Pages

Tuesday, December 3, 2013

၁၃ဝဝပြည့်အရေးတော်ပုံစိန်ရတုအောင်မြင်စွာကျင်းပနိုင်ရန်ကြိုးပမ်း

Photo: ၁၃ဝဝပြည့်အရေးတော်ပုံစိန်ရတုအောင်မြင်စွာကျင်းပနိုင်ရန်ကြိုးပမ်း
Tuesday, December 3, 2013

ယခုလ ၁၁ ရက်တွင် ချောက် မြို့၌ကျင်းပမည့် ၁၃ဝဝပြည့်ရေနံမြေ အရေးတော်ပုံ(၇၅)နှစ်ပြည့်စိန်ရတု အခမ်းအနားကို အခက်အခဲများရှိ နေသည့်ကြားမှအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း လျက်ရှိကြောင်း ပွဲကျင်းပရေးကော် မတီဥက္ကဋ္ဌဦးညိုသွေးကပြောသည်။

၁၃ဝဝ ပြည့်အရေးတော်ပုံ ဟု လူအများကသိရှိကြသော ၁၉၃၈ ဒီဇင်ဘာ ၁၁ ရက်တွင် ချောက် ရေနံမြေမှစတင်၍ မိုင်ပေါင်း ၄ဝဝ ကျော်ကွာဝေးသော ရန်ကုန်မြို့သို့ ချီတက်၍ရေနံမြေအလုပ်သမားများ ၏အလုပ်သမားအခွင့်အရေးအတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သော အာဠာဝကသခင် ဖိုးလှကြီးအပါအဝင် ၁၃ဝဝ ပြည့် အရေးတော်ပုံ၏ သမိုင်းအကြောင်း အရာများကိုယနေ့ခေတ်လူငယ်များ သိရှိအောင်ဖော်ထုတ်ပြုလုပ်သည့် စိန်ရတုအခမ်းအနားအောင်မြင်ရေး ဆောင်ရွက်ရာတွင်ဘဏ္ဍာရေးအခက် အခဲများ၊ယခင်အရိပ်ဆိုးများကြောင့် လူထု၏ပါဝင်မှုအားနည်းခြင်းများ၊ စိန်ရတုအခမ်းအနားအထိမ်းအမှတ် အဖြစ်သခင်ဖိုးလှကြီး၏ ပုံတူကြေး ရုပ်တုသွန်းလုပ်ရာတွင် ခွင့်ပြုချက် တောင်းခံရာ၌ အခက်အခဲများ ရှိခဲ့ ခြင်း၊ ပွဲကျင်းပခွင့်ကို နိုဝင်ဘာလ အတွင်းမှရရှိခဲ့ခြင်း စသည်ဖြင့် အခက်အခဲများစွာရှိခဲ့ကြောင်း ၄င်းကပြောသည်။
''သမိုင်းကို ဖော်ထုတ်ချင်တာ ပါ။ လူငယ်တွေကို မျှဝေချင်တာ ပါ။ ရေနံမြေအလုပ်သမားတွေ အတွက် ရှေ့ဆုံးကတိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုတစ်ခုအနေ နဲ့ပါဝင်ခဲ့ခြင်းကို ပြချင်တာပါ''ဟု ၄င်းကပြောသည်။

ယင်းအခမ်းအနားအတွက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက နိုဝင်ဘာ ၁၉ ရက် တွင်မကွေးမြို့၌ပြုလုပ်သော လူထု တွေ့ဆုံပွဲတွင် ငွေကျပ် ၁၅ သိန်း လှူဒါန်းခဲ့ပြီး ဇေကမ္ဘာဦးခင်ရွှေက သခင်ဖိုးလှကြီး၏အမျိုးတော်စပ်သူ ၃၂ ဦးကိုထောက်ပံ့ရန် တစ်ဦးလျှင် သုံးသိန်းစီဖြင့်လှူဒါန်းငွေကျပ် ၉၆ သိန်းကို နိုဝင်ဘာလအတွင်းရရှိခဲ့ ပြီး လက်ရှိအချိန်တွင် စုစုပေါင်း အလှူငွေမှာ ကျပ် ၁၄၃သိန်းကျော် ရရှိခဲ့ပြီးဖြစ်ကြောင်း ဘဏ္ဍာရေးမှူး ဦးရဲညွန့်ကပြောသည်။
လက်ရှိအချိန်တွင်ကြေးပိဿာ ချိန် ၂၁ဝ ပိဿာရှိ သခင်ဖိုးလှကြီး ပုံတူကြေးရုပ်ကို ၁၃ဝဝပြည့်အရေး တော်ပုံစိန်ရတုအခမ်းအနားအထိမ်း အမှတ်အဖြစ်ထားရှိရန် ယမန်နေ့ တွင် မန္တလေးမြို့မှ ချောက်မြို့နယ် သို့ သယ်ဆောင်လာခဲ့ပြီးဖြစ်၍ အခမ်းအနားအောင်မြင်ရေးအတွက်
ချောက်မြို့မှအဖွဲ့အစည်းပေါင်းစုံ များ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်း
ဆောင်ရွက်လျက်ရှိကြောင်း ၄င်းက ပြောသည်။

အဆိုပါ စိန်ရတုအခမ်းအနား သို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရိုင်အသီးသီးမှ တာဝန်ရှိသူများကို ဖိတ်ကြားထား ပြီး အရေးတော်ပုံစတင်ခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်တွင် ချောက်မြို့ ၌ ပြုလုပ်သွားမည်ဖြစ်သည်။

