Pages

Tuesday, December 3, 2013

ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် ချထားသော မီးသတ်တပ်ဖွဲ့ဝင်များ အဖမ်းကြမ်းဟုဆို

Photo: ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် ချထားသော 
မီးသတ်တပ်ဖွဲ့ဝင်များ အဖမ်းကြမ်းဟုဆို
Tuesday, December 3, 2013

နောင်ချိုမြို့နယ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း
စစ်ဆေးမှုပြုလုပ်ရာတွင် ပါဝင်သော မီးသတ် တပ်ဖွဲ့ဝင်များ၏ 
ဖမ်းဆီးပုံမှာ ကြမ်းတမ်းကြောင်း နောင်ချိုဒေသခံများမှပြောကြားသည်။ 

ယင်းသို့ဖမ်းဆီးမှု ကြမ်းတမ်းသဖြင့် ဆိုင်ကယ်မောင်းသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့အကြား မကြာခဏ ပဋိပက္ခ ဖြစ်ရကြောင်း 
aနာင်ချိုဒေသခံများထံမှ သိရှိရသည်။

''သူတို့က ဦးထုပ်မဆောင်းတဲ့သူကို ဖမ်းတာ ဓါးပြတိုက်သလိုပဲ 
အတင်းဆွဲပြီး တားတော့ ဆိုင်ကယ်မှောက် တာမျိုးတွေရှိတယ် 
တစ်ချို့က ဒါကို ဓါတ်ပုံရိုက်လို့ ဓါတ်ပုံရိုက်တဲ့သူကို မီးသတ်တပ်ဖွဲ့ဝင်တွေက ပြဿနာရှာတာမျိုး လည်းရှိတယ်'' ဟု နောင်ချိုမြို့ဒေသခံ ဦးစိုးလွင်မှပြောသည်။ 

ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းမှု ပြုလုပ်ရာတွင်လည်း ပုံမှန်ပြုလုပ်လေ့မရှိဘဲ တစ်ခါတစ်ရံ တစ်ပတ်လျှင်တစ်ကြိမ် နှစ်ပတ်လျှင်
တစ်ကြိမ်သာ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများမှ ပြောသည်။

'' သူတို့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို ထိရောက်အောင် လုပ်တာမဟုတ်ပါဘူး ဦးထုပ်မဆောင်းတာနဲ့ ဖမ်းတယ် ဒဏ်ငွေ (၁၂၀၀၀)ရိုက်တယ် လူတိုင်းဖြစ်စေချင်နေတာက စီမံချက်မှာဦးထုပ်တွေ ထားထားပေးပြီးတော့ ဦးထုပ်မဆောင်းတဲ့သူကို ဒဏ်ငွေ(၅၀၀၀)ရိုက်ပြီး ဦးထုပ်ပေးတာမျိုးဆိုရင် ပိုပြီးတော့ သဘာဝကျတာပေါ့ ဒီလိုမျိုး 
ပုံမှန်လုပ်ရင် လူတိုင်းဦးထုပ်ဆောင်းလာကြမှာဘဲ'' ဟု နောင်ချိုမြို့ ဒေသခံများမှ ပြောကြသည်။

အဆိုပါကိစ္စအတွက် နောင်ချိုမြို့ ယာဉ်ထိန်းအဖွဲ့အား တွေ့ဆုံ
aမးမြန်းရာတွင် ၄င်းတို့အနေဖြင့် ယာဉ် ထိန်းအင်အား နည်းသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား အသုံးပြုနေရခြင်း ဖြစ်ကြောင်း ထိုကဲ့သို့ ဆိုင်ကယ်များ အားကြမ်းတမ်းစွာ ဖမ်းဆီးမှု မပြုလုပ်ရန်တားမြစ်
ထားပါကြောင်း ကောက်ခံသော ဒဏ်ကြေးငွေမှာလည်း ပြည်နယ်မှ သတ်မှတ်ပေးထားခြင်းဖြစ်ပါကြောင်း ရရှိငွေကြေးများအား မြို့နယ် အထောက်အကူပြုကော်မတီမှတဆင့် မြို့ဖွံ့ဖြိုးတိုင်းတက်ရေး လုပ်ငန်းများတွင် ပြန်လည်အသုံးပြုခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြန်လည်ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age

