Pages

Tuesday, December 3, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်ရေး ပြီးပြည့်စုံသော သယ်ယူပို့ဆောင်ရေးအဖြစ် ပြင်ဆင်ထားပြီးဖြစ်

Photo: (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်ရေး
ပြီးပြည့်စုံသော သယ်ယူပို့ဆောင်ရေးအဖြစ် ပြင်ဆင်ထားပြီးဖြစ်
Tuesday, December 3, 2013

ဆီးဂိမ်းပြိုင်ပွဲအား အချိန်ကိုက်ညီစွာ ရောက်ရှိ ယှဉ်ပြိုင်နိုင်ရေးအတွက် အဓိကအရေးပါသည့် သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ အားကစားပြိုင်ပွဲတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမင်းအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

ကော်မတီအနေဖြင့် အဓိကထား တာဝန်ယူဆောင်ရွက်ပေးမည့် လုပ်ငန်းတာဝန်များကို မေးမြန်းရာမှာ ညွှန်ကြားရေးမှူးက “လုပ်ငန်းတာဝန် သုံးရပ် ချမှတ်ပြီး ဆောင်ရွက်ထားပါတယ်။ ပြိုင်ပွဲကို တရားဝင်လာရောက်ကြမယ့် နိုင်ငံတကာမှ ဖိတ်ကြားထားတဲ့ဧည့်သည်များ၊ ဒိုင်/ဂျူရီအဖွဲ့၊ အားကစားအဖွဲ့များ၊ မီဒီယာနှင့် လေ့လာသူများကို သယ်ယူပို့ဆောင်ပေးပါမယ်။ ဒုတိယအနေနဲ့ ဖွင့်ပွဲ/ပိတ်ပွဲမှာ ပါဝင်တင်ဆက်ကြမယ့် ဖျော်ဖြေရေးအဖွဲ့များကို ပို့ဆောင်ပေးမှာပါ။ တတိယအနေနဲ့ကတော့ ပြိုင်ပွဲတွေကို အားပေးကြမယ့် ပြည်သူတွေ အတွက် သယ်ယူပို့ဆောင်ရေး အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ပဲဖြစ်ပါတယ်”ဟု ရှင်းပြသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲသို့ နိုင်ငံတကာမှ တရားဝင်လာရောက်ကြမည့် ဖိတ်ကြားဧည့်သည်၊ ဒိုင်/ဂျူရီနှင့် အားကစားအဖွဲ့ စုစုပေါင်း ၇၂၀၀ ကျော်နှင့် မီဒီယာလေ့လာသူ ၁၄၀၀ ကျော် စုစုပေါင်း ၈၆၀၀ ကျော် လာရောက်ကြမည် ဖြစ်သည်။ 

ယာဉ်များ စီစဉ်ထားရှိမှုကို ညွှန်ကြားရေးမှူးက “လာရောက်ကြမည့် အဖွဲ့များအတွက် နေပြည်တော်၌ Saloon ၁၃၁ စီး၊ Wagon ၁၉ စီး၊ Micro Bus အစား ၁၁၀၊ City Bus အစီး ၁၀၀၊ Mini Bus ၇၄ စီး စုစုပေါင်း ၄၃၄ စီး စီစဉ်ထားသလို ရန်ကုန်မှာ ၁၂၄ စီး၊ မန္တလေးမှာ ၂၁ စီး၊ ငွေဆောင်မှာ ၂၁ စီး စီစဉ်ထားပါတယ်။ ဖွင့်ပွဲ/ပိတ်ပွဲဖျော်ဖြေရေးမှာ ပါဝင်ကူညီကြသူတွေကိုတော့ တပ်မတော်မှ မော်တော်ယာဉ် အစီး ၂၀၀၊ Micro Bus ၁၀ စီး စီစဉ်ထားပေးပါတယ်။ ထိုယာဉ်တွေအတွက် ယာဉ်မောင်း၊ ယာဉ်အကူ၊ ယာဉ်ပြင်၊ ယာဉ်ကြီးကြပ် စုစုပေါင်း ၁၂၀၅ ဦးကိုလည်း ကျွမ်းကျင်မှုရှိစေရန် စနစ်တကျ သင်တန်းများ ပေးထားပါတယ်”ဟု ဆက်လက် ရှင်းပြသည်။

ပြိုင်ပွဲကြည့်ရှုကြမည့် ပရိသတ်များအတွက် နေပြည်တော်တွင် ဘတ်စ်ကား အစီး ၁၃၀၊ ရန်ကုန်မြို့တွင် ဘတ်စ်ကား အစီး ၁၁၄၀ ၊ မန္တလေးတွင် ဘတ်စ်ကား ၁၃၅ စီး၊ ရန်ကုန်-နေပြည်တော် express အစီး ၁၅၀၊ မန္တလေး-နေပြည်တော် express ၁၄၅ စီး ပြေးဆွဲပေးသွားနိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေးကော်မတီအနေဖြင့် ပြိုင်ပွဲကြီး မကျင်းပမီ ၂ နှစ်ခန့် အလိုကတည်းက အချိန်ယူ ကြိုတင်ပြင်ဆင်ခဲ့ရာ ယခုအချိန်တွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးအား ပို့ဆောင်ရေးဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

