ယနေ့(ဇန်န၀ါရီ-၁၃ ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ဆောက်လက်စလှည်းတန်း ကုန်းကျော်တံတား
အနီးယာဉ်မတော်တဆ မှုတစ်ခုဖြစ်ပွားခဲ့သည်ပြည်လမ်းမပေါ် ဆူးလေမှလှည်းတန်းဘက်သို့ဦးတည်မောင်း
နှင်လာသော ၂၂၆ လိုင်းကားသည် လှည်းတန်းမီးပွိုင့်မရောက်ခင်တွ င် ပလက်ဖောင်းကိုကျော်ကာ လမ်း
ဘေးထိုးကျသွားခဲ့သည်။ ကနဦးသတင်းများအရ ယင်းမတော်တဆမှုတွင် ဒဏ်ရာရရှိမှုကြီးကြီးမားမားမရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာ
နေရာသို့ ရောက်ရှိနေသည့် ယာဉ်ထိန်းရဲအရာရှိတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးက ပြောသည်။
ဓာတ်ပုံ- ထွန်းခိုင်

0 comments:
Post a Comment