Pages

Tuesday, December 3, 2013

နော်ဝေအခြေစိုက်ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီးရွက်လှေ သင်္ဘော ရန်ကုန်မြို့နန်းသီတာဆိပ်ကမ်းသို့ဆိုက်ရောက်

Photo: နော်ဝေအခြေစိုက်ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီးရွက်လှေ
သင်္ဘော ရန်ကုန်မြို့နန်းသီတာဆိပ်ကမ်းသို့ဆိုက်ရောက်
Tuesday, December 3, 2013

နော်ဝေနိုင်ငံ အခြေစိုက် Sea Dream Yacht Club မှ 
M.Y.Sea Dream II စက်တပ် ရွက်သင်္ဘော သည် ထိုင်းနိုင်ငံ ဆီမင်လန်ကျွန်း မှတစ်ဆင့် ကော့သောင်းမြို့သို့ ရောက်ရှိပြီး
ထိုမှတစ်ဆင့် ယနေ့ မွန်းလွဲ ၂နာရီတွင် ရန်ကုန်မြို့နန်းသီ တာဆိပ်ကမ်းသို့ရောက်ရှိခဲ့ကြောင်း Myanmar Voyages 
International Tourism Co.,Ltd မှ အုပ် ချုပ်မှုဒါရိုက်တာ
ဦးသက်လွင်တိုး က ပြောသည်။

သင်္ဘောပေါ်တွင် လိုက်ပါလာ သောကမ္ဘာလှည့်ခရီးသည်များသည်
ကော့သောင်းမြို့ မြိတ်ကျွန်းစုရှိ ၁၁၅မိုင်ကျွန်း၊ ညောင်ဝှီးကျွန်းအနီး ပင်လယ်ပြင်တွင် ရေငုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဆလုံလူမျိုးများ၏ လူမှုဘဝများကို လေ့လာခဲ့ကြောင်း ၄င်းကပြောသည်။
အဆိုပါသင်္ဘောပေါ်တွင် ခရီး သည် ၈၈ဦးနှင့် မြန်မာလူမျိုးနှစ်ဦး ပါဝင်လာခဲ့ကြောင်း သိရသည်။

''တစ်ရက်ကို ဒေါ်လာ ၄ဝဝ ဝန်းကျင်ရှိတယ်။ သင်္ဘောပေါ်မှာ ထမင်းခြောက်နပ် ကျွေးတယ်''ဟု ဦးသက်လွင်တိုးက ပြောသည်။
ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံ စေတီနှင့် ရန်ကုန်မြို့၌ နေ့တစ် ပိုင်းလည်ပတ်ခြင်းပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ၃ရက်တွင်ပုဂံသို့လေ
ယာဉ် ဖြင့်တစ်ညအိပ်ခရီးစဉ်သွားရောက် မည်ဖြစ်သည်။

ယင်းသင်္ဘောသည် ဒီဇင်ဘာ ၄ရက်တွင် ထိုင်းနိုင်ငံ ကိုးလန် ဆိပ်ကမ်းမြို့သို့ထွက်ခွာမည်ဖြစ် ကြောင်းသိရသည်။ ထို့ပြင် ယင်း သင်္ဘောသည်ဒုတိယအကြိမ် ထိုင်း နိုင်ငံ ဆီမင်လန်ကျွန်းမှ တစ်ဆင့် ကော့သောင်းမြို့သို့ဒီဇင်ဘာ၁၁ရက် တွင် ၁၁၅ မိုင်ကျွန်းနှင့် ညောင်ဝှီး ကျွန်းအနီးတစ်ဝိုက်ထပ်မံရောက် ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက် တွင်ရန်ကုန်မြို့ နန်းသီတာဆိပ်ကမ်း ၌ ပြန်လည်ဆိုက်ကပ်မည် ဖြစ် သည်။ ထို့နောက် ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။

''သူတို့ကမြန်မာပြည်ကို လာ လည်တာ အရမ်းစိတ်ဝင်စားလာ တယ်။ အရင်ကဆိုရင်သင်္ဘောပေါ် ကနေ အောက်ကိုမဆင်းရဲကြဘူး။ အခုက နန်းသီတာဆိပ်ကမ်းမှာ ကပ်လို့မြို့ထဲကို လည်ပတ်ကြ တယ်။ Adventure Trip ကို ပိုပြီးစိတ်ဝင်စားကြတယ်''ဟု ၄င်းကပြောသည်။ ယခုလ၁၅ရက် တွင်လည်း ကမ္ဘာလှည့်ခရီးသည် ၇ဝဝ ကျော်လိုက်ပါလာမည့် အပျော်စီးသင်္ဘောသည် ရန်ကုန်မြို့ သို့ ဆိုက်ရောက်မည်ဖြစ်သည်။

