Pages

Wednesday, June 19, 2013

မလေးရှားမှ ဒဏ်ရာဖြင့် ပြန်လာသူ တစ်ပတ်အတွင်း ဆေးရုံဆင်းခွင့်ရမည်

Photo: မလေးရှားမှ ဒဏ်ရာဖြင့် ပြန်လာသူ တစ်ပတ်အတွင်း ဆေးရုံဆင်းခွင့်ရမည်
Wednesday, June 19, 2013

မလေးရှားနိုင်ငံ ဆာလာယန်းတွင် အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်ခံခဲ့ရ စဉ်က ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဝိတိုရိယ ဆေးရုံတွင် တက်ရောက် ကုသနေသည့် ဦးထွန်းမော်သိန်းမှာ ဒဏ်ရာ အခြေအနေ စိုးရိမ်စရာ မလိုတော့သဖြင့် တစ်ပတ်အတွင်း ဆေးရုံက ဆင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါဆေးရုံ၏ Clinical & Therapeutic Director ဒေါက်တာကျော်ဇင်လင်းက The Voice သို့ ပြောကြားသည်။

၎င်းသည် မေလ ၃၁ ရက်နေ့က ဆာလာယန်းတွင် လူအုပ်စုလိုက် အကြမ်း ဖက် တိုက်ခိုက်ခံခဲ့ရသဖြင့် ဓားဒဏ်ရာများရရှိခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့ က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သူဖြစ်ကာ ယင်းနေ့တွင် ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

"လူနာက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားလုံး ကောင်းပါတယ်။ ဟိုမှာ (မလေးရှား) ခွဲစိတ်မူ ခံလာရတော့ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာမှာ နည်းနည်း အားနည်းမှု ရှိပါတယ်" ဟု ဒေါက်တာကျော်ဇင်လင်းက ဆိုသည်။

ဦးထွန်းမော်သိန်း၏ ကျန်းမာရေး စောင့်ရှောက်မူများအတွက် ဧရာဝတီဖောင်ဒေးရှင်းနှင့် အရှင်ဆေကိန္ဒတို့က တာဝန်ယူထားပြီး ဝိတိုရိယဆေးရုံမှလည်း လူနာ၏ ကုန်ကျစရိတ်များကို အတတ်နိုင် ဆုံး လျှော့ပေါ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝိတိုရိယဆေးရုံ၏ Chief Operation Officer Mr. LAL RIN AWMA@LAWRENCEက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာငါးဦး သေ ဆုံးပြီး ခြောက်ဦးမှ ၁၂ ဦးကြား ဒဏ်ရာရရှိခဲ့ကြောင်း အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရှိရသည်။

ရွှေလမင်းအိမ်၊ ဆုမြတ်ပိုင်
The Voice Weekly

Wednesday, June 19, 2013

မလေးရှားနိုင်ငံဆာလာယန်းတွင်အုပ်စုလိုက်ဝင်ရောက်အကြမ်းဖက်ခံခဲ့ရ စဉ်က ရရှိခဲ့သည့် ဒဏ်ရာကြောင့်
ဝိတိုရိယ ဆေးရုံတွင် တက်ရောက် ကုသနေသည့် ဦးထွန်းမော်သိန်းမှာ ဒဏ်ရာ အခြေအနေ စိုးရိမ်စရာ မလို
တော့သဖြင့်တစ်ပတ်အတွင်း ဆေးရုံက ဆင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါဆေးရုံ၏ Clinical & Therapeutic
Director ဒေါက်တာကျော်ဇင်လင်းက The Voice သို့ ပြောကြားသည်။ ၎င်းသည် မေလ၃၁ ရက်နေ့ကဆာလာယန်းတွင်လူအုပ်စုလိုက်အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသဖြင့် ဓားဒဏ်
ရာများရရှိခဲ့ပြီးဇွန်လ ၁၇ ရက်နေ့ က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သူဖြစ်ကာ ယင်းနေ့တွင် ဝိတိုရိ
ယဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

"လူနာက ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာအားလုံး ကောင်းပါတယ်။ဟိုမှာ (မလေးရှား)ခွဲစိတ်မူခံလာရတော့
 ခန္ဓာကိုယ်ပိုင်း ဆိုင်ရာမှာ နည်းနည်း အားနည်းမှု ရှိပါတယ်" ဟု ဒေါက်တာကျော်ဇင်လင်းက ဆိုသည်။

ဦးထွန်းမော်သိန်း၏ကျန်းမာရေး စောင့်ရှောက်မူများအတွက်ဧရာဝတီဖောင်ဒေးရှင်းနှင့်အရှင်ဆေကိန္ဒတို့က
တာဝန်ယူထားပြီးဝိတိုရိယဆေးရုံမှလည်းလူနာ၏ကုန်ကျစရိတ်များကိုအတတ်နိုင်ဆုံး လျှော့ပေါ့ ဆောင်ရွက်
သွားမည်ဖြစ်ကြောင်းဝိတိုရိယဆေးရုံ၏Chief Operation Officer Mr. LAL RIN AWMA@LAWRENCE
က ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာငါးဦး သေ ဆုံးပြီး ခြောက်ဦးမှ ၁၂ ဦးကြား ဒဏ်ရာရရှိခဲ့ကြောင်း အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရှိရသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 19.6.2013

0 comments:

Post a Comment