Pages

Sunday, January 13, 2013

ဒေါ်လာ တစ်သန်းထီပေါက်ပြီးမှ အဆိပ်သောက်သေတဲ့လူ


ဒေါ်လာ တစ်သန်းထီပေါက်ပြီးမှ အဆိပ်သောက်သေ
Saturday, January 12, 2013

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့မှ အူရွတ် ခမ်းဆိုသူတစ်ယောက်သည် ဒေါ်လာ တစ်သန်းတန် ထီပေါက်ခဲ့သော်လည်း သူရရှိခဲ့သည့်ငွေများကို သူမသုံးခဲ့ရကြောင်း ရဲများက သတင်းထုတ်ပြန် ခဲ့သည်။

အူရွတ် ခမ်းသည် ဒေါ်လာ တစ်သန်းထီပေါက်ကြောင်းကြားသဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ထခုန်ခဲ့ကြောင်း၊ သို့သော် ထီပေါက်ပြီး
နောက်တစ်လအကြာတွင် သေဆုံးသွားကြောင်း သိရသည်။ ခမ်း၏အလောင်းကို စစ်ဆေးရာတွင် သေစေနိုင်လောက်သည် ဆိုင်ရာနိုက်အဆိပ်ပမာဏများစွာကို သူ့ခန္ဓာကိုယ်အတွင်းတွေ့ရ သည်ဟုဆိုသည်။

သေမှုစုံစမ်းရေးအရာရှိက ထိုဆိုင်ရာနိုက်အဆိပ်များကြောင့် သေဆုံးခြင်း
ဖြစ်သဖြင့် အဘယ်ကြောင့် အဆိပ်သင့်ကြောင်းကို စုံစမ်းနေကြောင်း သိရသည်။

ခမ်းသည် 7-Eleven မှ ထီဆုကိုရရှိခဲ့ခြင်းဖြစ်ပြီး ထီတစ်စောင်လျှင် ဒေါ်လာ ၃၀ ဖြင့်ရောင်းချနေသော ထီကို ထိုးပြီး ဒေါ်လာ တစ်သန်းထီဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ခမ်းသည် အသက် ၄၆ နှစ်အရွယ်ဖြစ်ပြီး ဇနီးနှင့် သမီး တစ်ယောက်ရှိသည်။ သူက ထီပေါက်သည်ဟု သတင်းကြားရစဉ်က ထခုန်ပြီး သူ့စတိုးဆိုင်မှ
ငွေကိုင်စာရေးကို ဒေါ်လာ ၁၀၀ ဘောက်ဆူးပေးခဲ့ကြောင်း၊ သူ့အိမ်ကို အပေါင်ထားရသဖြင့် ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ အခွန်အခ များကို
ပြေလည်အောင်ပေးပြီးနောက် ဆိုင်ကိုလည်းတိုးချဲ့မည်ဖြစ်ကြောင်း ထီပေါက်စဉ်က ပြောကြားခဲ့သည်။

ခမ်းသည် သူရရှိခဲ့သည့် ဒေါ်လာငွေတစ်သန်းကို စိန့်ဂျက် ကလေးဆေးရုံ
သို့လည်း လှူဒါန်းမည်ဟုပြောကြားခဲ့ သေးသည်။ သို့သော် ထိုငွေများကို ဘာတစ်ခုမျှ မထိလိုက်ရပဲ သူသေဆုံးခဲ့ရသည်ဟု ရဲများကဆိုသည်။

မောက္ခ

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့မှ အူရွတ် ခမ်းဆိုသူတစ်ယောက်သည် ဒေါ်လာ တစ်သန်းတန် ထီပေါက်ခဲ့သော်လည်း သူရရှိခဲ့သည့်ငွေများကိုသူမသုံးခဲ့ရကြောင်းရဲများကသတင်းထုတ်ပြန်
 ခဲ့သည်။ အူရွတ်ခမ်းသည် ဒေါ်လာတစ်သန်းထီပေါက်ကြောင်းကြားသဖြင့်ဝမ်းမြောက်ဝမ်းသာဖြစ်ကာထခုန်ခဲ့ကြောင်း
၊ သို့သော် ထီပေါက်ပြီးနောက်တစ်လအကြာတွင် သေဆုံးသွားကြောင်း သိရသည်။ ခမ်း၏အလောင်းကို စစ်
ဆးရာတွင် သေစေနိုင်လောက်သည် ဆိုင်ရာနိုက်အဆိပ်ပမာဏများစွာကို သူ့ခန္ဓာကိုယ်အတွင်းတွေ့ရ သည်ဟုဆိုသည်။

သေမှုစုံစမ်းရေးအရာရှိက ထိုဆိုင်ရာနိုက်အဆိပ်များကြောင့် သေဆုံးခြင်းဖြစ်သဖြင့်အဘယ်ကြောင့် အဆိပ်
သင့်ကြောင်းကို စုံစမ်းနေကြောင်း သိရသည်။

ခမ်းသည် 7-Eleven မှ ထီဆုကိုရရှိခဲ့ခြင်းဖြစ်ပြီး ထီတစ်စောင်လျှင် ဒေါ်လာ ၃၀ ဖြင့်ရောင်းချနေသော ထီကို ထိုးပြီး ဒေါ်လာ တစ်သန်းထီဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ခမ်းသည် အသက် ၄၆ နှစ်အရွယ်ဖြစ်ပြီး ဇနီးနှင့် သမီး တစ်ယောက်ရှိသည်။ သူက ထီပေါက်သည်ဟု သ
တင်းကြားရစဉ်က ထခုန်ပြီး သူ့စတိုးဆိုင်မှငွေကိုင်စာရေးကို ဒေါ်လာ ၁၀၀ ဘောက်ဆူးပေးခဲ့ကြောင်း၊ သူ့
အိမ်ကို အပေါင်ထားရသဖြင့် ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ အခွန်အခ များကိုပြေလည်အောင်ပေးပြီးနောက် 
ဆိုင်ကိုလည်းတိုးချဲ့မည်ဖြစ်ကြောင်း ထီပေါက်စဉ်က ပြောကြားခဲ့သည်။

ခမ်းသည် သူရရှိခဲ့သည့် ဒေါ်လာငွေတစ်သန်းကို စိန့်ဂျက် ကလေးဆေးရုံသို့လည်း လှူဒါန်းမည်ဟုပြောကြား
ခဲ့ သေးသည်။ သို့သော် ထိုငွေများကို ဘာတစ်ခုမျှ မထိလိုက်ရပဲ သူသေဆုံးခဲ့ရသည်ဟု ရဲများကဆိုသည်။

မောက္ခ

0 comments:

Post a Comment