Pages

Wednesday, June 19, 2013

အရေးပေါ် အသက်ကယ်ဆယ်ရေး NLD ကျန်းမာရေးကွန်ရက် စတင်

Wednesday, June 19, 2013

လမ်းအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်ဒဏ်ရာရသူများကိုNLDကျန်းမာရေး ကွန်ရက်

က အရေးပေါ် အသက် ကယ်ဆယ်ရေးနှင့် လူနာ ပို့ဆောင်ရေးအစီအစဉ် စတင် ဆောင်ရွက်ရန် စီစဉ်လျက်
ရှိကြောင်း ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က The Voice သို့ ပြောကြားသည်။
အဆိုပါစီမံချက်အတွက်အရေးပေါ်လူနာတင်ယာဉ်၊ယင်းလူနာတင်ယာဉ်တွင်လိုက်ပါမည့်ကျွမ်းကျင်ကျန်းမာ
ရေး ဝန်ထမ်းများ လိုအပ်ပြီး လိုက်ပါဆောင်ရွက်မည့် ဆရာဝန်များအတွက် သင်တန်းပေးသည့် အစီအစဉ် စ
တင်နေပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"လူနာတင်ကားအတွက်ကတော့ အလှူရှင်လိုက်ရှာနေတယ်" ဟု ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီးတို့ရှိ နာရေးကူညီမှု အသင်းများတွင်လည်း လူနာတင်ယာဉ် ဝန်ဆောင်မှု ပြုလု
ပ်

နေကြပြီး ယာဉ်အန္တရာယ်နှင့် မတော်တဆမှု အများစုကို ဌာနဆိုင်ရာ တာဝန်ရှိသူများက တိုက်ရိုက် ဆက်
သွယ်မှသာ သွားရောက် ကူညီကြသည်။

"မတော်တဆ တစ်ခုဖြစ်ရင်၊ရဲ၊ ယာဉ်ထိန်း တာဝန်ရှိသူတွေက အကြောင်း ကြားရင်တော့ ကျွန်တော်တို့ ချက်

ချင်းသွားပေးတယ်။ ဆေးရုံသွားဖို့ အခက်အခဲရှိရင်လည်း ပို့ပေးတယ်" ဟု နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက The Voice သို့ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကျန်းမာရေး ကွန်ရက်ကို ယခု နှစ်ဆန်းပိုင်းတွင် စတင် ဖွဲ့စည်းခဲ့ပြီး ဧပြီလအတွင်း ပြုလုပ်ခဲ့သော ကျန်းမာရေးကွန်ရက် ရန်ပုံငွေပွဲတွင် ငွေကျပ် သိန်းလေးထောင်ကျော် အလှူ

ငွေ ရရှိခဲ့သည်။

The Voice, RangonNewsDaily
kolatt(PBDN): 19.6.2013

0 comments:

Post a Comment