Pages

Tuesday, December 3, 2013

ကျောက်မိုင်းကြောင့် ကျိုက်ထီးရိုးဓာတ်ပေါင်းစုစေတီပြိုကျပျက်စီးသွားမည် ကိုစိုးရိမ်ကြောင်းဒေသခံ များဆို

RangonNewsDaily:: December . 3 .2013
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရှိ ကျိုက်ထီးရိုး
ဓာတ်ပေါင်းစုစေတီ တော်အနီးတွင် ပုဂ္ဂလိကလုပ်ငန်း ရှင်တစ်ဦးက တောင်များကို ယမ်း ဖြင့်ဖောက်ခွဲ၍ ကျောက်များထုတ် ယူနေခြင်းကြောင့် စေတီတော် ပြိုကျပျက်စီးသွားမည်ကို စိုးရိမ်နေ ရကြောင်း ကင်ပွန်းချောင်းကျေးရွာ နေ ဒေသခံများကပြောသည်။
အဆိုပါ ကျိုက်ထီးရိုး ဓာတ် ပေါင်းစုစေတီတော်၏ အောက်ခြေ ပေ ၁၂ဝဝခန့်တွင်ပုဂ္ဂလိကလုပ်ငန်း ရှင်တစ်ဦးက တောင်များကို ယမ်း ဖြင့်ဖောက်ခွဲ၍ ကျောက်များထုတ် ယူရာတွင်
မြေကြီးများတုန်ခါသွား ခြင်း၊

 ကျောက်စများ အနီးရှိရွာများ ကို စင်ခြင်းတို့ရှိပြီး ယင်းတုန်ခါမှု ကြောင့် သမိုင်းဝင်ကျိုက်ထီးရိုး ဓာတ်ပေါင်းစုစေတီ ပြိုကျပျက်စီး သွားမည်ကို စိုးရိမ်နေရကြောင်း၊ တောင်များတွင် ရာသီဥတုဒဏ် ကြောင့် အက်ကွဲကြောင်းများ ရှိနေ ခြင်းကြောင့် အချိန်မရွေးပြိုကျနိုင် ကြောင်း မီဒီယာများသို့ပြောသည်။
::
''ဒီကျိုက်ထီးရိုးဓာတ်ပေါင်းစု စေတီတော်ကြီးက သမိုင်းဝင် ကျိုက်ထီးရိုးစေတီတော်ကြီးနဲ့အတူ တူတည်ထားခဲ့တာ။ တောင်တွေမှာ အက်ကြောင်းကြီးတွေရှိတယ်။ အဲ့ဒီ အက်ကြောင်းကြီးတွေကဆယ့်လေး ငါးပေလောက် ဟနေတာတွေရှိ တယ်။ ဒီကျောက်မိုင်းရဲ့ တုန်ခါမှု ကြောင့်ဒီဓာတ်ပေါင်းစုစေတီပြိုကျ သွားနိုင်တယ်။

ဒီတောင်တွေပြိုရင် အောက်က ကျေးရွာတွေအတွက် လည်း စိုးရိမ်ရတယ်''ဟု ကင်ပွန်း ချောင်းကျေးရွာနေ ဒေသခံတစ်ဦး က ပြည်ထောင်စုနေ့စဉ်သို့ ပြော သည်။
::
¤င်းကျောက်မိုင်းများကိုယခင် က လက်ဖြင့်တူးဖော်ခဲ့ပြီး ယခုကဲ့ သို့ ယမ်းများဖြင့် ဖောက်ခွဲခဲ့သည် မှာ တစ်နှစ်ခန့်သာရှိသေးကြောင်း၊

ယခင် ၁၉၉၇ ခုနှစ်တွင် တောင်ပြို ကျမှု တစ်ကြိမ်ဖြစ်ခဲ့ပြီး ဆောင်နိုင် ကြီးရွာ တစ်ရွာလုံးပျောက်ဆုံးခဲ့ပြီး ဒုတိယအကြိမ်ထပ်မံ ဖြစ်ပွားမည် ကို စိုးရိမ်နေရကြောင်း ၄င်းတို့က ပြောသည်။
::
''အရင်တုန်းကလည်း တောင် ပြိုလို့ ဆောင်နိုင်ကြီးရွာ တစ်ရွာ လုံး ပျောက်ဆုံးသွားခဲ့ရပြီးပြီ။ လူ ၃ဝ၊၄ဝလောက် မြေပိပြီး သေကုန် ကြတယ်''ဟု ကင်ပွန်းချောင်း ကျေးရွာနေ ဦးမြင့်စိုးကပြောသည်။
၎င်းကျောက်မိုင်းသည် သက် ဆိုင်ရာအုပ်ချုပ်ရေးမှူးထံသို့ အသိ ပေးအကြောင်းကြားခြင်းမရှိကြောင်း၊

အကယ်၍ ဒေသခံများကို ထိခိုက် မှု တစ်စုံတစ်ရာရှိလာပါက သက် ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြပေးသွား မည်ဖြစ်ကြောင်း ကင်ပွန်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော် သူရလှိုင်ကပြောသည်။

The Union Daily::-- , kolatt(PBDN)
RangonNewsDaily



0 comments:

Post a Comment