မော်ကျွန်းသူ 
The Union Daily

RangonNewsDaily:: December . 3 .2013
နော်ဝေနိုင်ငံ အခြေစိုက် Sea Dream Yacht Club မှ M.Y.Sea Dream IIစက်တပ်ရွက်သင်္ဘောသည် ထိုင်းနိုင်
ငံ ဆီမင်လန်ကျွန်း မှတစ်ဆင့် ကော့သောင်းမြို့သို့ ရောက်ရှိပြီးထိုမှတစ်ဆင့် ယနေ့ မွန်းလွဲ ၂နာရီတွင် ရန်ကုန်မြို့နန်းသီ တာဆိပ်ကမ်းသို့ရောက်ရှိခဲ့ကြောင်း Myanmar Voyages International Tourism Co.,Ltd မှ အုပ် ချုပ်မှုဒါရိုက်တာဦးသက်လွင်တိုး က ပြောသည်။

သင်္ဘောပေါ်တွင် လိုက်ပါလာ သောကမ္ဘာလှည့်ခရီးသည်များသည်ကော့သောင်းမြို့ မြိတ်ကျွန်းစုရှိ ၁၁၅မိုင်
ကျွန်း၊ ညောင်ဝှီးကျွန်းအနီး ပင်လယ်ပြင်တွင် ရေငုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဆလုံလူမျိုးများ၏ လူမှုဘဝများ
ကို လေ့လာခဲ့ကြောင်း ၄င်းကပြောသည်။

အဆိုပါသင်္ဘောပေါ်တွင် ခရီး သည် ၈၈ဦးနှင့် မြန်မာလူမျိုးနှစ်ဦး ပါဝင်လာခဲ့ကြောင်း သိရသည်။

''တစ်ရက်ကို ဒေါ်လာ ၄ဝဝ ဝန်းကျင်ရှိတယ်။ သင်္ဘောပေါ်မှာ ထမင်းခြောက်နပ် ကျွေးတယ်''ဟုဦးသက်လွင်
တိုးက ပြောသည်။ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံ စေတီနှင့် ရန်ကုန်မြို့၌ နေ့တစ် ပိုင်းလည်ပတ်ခြင်းပြုလုပ်ခဲ့
သည်။ ဒီဇင်ဘာ၃ရက်တွင်ပုဂံသို့လေယာဉ် ဖြင့်တစ်ညအိပ်ခရီးစဉ်သွားရောက် မည်ဖြစ်သည်။

ယင်းသင်္ဘောသည် ဒီဇင်ဘာ ၄ရက်တွင် ထိုင်းနိုင်ငံ ကိုးလန် ဆိပ်ကမ်းမြို့သို့ထွက်ခွာမည်ဖြစ် ကြောင်းသိ
ရသည်။ 
 
ထို့ပြင် ယင်း သင်္ဘောသည်ဒုတိယအကြိမ် ထိုင်း နိုင်ငံ ဆီမင်လန်ကျွန်းမှ တစ်ဆင့် ကော့သောင်းမြို့သို့ဒီဇင်
ဘာ၁၁ရက် တွင် ၁၁၅ မိုင်ကျွန်းနှင့် ညောင်ဝှီး ကျွန်းအနီးတစ်ဝိုက်ထပ်မံရောက် ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက် တွင်ရန်ကုန်မြို့ နန်းသီတာဆိပ်ကမ်း ၌ ပြန်လည်ဆိုက်ကပ်မည် ဖြစ် သည်။ ထို့နောက် ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။

''သူတို့ကမြန်မာပြည်ကို လာ လည်တာ အရမ်းစိတ်ဝင်စားလာ တယ်။ အရင်ကဆိုရင်သင်္ဘောပေါ် ကနေ
အောက်ကိုမဆင်းရဲကြဘူး။ အခုက နန်းသီတာဆိပ်ကမ်းမှာ ကပ်လို့မြို့ထဲကို လည်ပတ်ကြ တယ်။ Adventure Trip ကို ပိုပြီးစိတ်ဝင်စားကြတယ်''ဟု ၄င်းကပြောသည်။ ယခုလ၁၅ရက် တွင်လည်း ကမ္ဘာလှည့်ခရီးသည် ၇ဝဝ ကျော်လိုက်ပါလာမည့် အပျော်စီးသင်္ဘောသည် ရန်ကုန်မြို့ သို့ ဆိုက်ရောက်မည်ဖြစ်သည်။

မော်ကျွန်းသူ
The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment