Pages

Sunday, January 13, 2013

မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ကန်ယာကောင်းကျေးရွာ အနီးဝန်းကျင်တွင် သနပ်ခါးခိုးသူများအတင်.ရဲနေ

မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ကန်ယာကောင်းကျေးရွာ အနီးဝန်းကျင်တွင် သနပ်ခါးခိုးသူ များအတင့်
ရဲလျက်ရှိရာ (၆.၁.၁၃) ရက်နေ့က ကန်ယာကောင်းကျေး ရွာနေဦးအေးမြင့်၏ အကျယ် (၄) ဧကခန့်ကျယ်
ဝန်းသောသနပ်ခါး ခင်းမှ ခိုးယူခံရကြောင်း သိရ သည်။ “သနပ်ခါးပင် (၃၈) ပင်ပါ။ ကြိတ်နှုန်းထွက်ရင် (၁) ပင်ငါး ထောင်နှုန်းတန်ပေါ့။ သောင်းကျော် တန်အပင်တွေလည်းပါတယ်။ (၂) ညဆက်တိုက်အဖွဲ့လိုက်ခုတ် တာပါ”ဟု ဦးအေးမြင့်ကပြောပြ သည်။
ပြီးခဲ့သော ၂၀၁၂ နိုဝင်ဘာ လကတည်း ရွာနှင့် (၃) ဖာလုံခန့် သာဝေးသောဦးဘယူသနပ်ခါး ခင်းမှ စုပေါင်း
၊ ငါးသိန်းကျော်ခန့် တန်ဖိုးရှိအပင်ကြီး (၁၁) ပင် အခိုး ခံရပြီးမကြာခဏခိုးယူခံရမှုကြောင့် ကန်ယာကောင်း
ကျးရွာမှ သနပ် ခါးအခိုးခံရသူပိုင်ရှင်ဆယ်ဦးထက် မနည်းရှိနေကြောင်း သိရသည်။

တစ်နှစ်ထက်တစ်နှစ်သနပ် ခါးသူခိုးများအတင့်ရဲလာမှုကြောင့် ရွာနှင့် အလှမ်းဝေးသောသနပ်ခါး ခင်းများကို စိတ်တိုင်းကျရောင်း တန်းဝင်များဖြစ်အောင်ထားရဲ ကြတော့ပဲ ရောင်းချနေကြရကြောင်းသနပ်ခါးများထပ်

မံစိုက်ပျိုးဖို့မ၀ံ့ မရဲဖြစ်ရပြီး ဘယ်နေ့ကိုယ့်အခင်း ထဲက အပင်အခိုးခံရမလဲဆိုတာ နေ့စဉ်နဲ့ အမျှရင်တမမ
နဲ့ဖြစ်နေရ ကြောင်း ရွာသူရွာသားများကပြော ပြ၍ သိရသည်။

မောင်နွေဦး(မြိုင်)

ွှ့TheHot News

0 comments:

Post a Comment