Pages

Sunday, January 13, 2013

အကယ်ဒမီဆု ထပ်မံမျှော်မှန်းထားသည်ဟု မော့စ်ဆို

အကယ်ဒမီဆု ထပ်မံမျှော်မှန်းထားသည်ဟု မော့စ်ဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂။

ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် ၂၀၁၁ ခုနှစ်တွင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိသွားသော အကယ်ဒမီ မော့စ်သည် လာမည့်
နှစ်များအတွက် အကယ်ဒမီ ထပ်မံရရှိမည်ဟု မျှော်မှန်းထားကြောင်း ထုတ်ဖော် ပြောကြားသည်။

ယနေ့ညနေ ၅ နာရီအချိန်ခန့်တွင် ပြုလုပ်သော အကယ်ဒမီမော့စ်၏ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ ထွန်းအောင်ဇော်တို့ နှင့်အတူ ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကား
ကြီးများ ရှိသဖြင့် လာမည့်နှစ်များတွင်လည်း အကယ်ဒမီရရှိရန် မျှော်မှန်းခြင်း
ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော် နောက်နှစ်၊နောက်နှစ်တွေမှာ ဒီလိုမျိုး ကျွေးချင်ပါသေးတယ်။
ပျော်ချင်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော် အမျှော်အမြင် ရှိလို့ပြောတာပါ။ ကျွန်တော် နောက်ထပ် မိုက်တီးနဲ့ ရိုက်ထားတဲ့ ကားကြီး နှစ်
ကားရှိပါသေးတယ်။ နောက်ထပ် အကယ်ဒမီ ထွန်းအောင်ဇော်နဲ့လည်း
နှစ်ကားရိုက်ထားပါသေးတယ်” ဟု အကယ်ဒမီ မော့စ်က ပြောကြားသည်။

အကယ်ဒမီ မော့စ်၏ လက်ရှိကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် မရှိကြောင်းနှင့် အစာအဆိပ်သင့်၍သာ ခတ္တနားနေခြင်း ဖြစ်ကြောင်း ၎င်း၏ ဇနီသည်ဖြစ်သူက ပြောကြားသည်။

အိအိ

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် ၂၀၁၁ ခုနှစ်တွင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိသွား
သာ အကယ်ဒမီ မော့စ်သည် လာမည့်နှစ်များအတွက်အကယ်ဒမီထပ်မံရရှိမည်ဟု မျှော်မှန်းထားကြောင်း 
ထုတ်ဖော် ပြောကြားသည်။ ယနေ့ညနေ ၅ နာရီအချိန်ခန့်တွင် ပြုလုပ်သော အကယ်ဒမီမော့စ်၏ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြောကြား
ခဲ့ခြင်း ဖြစ်ပြီး ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ ထွန်းအောင်ဇော်တို့ နှင့်အတူ ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်
ကားကြီးများ ရှိသဖြင့် လာမည့်နှစ်များတွင်လည်း အကယ်ဒမီရရှိရန် မျှော်မှန်းခြင်းဖြစ်ကြောင်း ပြောကြား
သည်။

“ကျွန်တော် နောက်နှစ်၊နောက်နှစ်တွေမှာဒီလိုမျိုး ကျွေးချင်ပါသေးတယ်။ပျော်ချင်ပါသေးတယ်။ဘာဖြစ်လို
့လဲဆိုရင် ကျွန်တော် အမျှော်အမြင် ရှိလို့ပြောတာပါ။ ကျွန်တော် နောက်ထပ်မိုက်တီးနဲ့ ရိုက်ထားတဲ့ ကားကြီး
နှစ်ကားရှိပါသေးတယ်။ နောက်ထပ် အကယ်ဒမီ ထွန်းအောင်ဇော်နဲ့လည်းနှစ်ကားရိုက်ထားပါသေးတယ်”
 ဟု အကယ်ဒမီ မော့စ်က ပြောကြားသည်။

အကယ်ဒမီ မော့စ်၏ လက်ရှိကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် မရှိကြောင်းနှင့် အစာအဆိပ်သင့်၍သာ ခတ္တနားနေခြင်း ဖြစ်ကြောင်း ၎င်း၏ ဇနီသည်ဖြစ်သူက ပြောကြားသည်။

အိအိ
The Myanma Age

0 comments:

Post a Comment