ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသော တရားဥပဒေ စိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေး ကော်မတီသည်
ပြည်နယ်စစ်ဆေးမှုများ မရှိသေးသဖြင့်ယခုလအတွင်း ပြည်နယ်များအားစတင်စစ်ဆေးမည် ဖြစ်ကြောင်း
အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြား
တိုင်း တို့အား စစ်ဆေးခဲ့ပြီးပြီဖြစ်ကြောင်း သိရပြီး ယခုလအတွင်း လွှတ်တော် အခြေအနေ အပေါ်မူတည်
၍ ပြည်နယ် များသို့ စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ဘယ်ပြည်နယ် စစစ်မလဲဆိုတာတော့ ကြိုတော့မပြောဘူး။ ရှောင်တခင် ဆာဗေးဝင်မှ အဖြစ်မှန်တွေ သိရ
မှာလေ။ ပြည်နယ်တွေ စစ်မယ်ဆိုတာကတော့ တိုင်း၅ တိုင်းစစ်ဆေးခဲ့ပြီးပြီ ပြည်နယ်တစ်ခုမှမပါတဲ့အတွက်
ပါ။ လွှတ်တော်မှာ သွားမယ့်အဖွဲ့ဝင်တွေရဲ့ မေးခွန်းတွေ အဆိုတွေ အပေါ်မူတည်ပြီး အားတာနဲ့ စစစ်သွားပါ
မယ်။ ဒီလထဲကို မှန်းထားတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။
ဆက်လက်ပြီး စစ်ဆေးခဲ့သော တိုင်း ၅ တိုင်း၏ အခြေအနေများနှင့် ဆက်လျဉ်း၍ “ကျွန်တော်တို့ စစ်ဆေး
ခဲ့တာတွေကြောင့် အာဏာပိုင်တွေကတရားစီရင်ရေးမှာဝင်ရောက်စွတ်ဖက်တာတွေ လျော့နည်းသွားတယ်။
နောက်ပြီး တရားခံ၊ တရားလို၊ ပြည်သူ၊ ဝန်ထမ်းတွေအားလုံးနဲ့ ထိတွေ့ရတဲ့အတွက် ခုနပြောသလို အုပ်ချုပ်
ရေး အာဏာရဲ့
ဝင်ရောက်စွတ်ဖက်မှု လျော့နည်းသွားတာတွေကို တွေ့ရတယ်” ဟု ဦးဝင်းမြင့်က
ဆိုသည်။
ယခုလက်ရှိတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် တိုင်းအတွင်း စစ်ဆေးမှု
များအား ရပ်နားထားကြောင်း သိရသည်။
အဆိုပါ ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဌ အဖြစ်ပါဝင်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ပြည်သူ့
လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ၂၄၊ ပုဒ်မ ၂၇ နှင့် ပြည်သူ့ လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ
ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စူးရှ
The Myanma Age

0 comments:
Post a Comment