Pages

Wednesday, June 19, 2013

ဒစ်ဂျစ်တယ်ပြောင်းပြီးနောက် မီတာခ ပိုများလာသဖြင့် သုံးခွတွင် ဆန္ဒပြ

Photo: ဒစ်ဂျစ်တယ်ပြောင်းပြီးနောက် မီတာခ ပိုများလာသဖြင့် သုံးခွတွင် ဆန္ဒပြ
Wednesday, June 19, 2013

ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ် ဆင်မှုကြောင့် မီတာခကျသင့်မှု ပိုမို များပြားလာသည်ဟုဆိုကာ သက်ဆိုင် ရာမှ ခွင့်ပြုချက်ရယူ၍ သုံးခွမြို့သား အချို့ ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီခန့်အထိ ဆန္ဒပြသူများသည် သုံးခွမြို့နယ် ၉ ရပ်ကွက် လမ်းဆုံမှ ဘု ရင့်နောင်အားကစားကွင်း အထိ အောင် ဇေယျလမ်းအတိုင်း လမ်းလျှောက်ဆန္ဒ ပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြသူဦးရေ ၈ဝ ခန့်သည် ဒစ်ဂျစ်တယ်မီတာများ တပ်ဆင်ထား မှုဖြုတ်ချရေး၊ ယခင်မီတာအဟောင်း များပြန်လည်တပ်ဆင်ပေးရေးနှင့် ပွင့် လင်းမြင်သာမှုရှိသော မီတာနှုန်းထား များဖော်ဆောင်ရေး အချက် ၃ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သော အ သက် ၃ဝ ကျော်အရွယ်အမျိုးသား တစ် ဦးက''အဓိကက ဒစ်ဂျစ်တယ် စနစ် ပြောင်းလိုက်မှ မီတာခတွေပိုကျလာလို့ ပါ။ လျှပ်စစ်ဌာနအနေနဲ့လည်းပြည်သူ လူထုကို မီတာကောက်ခံ မှု နှုန်းထား တွေ၊ မူတွေကို ရှင်းရှင်းလင်းလင်း ပြော စေချင်တယ်'' ဟု ပြောသည်။

ယခင် မီတာအဟောင်းတပ်ဆင် စဉ်က တစ်လလျှင် ကျပ်သုံးလေးထောင် သာပုံမှန်ကျသင့်သော်လည်း ဒစ်ဂျစ် တယ်မီတာ ပြောင်းလဲတပ်ဆင်ပြီးနောက် မီတာခကျသင့်ငွေမှာ ကျပ် ခုနစ်ထောင်၊ ရှစ်ထောင်ခန့်ရှိလာခြင်းကြောင့် ဆန္ဒပြ ရခြင်းဖြစ်ကြောင်း
၎င်းက ပြောသည်။သုံးခွမြို့နယ်တွင် ဒစ်ဂျစ်တယ်မီတာစနစ် ကိုဖေဖော်ဝါရီ လမှ စတင်ပြောင်းလဲတပ် ဆင်ခဲ့ခြင်းဖြစ်ပြီး သုံးခွ မြို့ပေါ်ပိုင်းတွင် ရာခိုင်နှုန်းတော်တော် များများပြောင်းလဲ တပ် ဆင်ပြီးဖြစ်ကြောင်း သုံးခွမြို့နယ်လျှပ်စစ် ရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဆန္ဒပြရာတွင် မပါသော ၉ ရပ် ကွက်နေ အိမ်ရှင်မတစ်ဦးက''ဒစ်ဂျစ် တယ်မီတာပြောင်းပြီး မီတာဆောင်ရ တာ ၃ လရှိပြီပေါ့။ ပထမဆုံးလက ပုံ မှန်နှုန်းအတိုင်းပဲ မပြောင်းဘူး။ ၅ဝဝဝ ကျော်ပဲ။ ဒုတိယလမှာ ၈ဝဝဝ ကျော်ဖြစ် သွားတယ်။ တတိယလ ကျတော့၇ဝဝဝ ကျော်ပြန်ဖြစ်လာ ပါတယ်။ လုပ်ငန်းသုံး တွေက ပိုသိသာတယ်ပြောတယ်။ ဆန် စက်တစ်ခုဆိုအရင်တစ်လ ငါး သောင်း ကျတာကနေ အခု တစ်သိန်းလောက်ဖြစ် သွားတယ်ပြောတယ်''ဟု ပြောသည်။

