Pages

Sunday, November 18, 2012

အမေရိကန်သမ္မတ၏ လေယာဉ်ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်များတွင် ရန်ကုန်လေဆိပ်၌ အခြားလေကြောင်းလိုင်းများမှ ဆင်း၊ တက်မပြုရန် ညှိနှိုင်းဆောင်ရွက်ထား




အမေရိကန်သမ္မတ၏ လေယာဉ်ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ
ဆိပ်၌ အခြားလေကြောင်းလိုင်းများမှ ဆင်း၊ တက်မပြုရန် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ရန်ကုန် အပြည်
ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
''အမေရိကန်နိုင်ငံကအရေးကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ခရီးစဉ်ဖြစ်တာမို့ဒီလေယာဉ်ဆိုက်ရောက်ချိန်နဲ့ ထွက်ခွာချိန်
တွေမှာအခြားပြည်တွင်း၊ပြည်ပလေကြောင်းလိုင်းတွေအနေနဲ့ဆင်း တက်မလုပ်အောင် လေကြောင်းလိုင်း
တွေနဲညှိနှိုင်းဆောင်ရွက်ထားတဲ့သဘောပါ။လေဆိပ်တစ်ခုလုံးကိုပိတ်ထားတာတော့မဟုတ်ပါဘူး။လုံခြုံရေး
အရအချိန် လွှဲပေးရတဲ့သဘောပါ'' ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။
 
''မနက်၈း၄၀မှာစင်ကာပူနိုင်ငံကိုထွက်ခွာမယ့် လေယာဉ်ချိန်ကို မိနစ်၄၀စောပြီး မနက် ၈နာရီမှာ ထွက်မှာပါ။ သမ္မတလေယာဉ်ရောက်တဲ့ အချိန်နဲ့ ပြန်ထွက်တဲ့အချိန်တွေနဲ့ တူနေတဲ့ အခြား လေကြောင်းလိုင်းတွေလည်း ခုလိုအချိန်ပြောင်းပေးရတယ်လို့ သိရတယ်'' ဟု MAI လေကြောင်း လိုင်းမှ Marketing Manager မအေးမရသာ က ပြောပါသည်။
 
အမေရိကန်သမ္မတအဖြစ်သက်တမ်းနှစ်ကြိမ်ဆက်ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်
ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့်အမျိုးသားဒီမိုကရေ
စီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
 
အမေရိကန်သမ္မတဘာရက် အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက်နေ့၊ နံနက် ၉နာရီနှင့် ၉နာရီခွဲကြားတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဟု သတင်းရရှိပါသည်။
  Eleven Media Group

0 comments:

Post a Comment