Pages

Sunday, January 13, 2013

ရည်းစားက ဖုန်းကိုပေါက်ခွဲသဖြင့် အသေရိုက်သတ်

ရည်းစားက ဖုန်းကိုပေါက်ခွဲသဖြင့် အသေရိုက်သတ်
Saturday, January 12, 2013

ဘရောင့်စ်မြို့မှ အသက် ၂၅ နှစ်အရွယ်ရှိ ဂျက်စ်မင် ဒေ့ဇ်ဆိုသူ မိန်းကလေးတစ်ဦးသည် အသက် ၁၇ နှစ် အရွယ်ရှိ သူမ၏ ရည်းစားဖြစ်သူက ဖုန်းကို ပေါက်ခွဲလိုက်သဖြင့် လက်စားချေကာ အသေသတ်လိုက်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ထိုနေ့ နေ့လည် ၁ နာရီခွဲအချိန်တွင် မောရစ်ရပ်ကွက်တွင် အလောင်း
တစ်လောင်းတွေ့ခဲ့ရပြီး၊ ထရပ်ကားပေါ်မှ ထိုအလောင်းကို ပစ်ချကာ ကားကို အမြန်မောင်းပြေးသွားကြောင်း မျက်မြင်သက်သေ ဖရန်ကီ ဟာနန်ဒတ် ဆိုသူက အစစ်ခံခဲ့သည်။ ထိုကားကို မောင်းသူမှာ ဂျက်စ်မင်ဒေ့ဇ်ဖြစ်သည်
ဟုလည်း သူကထွက်ဆိုသည်။

ရဲများက သေမှုသေခင်းအရ စစ်ဆေးရာ မျက်မြင်သက်သေ ဟာနန်ဒတ်ဇ်က ကားပေါ်မှ လူတစ်ယောက်ကျလာ ပြီး ခေါင်းတွင်ဒဏ်ရာများဖြင့် သွေးများ
ထွက်နေကြောင်း၊ ကားကို အမြန်မောင်းထွက်သွားသဖြင့် တာရာပွတ်ပြီး
ညှော်နံ့များ ကျန်ခဲ့ကြောင်း၊ လဲကျနေသူအနီးသို့ သူရောက်သည့်အခါတွင် စကားပြောရန် ကြိုးစားသေး ကြောင်း၊ သို့သော် ပါးစပ်မှ သွေးအမြှုပ်
များသာထွက်လာကြောင်း မျက်မြင်သက်သေက ပြောကြားခဲ့သည်။

ဂျက်စ်မင်တို့စုံတွဲသည် မကြာခဏစကားများတတ်ပြီးခိုက်ရန်ဖြစ်တတ်
ကြောင်းသေဆုံးသူ၏အစ်ကိုဖြစ်သူက ပြောကြားသည်။ ဒေ့ဇ်သည် ကားကို သူမ၏ မိခင်အိမ်အနီးတွင် ထားခဲ့ပြီး ပုန်းအောင်းနေရာ ရဲများကနောက်မှ ဖလိဝုဒ်လမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူက ထိုနေ့တွင် ဒေ့ဇ်၏အိမ်ကို ရောက်လာခဲ့ပြီး တံခါးဖွင့်ပေးရန် အကြိမ်ကြိမ်ထုရိုက်ကြောင်း၊ ဒေ့ဇ်က တံခါးမဖွင့်ကြောင်း၊ ထို့နောက် တံခါးကို အတင်းဖွင့်ကာ အိမ်ထဲဝင်သွားပြီး အော်သံများကြားရကြောင်း၊ ရိုက်နှက်
သံများလည်းကြားရကြောင်း အိမ်နီးချင်းများက ထွက်ဆိုကြသည်။

မိသားစုများကမူ ဒေ့ဇ်၏ဖုန်းကို သေဆုံးသူက ပေါက်ခွဲလိုက်သဖြင့် စိတ်ဆိုးပြီးရိုက်နှက်ရာမှ သေဆုံးသွားခြင်း ဖြစ်သည်ဟု အစစ်ခံကြသည်။