သုံးခွမြို့နယ်တွင် ပါဝါမီတာသုံးစွဲ မှုမှာ အနည်းအကျဉ်းသာရှိပြီး ဆန် စက်လုပ်ငန်းနှင့် တွင်ခုံလုပ်ငန်းများသာ ရှိကြောင်း သိရသည်။ သုံးခွမြို့လျှပ်စစ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက''မီတာရဲ့သဘောတရားအရ ဌာနက ထုတ်ပေးတာတွေကို ပြောင်းလဲ တပ်ဆင်ပေးလိုက်တာပါပဲ။ စမ်းသပ်ပြီး ကောင်းမွန်တာတွေပဲ တပ်ဆင်ပေးထား တာပါ''ဟု ပြောသည်။

လက်ရှိတွင် ဒစ်ဂျစ်တယ် မီတာ ပြောင်း လဲတပ်ဆင်မှုကို ရပ်ဆိုင်း ထား ကြောင်း၊ ထိုကဲ့သို့ ရပ်ဆိုင်းထားခြင်းမှာ ဆန္ဒပြခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ ဒစ် ဂျစ်တယ် မီတာတပ်ဆင်ရန်အတွက် ဓာတ်ကြိုး သွယ်တန်းထားသော သံ တိုင်၊ မီးရထား သံတိုင်နှင့်သစ်သားတိုင်များ ကို ကျောက်တိုင်အဖြစ် ပြောင်း လဲပြီးပါက ဒစ်ဂျစ်တယ်မီတာများ ဆက် လက်တပ်ဆင်သွားမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဝေယံမိုးမြင့်
Popular Myanmar News Journal

Wednesday, June 19, 2013

ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ် ဆင်မှုကြောင့် မီတာခကျသင့်မှု ပိုမို များပြားလာသည်ဟုဆိုကာ သက်ဆိုင် ရာမှ ခွင့်ပြုချက်ရယူ၍ သုံးခွမြို့သား အချို့ ဆန္ဒပြခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီခန့်အထိ ဆန္ဒပြသူများသည် သုံးခွမြို့နယ် ၉ ရပ်ကွက် လမ်းဆုံမှ ဘု ရင့်နောင်အားကစားကွင်း အထိ အောင် ဇေယျလမ်းအတိုင်း လမ်းလျှောက်ဆန္ဒ ပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြသူဦးရေ ၈ဝ ခန့်သည် ဒစ်ဂျစ်တယ်မီတာများ တပ်ဆင်ထား မှုဖြုတ်ချရေး၊ ယခင်မီတာအဟောင်း များပြန်လည်တပ်ဆင်ပေးရေးနှင့် ပွင့် လင်းမြင်သာမှုရှိသော မီတာနှုန်းထား များဖော်ဆောင်ရေး အချက် ၃ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သော အ သက် ၃ဝ ကျော်အရွယ်အမျိုးသား တစ် ဦးက''အဓိကက ဒစ်ဂျစ်တယ် စနစ် ပြောင်းလိုက်မှ မီတာခတွေပိုကျလာလို့ ပါ။ လျှပ်စစ်ဌာနအနေနဲ့လည်းပြည်သူ လူထုကို မီတာကောက်ခံ မှု နှုန်းထား တွေ၊ မူတွေကို ရှင်းရှင်းလင်းလင်း ပြော စေချင်တယ်'' ဟု ပြောသည်။

