့်ချိမှုများမြင့်တက်လာနေသဖြင့် မီဒီယာများအနေဖြင့်ဖြစ်စေ၊အသင်းအဖွဲ့များအနေဖြင့်ဖြစ်စေ၊ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်ဖြစ်စေ မွတ်စလင်မ်များနှင့်ပတ်သက်၍ သိလိုသည်များကို ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်သို့ဖြစ်စေ၊မိမိတို့ထံသို့ဖြစ်စေလွတ်လပ်ပွင့်လင်းစွာမေးမြန်းနိင်ကြောင်း မြန်မာမွတ်စလင်မ် ပညာရှင် ၂ ဦးကပြောကြားလိုက်သည်။ "တစ်ဦးချင်းအနေနဲ့ဖြစ်စေ၊အဖွဲ့အစည်းအနေနဲ့ဖြစ်စေ မေးလို့ရတယ်။PCN(ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်) ကလည်းဖိတ်ခေါ်ထားတယ်။အစ္စလာမ်ဓမ္မဗိမာန် ကလည်းဖိတ်ခေါ်ထားတယ်။ကျေလည်တဲ့အထိတိုင်အောင် ဖြေရှင်းပေးဖို့ ဒီဘက်ကတံခါးဖွင့်ထားတယ်။ကမ်းလှမ်းထားပါတယ်"ပာု ဆရာဦးအေးလွင်(ဦးဆောင်ဆော်သြရေးမှုး၊အစ္စလာမ်ဓမ္မဗိမာန်)က မြန်မာမွတ်စလင်မ်မီဒီယာ သို့ပြောသည်။

မြန်မာနိင်ငံတွင် အစ္စလာမ်သာသနာတော်နှင့် မြန်မာမွတ်စလင်မ်များအပေါ် မမှန်သတင်းလွင့်ဝါဒဖြန့်ခြင်း၊ ၉၆၉ တရားပွဲအမည်ခံကာလုပ်ကြံတရားပောာကြားခြင်း၊တို့ကို အစ္စလာမ်ဆန့်ကျင်ရေးသမားများနှင့် မန္တလေးမြို့မှ ဘာသာရေး အဓိကရုန်းမှုထောင်ထွက် ၀ီရသူ တို့ကဦးဆောင်ကာ မမှန်သတင်းများထုတ်လွင့်ခဲ့ကြသည်။

"အစ္စလာမ်နဲ့ပတ်သက်လို့ဖြစ်စေ၊မြန်မာမွတ်စလင်မ်နဲ့ပတ်သက်လို့ဖြစ်စေ ဘယ်လိုကိစ္စမျိုးနဲ့မဆို ပတ်သက်လို့ဖြစ်စေ အကယ်၍ တစ်စုံတစ်ရာ မေးစရာ ကိစ္စရှိရင် ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် ၊နဲ့ မြန်မာမွတ်စလင်မ်ကွန်ရက် တို့ကိုတိုက်ရိုက်မေးမြန်းနိင်ပါတယ်"ပာုဒေါက်တာမြင့်သိန်း(မြန်မာမွတ်စလင်မ်ကွန်ရက်) က မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

အစ္စလာမ်သာသနာတော်နှင့် မြန်မာမွတ်စလင်မ်များအား အထင်အမြင်လွဲမှားနေမှုများကို အသိပေးရန်အတွက် Unity For Peace Networks ၊Peace Cultivation Network၊ Pray For Myanmar အဖွဲ့တို့က အသိပညာပေးရှင်းလင်းပွဲများကို အသီးသီးပြုလုပ်ခဲ့ကြသည်။

ဆက်သွယ်ရန်လိပ်စာများ-
ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် ၊အမှတ် (၂) ပထမထပ်၊ ၁၁၉ လမ်း ၊ရေတွင်းကုန်း ရပ်ကွက်၊မင်္ဂလာေ
တာင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။ဖုန်း- ၀၁ ၈၆၁၉၃၇၂

အစ္စလာမ် ဓမ္မဗိမာန် အမှတ်၂၀၀၊၂၀၆ ပထမထပ်၊ရတနာမြိုင်ကွန်ဒို၊စက်ရုံလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

မြန်မာမွတ်စလင်မ်ကွန်ရက်- ဒေါက်တာမြင့်သိန်း ၀၉ ၅၁ ၃၄၄၈၇
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၉.၆.၂၀၁၃

 

0 comments:

Post a Comment