RangonNewsDaily:: December . 3 .2013
နောင်ချိုမြို့နယ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း စစ်ဆေးမှုပြုလုပ်ရာတွင် ပါဝင်သော မီး
သတ် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးပုံမှာ ကြမ်းတမ်းကြောင်း နောင်ချိုဒေသခံများမှပြောကြားသည်။ ယင်းသို့ဖမ်းဆီးမှု ကြမ်းတမ်းသဖြင့် ဆိုင်ကယ်မောင်းသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့အကြား မကြာခဏ ပဋိ
ပက္ခ ဖြစ်ရကြောင်း နောင်ချိုဒေသခံများထံမှ သိရှိရသည်။

''သူတို့က ဦးထုပ်မဆောင်းတဲ့သူကို ဖမ်းတာ ဓါးပြတိုက်သလိုပဲ အတင်းဆွဲပြီး တားတော့ ဆိုင်ကယ်မှောက် 
တာမျိုးတွေရှိတယ် တစ်ချို့က ဒါကို ဓါတ်ပုံရိုက်လို့ ဓါတ်ပုံရိုက်တဲ့သူကို မီးသတ်တပ်ဖွဲ့ဝင်တွေက ပြဿနာရှာတာ
မျိုး လည်းရှိတယ်'' ဟု နောင်ချိုမြို့ဒေသခံ ဦးစိုးလွင်မှပြောသည်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းမှု ပြုလုပ်ရာတွင်လည်း ပုံမှန်ပြုလုပ်လေ့မရှိဘဲ တစ်ခါတစ်ရံ တစ်
ပတ်လျှင်တစ်ကြိမ် နှစ်ပတ်လျှင်တစ်ကြိမ်သာ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများမှ ပြောသည်။

'' သူတို့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို ထိရောက်အောင် လုပ်တာမဟုတ်ပါဘူး ဦးထုပ်မဆောင်းတာ
နဲ့ ဖမ်းတယ် ဒဏ်ငွေ (၁၂၀၀၀)ရိုက်တယ် လူတိုင်းဖြစ်စေချင်နေတာက စီမံချက်မှာဦးထုပ်တွေ ထားထားပေး
ပြီးတော့ဦးထုပ်မဆောင်းတဲ့သူကိုဒဏ်ငွေ(၅၀၀၀)ရိုက်ပြီးဦးထုပ်ပေးတာမျိုးဆိုရင် ပိုပြီးတော့ သဘာဝကျတာ
ပေါ့ ဒီလိုမျိုး ပုံမှန်လုပ်ရင် လူတိုင်းဦးထုပ်ဆောင်းလာကြမှာဘဲ'' ဟု နောင်ချိုမြို့ ဒေသခံများမှ ပြောကြသည်။

အဆိုပါကိစ္စအတွက် နောင်ချိုမြို့ ယာဉ်ထိန်းအဖွဲ့အား တွေ့ဆုံမေးမြန်းရာတွင် ၄င်းတို့အနေဖြင့် ယာဉ် ထိန်း
အင်အား နည်းသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား အသုံးပြုနေရခြင်း ဖြစ်ကြောင်း ထိုကဲ့သို့ ဆိုင်ကယ်
များအားကြမ်းတမ်းစွာဖမ်းဆီးမှုမပြုလုပ်ရန်တားမြစ်ထားပါကြောင်း ကောက်ခံသောဒဏ်ကြေးငွေမှာလည်း
ပြည်နယ်မှ သတ်မှတ်ပေးထားခြင်းဖြစ်ပါကြောင်း ရရှိငွေကြေးများအား မြို့နယ် အထောက်အကူပြုကော်မတီ
မှတဆင့် မြို့ဖွံ့ဖြိုးတိုင်းတက်ရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုခြင်းဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးမှ ပြန်
လည်ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment