Pages

Sunday, November 18, 2012

ဂျာမန် ရဲတပ်ဖွဲ့က ရွှေ့ပြောင်းရုံးခန်း တစ်ခုအား ဖမ်းဆီး


ဂျာမနီနိုင်ငံဆာလမ်းပြည်နယ်အဝေးပြေးလမ်းပေါ်တွင်ရဲတပ်ဖွဲ့ကစတေရှင်ဝက်ဂွန်ကားတစ် စီး ပေါ်
တွင်ရွေ့လျားရုံးခန်းအဖြစ်တီထွင်ဖန်တီးထားသည့်သူတစ်ဦးကိုဖမ်းဆီးခဲ့သည်။၎င်းသည်၁နာရီ  ကီလို
မီတာ၁ဝဝမောင်းနှင်ရမည့်အဝေးပြေးလမ်းပိုင်းတွင်၁နာရီကီလိုမီတာ၁၃ဝအမြန်နှုန်းဖြင့် ကားတစ်စီး
အားကျော်တက်စဉ်ရဲတပ်ဖွဲ့ကမော်တော်ယာဉ်အမြန်မောင်းနှင်မှုဖြင့်ဖမ်းဆီးခဲ့ရာမှကားအတွင်း တပ်
ဆင်ထားသည့် ရုံးသုံး ပစ္စည်းများကို တွေ့ရှိ ခဲ့ရသည်။ အသက်၃၅စ်အရွယ်ရှိယာဉ်မောင်းက၎င်း၏ စတေရှင် ဝက်ဂွန် ကားရှေ့ခန်းရှိ ခရီးသည် ထိုင်ခုံပေါ်တွင် သစ်သားစင်ဖြင့်လက်တော့ပ်ကွန်ပျူတာ တစ်လုံး၊ ပရင်တာ တစ်လုံး၊ router၊ ကြိုးမဲ့ အင်တာနက် စနစ်၊ WLAN အင်တာနာနှင့် အင်ဗာတာ တစ်လုံးတို့ တပ်ဆင်ထားသည်။ 
 
ထို့ပြင်ကားရှေ့လေကာမှန် ပေါ်တွင် မော်တော်ယာဉ် လမ်းညွှန် စနစ်နှင့် ဟမ်းဖုန်းတို့ကို တပ်ဆင်ထားသည်။ သို့သော်လည်း ယာဉ်မောင်းက ကားမောင်းနေစဉ် ရုံးသုံး ပစ္စည်းများ အသုံး မပြုကြောင်း ပြောကြားခဲ့သည်။ 
 
ယာဉ်မောင်းသည် မော်တော် ယာဉ် အမြန် မောင်းနှင်မှုကြောင့် ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၁၅၃ ဒေါ်လာ ပေးဆောင်ရပြီး ကားအတွင်း ရုံးသုံးပစ္စည်း ကိရိယာများ တပ်ဆင် ထားမှုကြောင့် အသက် အန္တရာယ် ထိခိုက်နိုင်သည့် အတွက် ဒဏ်ကြေး ပေးဆောင်ရဖွယ် ရှိကြောင်း သိရသည်။
 
မြ၀တီ

0 comments:

Post a Comment