Pages

Sunday, November 18, 2012

အမေရိကန် သမ္မတ ခရီးစဉ်ကြောင့် ရန်ကုန်မြို့တွင်း လမ်းအချို့ ပိတ်ပင်

မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ပထမဆုံး အကြိမ် လာရောက် လည်ပတ်မည့် ခရီးစဉ်ကြောင့် ရန်ကုန်
မြို့တွင်း လမ်းအချို့ ပိတ်ပင် လိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန် သည်။
အမေရိကန် သမ္မတ ယာဉ်တန်း ဖြတ်သန်းမည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြည် လမ်းမကြီးအ
တိုင်း ရန်ကုန်မြို့တွင်း ရှိ ၁၀မိုင်လမ်းဆုံ ၊ ပြည်လမ်းဆုံ ၊ ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံ၊ ၈မိုင်လမ်းဆုံ၊ အေဒီ
မီးပွိုင့် (ပါရမီလမ်းဆုံ)၊ အင်လျားလမ်းဆုံ၊ လှည်းတန်း လမ်းဆုံ၊ ဟံသာဝတီ အဝိုင်း၊ မြေနီကုန် မီးပွိုင့်၊ ရန်ကုန်
တိုင်းဒေသကြီး လွှတ်တော်ရှေ့၊ အလုံလမ်းဆုံ ၊ ဦးဝိစာရ အဝိုင်း၊ ရွှေတိဂုံဘုရား မြောက်ဘက် မုဒ်တို့ကို ယာဉ်
တန်းမဖြတ်မီ မိနစ်၂၀ ခန့် ခေတ္တ ပိတ်ပင်သွားမည် ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနက ထုတ်ပြန် ကြေ
ညာထားသည်။

၎င်းအပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် (၉)နာရီမှ (၁၀) နာရီအတွင်း၊ ညနေ (၃)နာရီမှ (၄)နာရီ အတွင်း ဆိုက်ရောက်/ ထွက်ခွာမည့် ပုံမှန် လေယာဉ် ခရီးစဉ်များ
ခေတ္တ ဆိုင်းငံထားမည် ဖြစ်၍ ၎င်းအချိန် များနှင့်တိုက်ဆိုင်သောနံနက်ပိုင်း လေယာဉ်ခရီးစဉ်များကို နံနက်
(၁၀)နာရီ နောက်ပိုင်းသို့ လည်းကောင်း၊ ညနေပိုင်း လေယာဉ် ခရီးစဉ်များကို ညနေ (၄)နာရီ နောက်ပိုင်းသို့ လည်းကောင်း ပြောင်းရွှေ့ စီစဉ်ထားရှိပြီး ပုံမှန် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခြင်း မရှိကြောင်းလည်း ထုတ်
ပြန် ကြေညာထားသည်။
 
TheVoiceWeekly

0 comments:

Post a Comment