Pages

Wednesday, June 19, 2013

အနာဂတ် အာကာသ စူးစမ်း လေ့လာမှုများအတွက် အာကာသ ယာဉ်မှူးသစ် ရှစ်ဦးအား နာဆာအဖွဲ့ ရွေးချယ်

Photo: အနာဂတ် အာကာသ စူးစမ်း လေ့လာမှုများအတွက် အာကာသ ယာဉ်မှူးသစ် ရှစ်ဦးအား နာဆာအဖွဲ့ ရွေးချယ် 
Wednesday, June 19, 2013

အနာဂတ် ကာလတွင် အာကာသဆိုင်ရာ စူးစမ်း လေ့လာမှုများ အတွက် အာကာသ ယာဉ်မှူးရှစ်ဦးကို ရွေးချယ် ခဲ့ပြီးဖြစ်ကြောင်း အမေရိကန် အာကာသ အေဂျင်စီ နာဆာအဖွဲ့က ဇွန် ၁၇ ရက်တွင် ပြောကြားသည်။

ရွေးချယ် ခံရသူရှစ်ဦးသည် အသက်အရွယ်အားဖြင့် ၃ဝ ကျော်ခန့် အသီးသီး ရှိကြပြီး ယခင်နှစ်က လက်ခံခဲ့သည့် လျှောက်လွှာပေါင်း ၆ဝဝဝ ကျော် အနက်မှ ရွေးချယ်ထားခြင်း ဖြစ်ကြောင်း၊ ရှစ်ဦးအနက် လေးဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း၊ ယခု ရွေးချယ်ခဲ့သည့် အာကာသ ယာဉ်မှူးများ အနက် ရွေးချယ်ခံရသည့် အမျိုးသမီး အာကာသ ယာဉ်မှူးရာခိုင်နှုန်းမှာ ယခင်က ရွေးချယ်ခဲ့သည့် အမျိုးသမီး အာကာသ ယာဉ်မှူး များနှင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်ကြောင်း နာဆာအဖွဲ့က ပြောကြားသည်။  

အာကာသ ယာဉ်မှူးများသည် အာကာသ ဆိုင်ရာ လေ့ကျင့်သင်ကြားမှုကို ဟျူစတန်မြို့ရှိ နာဆာအဖွဲ့၏ ဂျွန်ဆန် အာကာသ ဌာနတွင် သြဂုတ်လမှစ၍ လေ့ကျင့် သင်ယူသွားမည် ဖြစ်သည်ဟု  သိရသည်။ အဆိုပါ အာကာသ ယာဉ်မှူးရှစ်ဦးသည် နိုင်ငံတကာ အာကာသစခန်း (ISS) တွင်   လုပ်ဆောင်နေသည့် သိပ္ပံပညာရပ်နှင့် ပတ်သက်၍ အလွန် စိတ်လှုပ်ရှား နေကြပြီး ၎င်းတို့ အနေဖြင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်လုံးဆီသို့ ဦးတည်သွားမည့် ပထမဆုံး လူသားခရီးစဉ် အတွက် ပြင်ဆင်သွားမည် ဖြစ်ပြီး ယင်းဂြိုဟ်သိမ် ဂြိုဟ်မွှားဆီသို့ သွားရောက်ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်သို့ ဆက်လက် သွားရောက်ရန် အတွက်လည်း အဆင်သင့် ဖြစ်နေကြောင်း နာဆာ အဖွဲ့၏  စီမံအုပ်ချုပ်ရေးမှူး ချားလ်စ်ဘိုလ်ဒန်က ပြောကြားသည်။

မြ၀တီ


Wednesday, June 19, 2013

အနာဂတ်ကာလတွင်အာကာသဆိုင်ရာစူးစမ်း လေ့လာမှုများအတွက်အာကာသယာဉ်မှူးရှစ်ဦးကို ရွေးချယ်
ခဲ့ပြီးဖြစ်ကြောင်း အမေရိကန် အာကာသ အေဂျင်စီ နာဆာအဖွဲ့က ဇွန် ၁၇ ရက်တွင် ပြောကြားသည်။
ရွေးချယ်ခံရသူရှစ်ဦးသည်အသက်အရွယ်အားဖြင့်၃ဝ ကျော်ခန့်အသီးသီး ရှိကြပြီးယခင်နှစ်ကလက်ခံခဲ့သည့်
လျှောက်လွှာပေါင်း၆ဝဝဝ ကျော်အနက်မှ ရွေးချယ်ထားခြင်း ဖြစ်ကြောင်း၊ရှစ်ဦးအနက် လေးဦးမှာအမျိုးသမီး

များ ဖြစ်ကြောင်း၊ ယခု ရွေးချယ်ခဲ့သည့် အာကာသ ယာဉ်မှူးများ အနက် ရွေးချယ်ခံရသည့် အမျိုးသမီး အာကာသ ယာဉ်မှူးရာခိုင်နှုန်းမှာယခင်က ရွေးချယ်ခဲ့သည့်အမျိုးသမီး အာကာသ ယာဉ်မှူး များနှင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်ကြောင်း နာဆာအဖွဲ့က ပြောကြားသည်။

အာကာသယာဉ်မှူးများသည်အာကာသ ဆိုင်ရာ လေ့ကျင့်သင်ကြားမှုကို ဟျူစတန်မြို့ရှိ နာဆာအဖွဲ့၏ ဂျွန်
ဆန် အာကာသ ဌာနတွင် သြဂုတ်လမှစ၍ လေ့ကျင့် သင်ယူသွားမည် ဖြစ်သည်ဟု သိရသည်။ 
အဆိုပါအာကာသယာဉ်မှူးရှစ်ဦးသည် နိုင်ငံတကာအာကာသစခန်း(ISS)တွင်လုပ်ဆောင်နေသည့်သိပ္ပံပညာ
ရပ်နှင့်ပတ်သက်၍အလွန်စိတ်လှုပ်ရှားနေကြပြီး၎င်းတို့အနေဖြင့်ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်လုံးဆီဦးတည်သွား
မည့်ပထမဆုံးလူသားခရီးစဉ်အတွက်ပြင်ဆင်သွားမည်ဖြစ်ပြီးယင်းဂြိုဟ်သိမ်ဂြိုဟ်မွှားဆီသို့ သွားရောက်ပြီး
နောက်အင်္ဂါဂြိုဟ်ပေါ်သို့ဆက်လက်သွားရောက်ရန်အတွက်လည်းအဆင်သင့်ဖြစ်နေကြောင်းနာဆာအဖွဲ့၏ စီမံအုပ်ချုပ်ရေးမှူး ချားလ်စ်ဘိုလ်ဒန်က ပြောကြားသည်။
 
မြ၀တီ , RangonNewsDaily
kolatt(PBDN): 19.6.2013

0 comments:

Post a Comment