ယခင် မီတာအဟောင်းတပ်ဆင် စဉ်က တစ်လလျှင် ကျပ်သုံးလေးထောင် သာပုံမှန်ကျသင့်သော်လည်း ဒစ်
ဂျစ် တယ်မီတာ ပြောင်းလဲတပ်ဆင်ပြီးနောက် မီတာခကျသင့်ငွေမှာ ကျပ် ခုနစ်ထောင်၊ ရှစ်ထောင်ခန့်
ရှိလာခြင်းကြောင့် ဆန္ဒပြ ရခြင်းဖြစ်ကြောင်း
၎င်းက ပြောသည်။သုံးခွမြို့နယ်တွင် ဒစ်ဂျစ်တယ်မီတာစနစ် ကိုဖေဖော်ဝါရီ လမှ စတင်ပြောင်းလဲတပ် ဆင်ခဲ့ခြင်းဖြစ်ပြီး သုံးခွ မြို့ပေါ်ပိုင်းတွင် ရာခိုင်နှုန်းတော်တော် များများပြောင်းလဲ တပ် ဆင်ပြီးဖြစ်ကြောင်း သုံးခွမြို့နယ်လျှပ်စစ် ရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဆန္ဒပြရာတွင်မပါသော၉ ရပ်ကွက်နေအိမ်ရှင်မတစ်ဦးက''ဒစ်ဂျစ် တယ်မီတာပြောင်းပြီး မီတာဆောင်ရ တာ
၃ လရှိပြီပေါ့။ပထမဆုံးလကပုံမှန်နှုန်းအတိုင်းပဲမပြောင်းဘူး။၅ဝဝဝ ကျော်ပဲ။ဒုတိယလမှာ ၈ဝဝဝ ကျော်ဖြစ်
သွားတယ်။ တတိယလ ကျတော့၇ဝဝဝ ကျော်ပြန်ဖြစ်လာ ပါတယ်။ လုပ်ငန်းသုံး တွေက ပိုသိသာတယ်ပြော
တယ်။ဆန်စက်တစ်ခုဆိုအရင်တစ်လ ငါး သောင်း ကျတာကနေ အခု တစ်သိန်းလောက်ဖြစ် သွားတယ်ပြော
တယ်''ဟု ပြောသည်။

သုံးခွမြို့နယ်တွင် ပါဝါမီတာသုံးစွဲ မှုမှာ အနည်းအကျဉ်းသာရှိပြီးဆန်စက်လုပ်ငန်းနှင့်တွင်ခုံလုပ်ငန်းများသာ
ရှိကြောင်း သိရသည်။ သုံးခွမြို့လျှပ်စစ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက''မီတာရဲသဘောတရားအရ ဌာနကထုတ်
ပေးတာတွေကို ပြောင်းလဲ တပ်ဆင်ပေးလိုက်တာပါပဲ။ စမ်းသပ်ပြီး ကောင်းမွန်တာတွေပဲ တပ်ဆင်ပေးထား တာပါ''ဟု ပြောသည်။

လက်ရှိတွင် ဒစ်ဂျစ်တယ် မီတာ ပြောင်း လဲတပ်ဆင်မှုကို ရပ်ဆိုင်း ထား ကြောင်း၊ ထိုကဲ့သို့ ရပ်ဆိုင်းထားခြင်း
မှာဆန္ဒပြခြင်းနှင့်သက်ဆိုင်မှုမရှိဘဲဒစ်ဂျစ်တယ် မီတာတပ်ဆင်ရန်အတွက် ဓာတ်ကြိုး သွယ်တန်းထားသော
သံ တိုင်၊ မီးရထားသံတိုင်နှင့်သစ်သားတိုင်များကို ကျောက်တိုင်အဖြစ် ပြောင်း လဲပြီးပါက ဒစ်ဂျစ်တယ်မီတာ
များ ဆက် လက်တပ်ဆင်သွားမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဝေယံမိုးမြင့်
Popular Myanmar News, RangonNewsDaily
kolatt(PBDN): 19.6.2013

0 comments:

Post a Comment