မိုးမြင့်
The Union Daily

RangonNewsDaily:: December . 3 .2013
ယခုလ ၁၁ ရက်တွင် ချောက် မြို့၌ကျင်းပမည့် ၁၃ဝဝပြည့်ရေနံမြေ အရေးတော်ပုံ(၇၅)နှစ်ပြည့်စိန်ရတု အ
ခမ်းအနားကို အခက်အခဲများရှိ နေသည့်ကြားမှအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း လျက်
ရှိကြောင်း ပွဲကျင်းပရေးကော် မတီဥက္ကဋ္ဌဦးညိုသွေးကပြောသည်။ ၁၃ဝဝ ပြည့်အရေးတော်ပုံ ဟု လူအများကသိရှိကြသော ၁၉၃၈ ဒီဇင်ဘာ ၁၁ ရက်တွင် ချောက် ရေနံမြေမှ
စတင်၍ မိုင်ပေါင်း ၄ဝဝ ကျော်ကွာဝေးသော ရန်ကုန်မြို့သို့ ချီတက်၍ရေနံမြေအလုပ်သမားများ ၏အလုပ်သ
မားအခွင့်အရေးအတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကိုဦးဆောင်ခဲ့သော အာဠာဝကသခင် ဖိုးလှကြီးအပါ
အဝင် ၁၃ဝဝ ပြည့် အရေးတော်ပုံ၏ သမိုင်းအကြောင်း အရာများကိုယနေ့ခေတ်လူငယ်များ သိရှိအောင်ဖော်
ထုတ်ပြုလုပ်သည့် စိန်ရတုအခမ်းအနားအောင်မြင်ရေး ဆောင်ရွက်ရာတွင်ဘဏ္ဍာရေးအခက် အခဲများ၊ယခင်
အရိပ်ဆိုးများကြောင့် လူထု၏ပါဝင်မှုအားနည်းခြင်းများ၊ 
 
စိန်ရတုအခမ်းအနားအထိမ်းအမှတ် အဖြစ်သခင်ဖိုးလှကြီး၏ ပုံတူကြေး ရုပ်တုသွန်းလုပ်ရာတွင် ခွင့်ပြုချက် 
တောင်းခံရာ၌ အခက်အခဲများ ရှိခဲ့ ခြင်း၊ ပွဲကျင်းပခွင့်ကို နိုဝင်ဘာလ အတွင်းမှရရှိခဲ့ခြင်း စသည်ဖြင့် အခက်
အခဲများစွာရှိခဲ့ကြောင်း ၄င်းကပြောသည်။

''သမိုင်းကို ဖော်ထုတ်ချင်တာ ပါ။ လူငယ်တွေကို မျှဝေချင်တာ ပါ။ ရေနံမြေအလုပ်သမားတွေ အတွက် ရှေ့
ဆုံးကတိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုတစ်ခုအနေ နဲ့ပါဝင်ခဲ့ခြင်းကို ပြချင်တာပါ''ဟု ၄င်းကပြောသည်။

ယင်းအခမ်းအနားအတွက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက
 နိုဝင်ဘာ၁၉ ရက်တွင်မကွေးမြို့၌ပြုလုပ်သောလူထု တွေ့ဆုံပွဲတွင် ငွေကျပ် ၁၅ သိန်း လှူဒါန်းခဲ့ပြီး ဇေကမ္ဘာ
ဦးခင်ရွှေက သခင်ဖိုးလှကြီး၏အမျိုးတော်စပ်သူ ၃၂ ဦးကိုထောက်ပံ့ရန် တစ်ဦးလျှင် သုံးသိန်းစီဖြင့်လှူဒါန်း
ငွေကျပ် ၉၆ သိန်းကို နိုဝင်ဘာလအတွင်းရရှိခဲ့ ပြီး လက်ရှိအချိန်တွင် စုစုပေါင်း အလှူငွေမှာ ကျပ် ၁၄၃သိန်း
ကျော် ရရှိခဲ့ပြီးဖြစ်ကြောင်း ဘဏ္ဍာရေးမှူး ဦးရဲညွန့်ကပြောသည်။

လက်ရှိအချိန်တွင်ကြေးပိဿာ ချိန် ၂၁ဝ ပိဿာရှိ သခင်ဖိုးလှကြီး ပုံတူကြေးရုပ်ကို ၁၃ဝဝပြည့်အရေး တော်ပုံစိန်ရ
တုအခမ်းအနားအထိမ်းအမှတ်အဖြစ်ထားရှိရန်ယမန်နေ့ တွင်မန္တလေးမြို့မှ ချောက်မြို့နယ် သို့ သယ်ဆောင်
လာခဲ့ပြီးဖြစ်၍ အခမ်းအနားအောင်မြင်ရေးအတွက်ချောက်မြို့မှအဖွဲ့အစည်းပေါင်းစုံ များ၊ ရပ်မိရပ်ဖများနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၄င်းက ပြောသည်။
 
 အဆိုပါ စိန်ရတုအခမ်းအနား သို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေ
မန်း၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်၊ မကွေးတိုင်းဒေသကြီး အစိုးရအ
ဖွဲ့နှင့် ခရိုင်အသီးသီးမှ တာဝန်ရှိသူများကို ဖိတ်ကြားထား ပြီး အရေးတော်ပုံစတင်ခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်
တွင် ချောက်မြို့ ၌ ပြုလုပ်သွားမည်ဖြစ်သည်။

မိုးမြင့်
The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment