Pages

Sunday, January 13, 2013

စာဖတ်လွန်သည့်ကျောင်းသား ရဲများကထိန်းသိမ်းရ

စာဖတ်လွန်သည့်ကျောင်းသား ရဲများကထိန်းသိမ်းရ
Saturday, January 12, 2013

ဗြိတိန်နိုင်ငံ ကျောင်းတစ်ကျောင်းမှ ရဲအဖွဲ့ကို စာစွဲလမ်းလွန်းသည့်
ကျောင်းသားတစ်ယောက်အား စာကြည့်တိုက် အတွင်းမှ ထုတ်ပေးပါရန် အကြောင်းကြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဂျမေး ဂါလီယာဒီ အမည်ရှိ ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် အင်္ဂလန်နိုင်ငံတောင်ပိုင်း အိုင်ဖီး ကွန်မြူနတီကောလိပ်မှ ကျောင်းသား
တစ်ဦးဖြစ်ပြီး ကျောင်းစာကြည့်တိုက်အတွင်းမှ မထွက်တမ်း စာကြည့် နေသောကြောင့် ကျောင်းအာဏာပိုင်များက ရဲအဖွဲ့ထံ အကူအညီတောင်းရခြင်းဖြစ်သည်။

ဂါလီယာဒီသည် စာကို အလွန်အမင်းကြိုးစားသူတစ်ယောက်ဖြစ်ပြီး၊ ဆရာများ စိတ်ထဲတွင် ငြိုငြင်ရလောက် အောင် စာဖတ်နေကြောင်း၊ သူသည် ကျောင်းပြီးလျှင်လည်း စာကြည့်တိုက်ထဲသွားကာ စာဖတ်နေတတ် ကြောင်း၊ သူ့ကို ဆရာများက ထိုသို့မလုပ်ရန်
တောင်းပန်သော်လည်း သူက လူတော်တစ်ယောက်ဖြစ်ရန် ကြိုးစားနေကြောင်းပြောကာ အိမ်ပြန်ခိုင်းသည်ကို ငြင်းဆန်ကြောင်း၊
ကျောင်းစာကြည့်တိုက်ထဲမှ မထွက်ဘဲ စာကြည့်နေသဖြင့်
ကျောင်းအုပ်ကြီးကိုယ်တိုင် အရေးပေါ်အစည်းအဝေးခေါ်ကာ
ဆရာများနှင့် တိုင်ပင်ခဲ့ရ ကြောင်း သိရသည်။

ကျောင်းအုပ်ချုပ်ရေး ဒါရိုက်တာတစ်ဦးက “သူ့ကို သွားပြောတော့လည်း ကျယ်ကျယ်လောင်လောင်နဲ့ အော်ထုတ်တယ်” ဟုပြောကြားသည်။

ဂါလီယာဒီသည် ကျောင်းတွင် အတော်ဆုံးဖြစ်ရန် ကြိုးစားအားထုတ်နေပြီး၊ လက်ရှိအနေအထားတွင်လည်း ဘာသာရပ်ဆိုင်ရာ ရမှတ်များအနေအထား
ကောင်းမွန်ကြောင်း၊ သို့သော် စာကြည့်တိုက်ထဲမှ မထွက်ဘဲ စာဖတ်နေမည်ဆိုခြင်းက ကျောင်းရှိ အုပ်ချုပ်သူနှင့် ဆရာများကို စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့မှ ထိုကျောင်းသားကို စာကြည့်တိုက်ထဲမှ ဖယ်ရှားပေး
မည်ဖြစ်သော်လည်း အရေးမယူပါဟု ပြောကြားခဲ့ သည်။

မောက္ခ

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဗြိတိန်နိုင်ငံ ကျောင်းတစ်ကျောင်းမှ ရဲအဖွဲ့ကို စာစွဲလမ်းလွန်းသည့် ကျောင်းသားတစ်ယောက်အား စာကြည့်
တိုက် အတွင်းမှ ထုတ်ပေးပါရန် အကြောင်းကြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဂျမေး ဂါလီယာဒီ အမည်ရှိ ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် အင်္ဂလန်နိုင်ငံတောင်ပိုင်း အိုင်ဖီး ကွန်မြူနတီကောလိပ်မှ ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းစာကြည့်တိုက်အတွင်းမှ မထွက်တမ်း စာကြည့်
 နေသောကြောင့် ကျောင်းအာဏာပိုင်များက ရဲအဖွဲ့ထံ အကူအညီတောင်းရခြင်းဖြစ်သည်။

ဂါလီယာဒီသည် စာကို အလွန်အမင်းကြိုးစားသူတစ်ယောက်ဖြစ်ပြီး၊ ဆရာများ စိတ်ထဲတွင် ငြိုငြင်ရလောက်

 အောင် စာဖတ်နေကြောင်း၊ သူသည် ကျောင်းပြီးလျှင်လည်း စာကြည့်တိုက်ထဲသွားကာ စာဖတ်နေတတ်
 ကြောင်း၊ သူ့ကို ဆရာများက ထိုသို့မလုပ်ရန်တောင်းပန်သော်လည်း သူက လူတော်တစ်ယောက်ဖြစ်ရန်
 ကြိုးစားနေကြောင်းပြောကာ အိမ်ပြန်ခိုင်းသည်ကို ငြင်းဆန်ကြောင်း၊ကျောင်းစာကြည့်တိုက်ထဲမှ မထွက်
ဘဲ စာကြည့်နေသဖြင့်ကျောင်းအုပ်ကြီးကိုယ်တိုင် အရေးပေါ်အစည်းအဝေးခေါ်ကာဆရာများနှင့် တိုင်ပင်
ခဲ့ရ ကြောင်း သိရသည်။

ကျောင်းအုပ်ချုပ်ရေး ဒါရိုက်တာတစ်ဦးက “သူ့ကို သွားပြောတော့လည်း ကျယ်ကျယ်လောင်လောင်နဲ့ အော်

ထုတ်တယ်” ဟုပြောကြားသည်။

ဂါလီယာဒီသည် ကျောင်းတွင် အတော်ဆုံးဖြစ်ရန် ကြိုးစားအားထုတ်နေပြီး၊ လက်ရှိအနေအထားတွင်လည်း ဘာသာရပ်ဆိုင်ရာ ရမှတ်များအနေအထားကောင်းမွန်ကြောင်း၊ သို့သော် စာကြည့်တိုက်ထဲမှ မထွက်ဘဲ စာ

ဖတ်နေမည်ဆိုခြင်းက ကျောင်းရှိ အုပ်ချုပ်သူနှင့် ဆရာများကို စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ပြော
ကြားသည်။

ရဲတပ်ဖွဲ့မှထိုကျောင်းသားကိုစာကြည့်တိုက်ထဲမှဖယ်ရှားပေးမည်ဖြစ်သော်လည်းအရေးမယူပါဟု ပြောကြား

ခဲ့ သည်။

မောက္ခ

0 comments:

Post a Comment