Pages

Wednesday, June 19, 2013

မြန်မာ ယူ-၁၄ အမျိုးသမီး အသင်း ထိုင်းကို (၃-၂)ဖြင့် ကပ်ရှုံး

Photo: မြန်မာ ယူ-၁၄ အမျိုးသမီး အသင်း ထိုင်းကို (၃-၂)ဖြင့် ကပ်ရှုံး
Wednesday, June 19, 2013

AFC U-14 Girls' Regional Championship 2013 အာဆီယံဇုန် အဖွင့်ပွဲစဉ် အဖြစ် မြန်မာနှင့်ထိုင်း ယူ-၁၄ အမျိုးသမီး အသင်းတို့ ယမန်နေ့က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ယှဉ်ပြိုင် ကစားခဲ့ရာ ထိုင်းအသင်းက (၃-၂)ဂိုးဖြင့် အနိုင် ရရှိသွားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ထိုင်းအသင်းက ပွဲချိန်(၇)မိနစ်၌ အဖွင့်ဂိုး စတင် ရရှိခဲ့သော်လည်း တစ်မိနစ် အတွင်းမှာပင် မြန်မာအသင်း အတွက် ကျောနံပါတ် (၉) သင်းသင်းယုက ချေပဂိုး ပြန်သွင်းခဲ့သည်။

ပွဲချိန်(၁၄) မိနစ်တွင် မြန်မာအသင်း နောက်ခံလူ ဇင်ဇင်နိုင် ဘောလုံး ဖျက်ထုတ်ရာမှ အရှိန်လွန်ပြီး ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သဖြင့် ထိုင်းအသင်း တစ်ဂိုး အသာရ သွားပြန်သည်။ ပထမပိုင်း (၃၅)မိနစ် ကုန်ဆုံးကာနီးတွင် မြန်မာအတွက် တိုက်စစ်မှူး သင်းသင်းယု ကပင် ဒုတိယ ချေပဂိုး သွင်းယူနိုင်ခဲ၍ မြန်မာနှင့် ထိုင်းတို့ (၂-၂)ဂိုး သရေကျ နေခဲ့သည်။

ပထမပိုင်းတွင် မြန်မာနှင့် ထိုင်းတို့ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်စစ်ဆင်ရင်း ပွဲမှာ အကြိတ်အနယ် ရှိသကဲ့သို့ ဒုတိယပိုင်းတွင် လည်း အပြန်အလှန်ရှိပြီး ပွဲကောင်း တစ်ပွဲဖြစ်ခဲ့သည်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ပွဲချိန် (၄၁)မိနစ်တွင် ထိုင်းအသင်း တတိယ ဂိုး ရရှိသွားခဲ့သဖြင့် မြန်မာအသင်း ပြန်လည် ချေပရန် ကြိုးပမ်း ခဲ့ရသည်။ ပွဲချိန် ၆၂ မိနစ်တွင် မြန်မာအသင်း အပိုင် ဂိုးသွင်းခွင့် ၂ ကြိမ် ရရှိခဲ့သော်လည်း ကံဆိုးစွာ ဂိုးတိုင်ဖြင့် မိတ်ဆက်ခဲ့ရပြီး ချေပဂိုးနှင့် အနိုင်ဂိုး ရရှိရန် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။ ဒုတိယပိုင်း ပြီးဆုံးသည်အထိ မြန်မာ အမျိုးသမီး အသင်း ဂိုးရရန် ကြိုးစားခဲ့သော်လည်း ထိုင်းနောက်တန်း ကောင်းမွန်ခြင်းနှင့် ဂိုးတိုင်  ထိထွက် ခြင်းများကြောင့် ပွဲအပြီးတွင် (၃-၂)ဂိုးဖြင့် အရေးနိမ့် ခဲ့ရသည်။ AFC U-14 Girls' Regional Championship 2013 ပွဲစဉ်များကို ပထမပိုင်း (၃၅)မိနစ်၊ ဒုတိယပိုင်း (၃၅)မိနစ် စီဖြင့် ကစားခြင်းဖြစ်ပြီး မြန်မာ ယူ-၁၄ အသင်းအနေဖြင့် ဒုတိယမြောက် ပွဲစဉ်အဖြစ် ဇွန်လ(၁၉)ရက် ယနေ့ညနေ (၄း၃၀) နာရီတွင် သောင်နတ်ကွင်း၌ ကမ္ဘောဒီးယား အသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ကမ္ဘောဒီးယား အသင်းကို ရင်ဆိုင်မည့် မြန်မာ ယူ ၁၄ အမျိုးသမီး အသင်း ပွဲထွက်မည့် စာရင်း

ဂိုး - လှသက်နိုင်
နောက်တန်း - စုမြတ်နိုး-သဉ္ဇာချို-အိသိင်္ဂီကျော်-ရွှေမိုးအေး
အလယ်တန်း - ခိုင်သဇင်ဦး-နန်းသီရိ-နှင်းကလျာကို- ယမင်းလွင်
ရှေ့တန်း - သင်းသင်းယု-ခိုင်သဇင်ဖူး