မောက္ခ

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဘရောင့်စ်မြို့မှ အသက် ၂၅ နှစ်အရွယ်ရှိ ဂျက်စ်မင် ဒေ့ဇ်ဆိုသူ မိန်းကလေးတစ်ဦးသည် အသက် ၁၇ နှစ် အရွယ်ရှိ သူမ၏ ရည်းစားဖြစ်သူကဖုန်းကို ပေါက်ခွဲလိုက်သဖြင့် လက်စားချေကာ အသေသတ်လိုက်ကြောင်း
ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ ထိုနေ့ နေ့လည်၁ နာရီခွဲအချိန်တွင် မောရစ်ရပ်ကွက်တွင်အလောင်းတစ်လောင်းတွေ့ခဲ့ရပြီး၊ ထရပ်ကားပေါ်
မှ ထိုအလောင်းကို ပစ်ချကာ ကားကို အမြန်မောင်းပြေးသွားကြောင်း မျက်မြင်သက်သေ ဖရန်ကီ ဟာနန်
ဒတ် ဆိုသူက အစစ်ခံခဲ့သည်။ ထိုကားကို မောင်းသူမှာ ဂျက်စ်မင်ဒေ့ဇ်ဖြစ်သည်ဟုလည်း သူကထွက်ဆို
သည်။

ရဲများက သေမှုသေခင်းအရ စစ်ဆေးရာ မျက်မြင်သက်သေ ဟာနန်ဒတ်ဇ်က ကားပေါ်မှ လူတစ်ယောက်ကျ
လာ ပြီး ခေါင်းတွင်ဒဏ်ရာများဖြင့် သွေးများထွက်နေကြောင်း၊ ကားကို အမြန်မောင်းထွက်သွားသဖြင့် တာ
ရာပွတ်ပြီးညှော်နံ့များ ကျန်ခဲ့ကြောင်း၊ လဲကျနေသူအနီးသို့ သူရောက်သည့်အခါတွင်စကားပြောရန် ကြိုးစား
သး ကြောင်း၊ သို့သော် ပါးစပ်မှ သွေးအမြှုပ်များသာထွက်လာကြောင်း မျက်မြင်သက်သေက ပြောကြား
ခဲ့သည်။

ဂျက်စ်မင်တို့စုံတွဲသည် မကြာခဏစကားများတတ်ပြီးခိုက်ရန်ဖြစ်တတ်ကြောင်းသေဆုံးသူ၏အစ်ကိုဖြစ်သူက
 ပြောကြားသည်။ ဒေ့ဇ်သည် ကားကို သူမ၏ မိခင်အိမ်အနီးတွင် ထားခဲ့ပြီး ပုန်းအောင်းနေရာ ရဲများ
ကနောက်မှ ဖလိဝုဒ်လမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူက ထိုနေ့တွင် ဒေ့ဇ်၏အိမ်ကို ရောက်လာခဲ့ပြီး တံခါးဖွင့်ပေးရန် အကြိမ်ကြိမ်ထုရိုက်ကြောင်း၊
ဒ့ဇ်က တံခါးမဖွင့်ကြောင်း၊ ထို့နောက် တံခါးကို အတင်းဖွင့်ကာ အိမ်ထဲဝင်သွားပြီး အော်သံများကြား
ရကြောင်း၊ ရိုက်နှက်သံများလည်းကြားရကြောင်း အိမ်နီးချင်းများက ထွက်ဆိုကြသည်။

မိသားစုများကမူ ဒေ့ဇ်၏ဖုန်းကို သေဆုံးသူက ပေါက်ခွဲလိုက်သဖြင့်စိတ်ဆိုးပြီးရိုက်နှက်ရာမှ သေဆုံးသွားခြင်း
 ဖြစ်သည်ဟု အစစ်ခံကြသည်။

မောက္ခ

0 comments:

Post a Comment