The Mirror Daily

RangonNewsDaily:: December . 3 .2013
ဆီးဂိမ်းပြိုင်ပွဲအား အချိန်ကိုက်ညီစွာ ရောက်ရှိ ယှဉ်ပြိုင်နိုင်ရေးအတွက် အဓိကအရေးပါသည့် သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ အားကစားပြိုင်ပွဲတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမင်းအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ ကော်မတီအနေဖြင့် အဓိကထား တာဝန်ယူဆောင်ရွက်ပေးမည့် လုပ်ငန်းတာဝန်များကို မေးမြန်းရာမှာ ညွှန်ကြားရေးမှူးက “လုပ်ငန်းတာဝန် သုံးရပ် ချမှတ်ပြီး ဆောင်ရွက်ထားပါတယ်။ ပြိုင်ပွဲကို တရားဝင်လာရောက်ကြမယ့် နိုင်ငံတကာမှ ဖိတ်ကြားထားတဲ့ဧည့်သည်များ၊ ဒိုင်/ဂျူရီအဖွဲ့၊ အားကစားအဖွဲ့များ၊ မီဒီယာနှင့် လေ့လာသူများကို သယ်ယူပို့ဆောင်ပေးပါမယ်။ 
 
ဒုတိယအနေနဲ့ ဖွင့်ပွဲ/ပိတ်ပွဲမှာ ပါဝင်တင်ဆက်ကြမယ့် ဖျော်ဖြေရေးအဖွဲ့များကို ပို့ဆောင်ပေးမှာပါ။ တတိယအနေနဲ့ကတော့ ပြိုင်ပွဲတွေကို အားပေးကြမယ့် ပြည်သူတွေ အတွက် သယ်ယူပို့ဆောင်ရေး အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ပဲဖြစ်ပါတယ်”ဟု ရှင်းပြသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲသို့ နိုင်ငံတကာမှ တရားဝင်လာရောက်ကြမည့် ဖိတ်ကြားဧည့်သည်၊ ဒိုင်/ဂျူရီနှင့် အားကစားအဖွဲ့ စုစုပေါင်း ၇၂၀၀ ကျော်နှင့် မီဒီယာလေ့လာသူ ၁၄၀၀ ကျော် စုစုပေါင်း ၈၆၀၀ ကျော် လာရောက်ကြမည် ဖြစ်သည်။

ယာဉ်များ စီစဉ်ထားရှိမှုကို ညွှန်ကြားရေးမှူးက “လာရောက်ကြမည့် အဖွဲ့များအတွက် နေပြည်တော်၌ Saloon ၁၃၁ စီး၊ Wagon ၁၉ စီး၊ Micro Bus အစား ၁၁၀၊ City Bus အစီး ၁၀၀၊ Mini Bus ၇၄ စီး စုစုပေါင်း ၄၃၄ စီး စီစဉ်ထားသလို ရန်ကုန်မှာ ၁၂၄ စီး၊ မန္တလေးမှာ ၂၁ စီး၊ ငွေဆောင်မှာ ၂၁ စီး စီစဉ်ထားပါတယ်။ ဖွင့်ပွဲ/ပိတ်ပွဲဖျော်ဖြေရေးမှာ ပါဝင်ကူညီကြသူတွေကိုတော့ တပ်မတော်မှ မော်တော်ယာဉ် အစီး ၂၀၀၊ Micro Bus ၁၀ စီး စီစဉ်ထားပေးပါတယ်။ 
 
ထိုယာဉ်တွေအတွက် ယာဉ်မောင်း၊ ယာဉ်အကူ၊ ယာဉ်ပြင်၊ ယာဉ်ကြီးကြပ် စုစုပေါင်း ၁၂၀၅ ဦးကိုလည်း ကျွမ်းကျင်မှုရှိစေရန် စနစ်တကျ သင်တန်းများ ပေးထားပါတယ်”ဟု ဆက်လက် ရှင်းပြသည်။

ပြိုင်ပွဲကြည့်ရှုကြမည့် ပရိသတ်များအတွက် နေပြည်တော်တွင် ဘတ်စ်ကား အစီး ၁၃၀၊ ရန်ကုန်မြို့တွင် ဘတ်စ်ကား အစီး ၁၁၄၀ ၊ မန္တလေးတွင် ဘတ်စ်ကား ၁၃၅ စီး၊ ရန်ကုန်-နေပြည်တော် express အစီး ၁၅၀၊ မန္တလေး-နေပြည်တော် express ၁၄၅ စီး ပြေးဆွဲပေးသွားနိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေးကော်မတီအနေဖြင့် ပြိုင်ပွဲကြီး မကျင်းပမီ ၂ နှစ်ခန့် အလိုကတည်းက အချိန်ယူ ကြိုတင်ပြင်ဆင်ခဲ့ရာ ယခုအချိန်တွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးအား ပို့ဆောင်ရေးဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

The Mirror Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment