Pages

Tuesday, June 18, 2013

၁၉၉၉-ခုနှစ်က ထုတ်ပြန်ခဲ့သော အစ္စလာမ်ညွှန်ကြားချက်ကို ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် အစ္စလာမ် ကောင်စီခွဲများသိရှိစေရန် ထပ်မံထုတ်ပြန်


ဇွန် ၁၈၊ ၂၀၁၃

ပုသိမ်မြို့ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ အစ္စလာမ်သာသနာရေးရာကောင်စီမှ ခရိုင်/မြို့နယ် အစ္စလာမ်ကောင်
စီခွဲများသိရှိနိုင်ရန်၁၉၉၉-ခုနှစ်ကအစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှထုတ်ပြန်ခဲ့သောအစ္စလာမ့်
ညွှန်ကြားချက်ကိုဇွန်လ(၁၇)ရက်နေ့တွင်တိုင်းဒေသကြီး အစ္စလာမ်ကောင်စီမှ ထပ်မံ ထုတ်ပြန်လိုက်ကြောင်း
 သိရသည်။ အဆိုပါ ထုတ်ပြန်စာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာန
ချုပ်က အစ္စလာမ့်ညွှန်ကြားချက် (အထူးလုပ်ငန်းစဉ်) ၁/၉၉ ဖြင့် ၁၉၉၉-ခုနှစ်က ထုတ်ပြန်ခဲ့သော ညွှန်ကြား
ချက်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိထားရန်လိုအပ်လာသောကြောင့် ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်ကောင်
စီက ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။

ဤကဲ့သို့ ထပ်မံထုတ်ပြန်လိုက်ရခြင်းမှာ ယခုအခါတွင် မသမာသူ လူယုတ်မာများက အစ္စလာမ်သာသနာနှင့် မွတ်စလင်မ်များအပေါ် မဟုတ်မမှန် စွပ်စွဲပြီး ပြဿနာများဖန်တီးကာ အသက်အိုးအိမ်များ၊ ဗလီများ၊အစ္စလာ
မ့်စာသင်ကျောင်းများကို ကြိုတင်အကွက်ချ စီမံမှုများဖြင့် ရခိုင်မှအစ၊ မိတ္ထီလာအလယ်၊ လက်ရှိနောက်ဆုံး လားရှိုးအထိ အဆိုးဆုံးအခြေအနေများ ကြုံခဲ့ရပြီး နောက်ထပ် မည်သည့်နေရာတွင်မဆို မည်သို့ ပြုလုပ်မည်
ဆိုသည်ကို စိုးရိမ်နေရသည့် အခြေအနေမျိုး ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ထုတ်ပြန်လိုက်ရခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ယခင်က အမျိုးပျောက်မှာစိုးကြောက်စရာ ကဲ့သို့ လက်သိပ်ထိုး ဖြန့်ဝေသည့် မုန်းတီးရေးစာအုပ်များတွင်ပါ ရှိ
သော မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များမှာ ဗုဒ္ဓဘာသာ အမျိုးသမီးများကို အဓမ္မလက်ထပ်ယူပြီး သား
ဖောက်သာသနာပြုနေကြောင်းစွပ်စွဲချက်များကိုယနေ့ ခေတ် ဒီမိုကရေစီ အစိုးရ လက်ထပ်တွင် တရားပွဲများ ၌ ပြောင်ပြောင်တင်းတင်း ဟောကြားလျက်ရှိကြပြီး လက်ကမ်းစာစောင် နှင့် ဆိုရှယ်မီဒီယာများတွင်လည်း မွတ်စလင်မ် မုန်းတီးရေး လှုံဆော်မှုများမြင့်တက်လျက်ရှိသည်ကို တွေ့ရှိပါသည်။
 
M-Media , RangonNewsDaily
kolatt(PBDN): 18.6.2013

 

0 comments:

Post a Comment