အရန်ကစားသမားများ
မေသဇင်ထွန်း(ဂိုး)-ခိုင်ဝေထူး(နောက်တန်း)၊ဇင်ဇင်နိုင် (နောက်တန်း)၊နွေနိုင်း(အလယ်တန်း)၊မျိုးမျိုးအေး(အလယ်တန်း)ခင်မိုမိုထွန်း(အလယ်တန်း)၊ ဇူလိုင်ကျော်(ရှေ့တန်း)

themff.org

Wednesday, June 19, 2013

AFC U-14 Girls' Regional Championship 2013အာဆီယံဇုန် အဖွင့်ပွဲစဉ်အဖြစ် မြန်မာနှင့်ထိုင်း ယူ-၁၄ အမျိုး
သမီး အသင်းတို့ ယမန်နေ့က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ယှဉ်ပြိုင် ကစားခဲ့ရာ ထိုင်းအသင်းက (၃-၂)
ဂိုးဖြင့် အနိုင် ရရှိသွားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ထိုင်းအသင်းက ပွဲချိန်(၇)မိနစ်၌ အဖွင့်ဂိုး စတင် ရရှိခဲ့သော်
လည်း တစ်မိနစ် အတွင်းမှာပင် မြန်မာအသင်း အတွက် ကျောနံပါတ်(၉)သင်းသင်းယုက ချေပဂိုး ပြန်သွင်းခဲ့
သည်။ ပွဲချိန်(၁၄) မိနစ်တွင် မြန်မာအသင်း နောက်ခံလူ ဇင်ဇင်နိုင် ဘောလုံး ဖျက်ထုတ်ရာမှ အရှိန်လွန်ပြီး ကိုယ့်ဂိုး
ကိုယ်သွင်းမိခဲ့သဖြင့်ထိုင်းအသင်းတစ်ဂိုးအသာရ သွားပြန်သည်။ ပထမပိုင်း (၃၅)မိနစ် ကုန်ဆုံးကာနီးတွင်
 မြန်မာအတွက်တိုက်စစ်မှူးသင်းသင်းယုကပင်ဒုတိယ ချေပဂိုး သွင်းယူနိုင်ခဲ၍ မြန်မာနှင့် ထိုင်းတို့ (၂-၂)ဂိုး 
သရေကျ နေခဲ့သည်။

ပထမပိုင်းတွင် မြန်မာနှင့် ထိုင်းတို့ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်စစ်ဆင်ရင်း ပွဲမှာ အကြိတ်အနယ် ရှိသကဲ့
သို့ ဒုတိယပိုင်းတွင် လည်း အပြန်အလှန်ရှိပြီး ပွဲကောင်း တစ်ပွဲဖြစ်ခဲ့သည်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ပွဲ
ချိန် (၄၁)မိနစ်တွင် ထိုင်းအသင်း တတိယ ဂိုး ရရှိသွားခဲ့သဖြင့် မြန်မာအသင်း ပြန်လည် ချေပရန် ကြိုးပမ်း ခဲ့
ရသည်။ ပွဲချိန် ၆၂ မိနစ်တွင် မြန်မာအသင်း အပိုင် ဂိုးသွင်းခွင့် ၂ ကြိမ် ရရှိခဲ့သော်လည်း ကံဆိုးစွာ ဂိုးတိုင်ဖြင့် မိတ်ဆက်ခဲ့ရပြီး ချေပဂိုးနှင့် အနိုင်ဂိုး ရရှိရန် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။ 
 
ဒုတိယပိုင်း ပြီးဆုံးသည်အထိ မြန်မာ အမျိုးသမီး အသင်း ဂိုးရရန် ကြိုးစားခဲ့သော်လည်း ထိုင်းနောက်တန်း
ကောင်းမွန်ခြင်းနှင့် ဂိုးတိုင် ထိထွက် ခြင်းများကြောင့် ပွဲအပြီးတွင် (၃-၂)ဂိုးဖြင့် အရေးနိမ့် ခဲ့ရသည်။ AFC U
-14 Girls' Regional Championship 2013 ပွဲစဉ်များကို ပထမပိုင်း (၃၅)မိနစ်၊ ဒုတိယပိုင်း (၃၅)မိနစ် စီဖြင့် က
စားခြင်းဖြစ်ပြီး မြန်မာ ယူ-၁၄ အသင်းအနေဖြင့် ဒုတိယမြောက် ပွဲစဉ်အဖြစ် ဇွန်လ(၁၉)ရက် ယနေ့ညနေ (၄း၃၀) နာရီတွင် သောင်နတ်ကွင်း၌ ကမ္ဘောဒီးယား အသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ကမ္ဘောဒီးယား အသင်းကို ရင်ဆိုင်မည့် မြန်မာ ယူ ၁၄ အမျိုးသမီး အသင်း ပွဲထွက်မည့် စာရင်း

ဂိုး - လှသက်နိုင်
နောက်တန်း - စုမြတ်နိုး-သဉ္ဇာချို-အိသိင်္ဂီကျော်-ရွှေမိုးအေး
အလယ်တန်း - ခိုင်သဇင်ဦး-နန်းသီရိ-နှင်းကလျာကို- ယမင်းလွင်
ရှေ့တန်း - သင်းသင်းယု-ခိုင်သဇင်ဖူး

အရန်ကစားသမားများ
မေသဇင်ထွန်း(ဂိုး)-ခိုင်ဝေထူး(နောက်တန်း)၊ဇင်ဇင်နိုင် (နောက်တန်း)၊နွေနိုင်း(အလယ်တန်း)၊မျိုးမျိုးအေး(အလယ်တန်း)ခင်မိုမိုထွန်း(အလယ်တန်း)၊ ဇူလိုင်ကျော်(ရှေ့တန်း)

themff.org , RangonNewsDaily
kolatt(PBDN): 19.6.2013

0 comments:

Post a Comment