Pages

Tuesday, June 18, 2013

လေဘာပါတီတွင်း ခေါင်းဆောင်ပြောင်းဖို့ လိုလားသူ ပိုများလာ

လေဘာပါတီတွင်း ခေါင်းဆောင်ပြောင်းဖို့ လိုလားသူ ပိုများလာ

ဇွန်လ ၁၈ ရက် ၂၀၁၃

သြစတြေးလျ နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို စက်တင်ဘာလမှာကျင်းပတော့ မှာဖြစ်တဲ့ အတွက်၊ ကြိုတင်ကောက်တမ်းတွေ အရ ဝန်ကြီးချုပ်ဟောင်း Kevin Rudd က လက်ရှိ အာဏာ ရ လေဘာပါတီကို ဦးဆောင်မယ်ဆို ရင် အတိုက်အခံနဲ့ မဲညီမျှ တဲ့ အနေအထားကို ရနိုင်တယ်လို့ ဟောကိန်းထုတ်တဲ့အတွက် လက်ရှိ ဝန်ကြီးချုပ် ရာထူးက ဆင်းပေးပြီး ခေါင်းဆောင်ပြောင်းလဲလုပ်ဖို့ လိုလားသူတွေ ပိုများပြားလာကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရဒ်ကသာ ဦးဆောင်ရင် အတိုက်အခံပါတီနဲ့ ညီမျှတဲ့ မဲရရှိနိုင်ပြီး လက်ရှိ ဝန်ကြီးချုပ် ဂျူလီယာဂေးလဒ်ကသာ လေဘာပါတီကို ဆက်ပြီး ဦးဆောင်မယ်ဆိုရင် အပြတ်အသတ် ရှုံးနိမ့်ဖို့ ရှိတယ်ဆိုတဲ့ ကောက်တမ်းတွေကြောင့် မီဒီယာတွေ က လဲ ဝန် ကြီး ချုပ် ဟောင်း နောက် ကို လိုက် ပြီး မေးမြန်း နေကြပါတယ်။

Kevin Rudd ကတော့ သူ့ အနေနဲ့ အတိုက်အခံခေါင်းဆောင် Tony Abbott ကို ၾသစေတ်းလ် နိုင်ငံရဲ့ ဝန်ကြီးချုပ် တဦး မဖြစ်ရလေအောင် စွမ်းဆောင် နိုင်သမျှကို စွမ်းဆောင်သွားမယ်လို့သာ ပြောခဲ့ပြီး ခေါင်းဆောင်ပိုင်း စိန်ခေါ်မှု လုပ်မလားဆိုတာကိုတော့ မတုန့်ပြန်ခဲ့ပါဘူး။

အတိုက်အခံခေါင်းဆောင် Tony Abbott ကတော့ လူထုတွေ အနေနဲ့ အပြောင်းအလဲတွေ လိုလားနေ ပြီး၊ လေဘာပါတီတွင်း ခုန်နေရာလုပွဲကို ငြီးငွေ့ နေကြပြီ လို့ဆိုပါတယ်။

သြစတြေးလျ နိုင်ငံက ဒီကနေ့ မနက်ထုတ် တဲ့သတင်းစာတွေမှာတော့ Kevin rudd အနေနဲ့ ဝန်ကြီးချုပ် နေရာပြန်ရဖို့ ပါတီတွင်းမှာ လုံလောက်တဲ့ ထောက်ခံချက် အရည်အတွက်ကို ရရှိ နေုပြီဖြစ်တဲ့ အကြောင်း၊ သူ့ကို ပြီးခဲ့တဲ့ ၃နှစ်က ဖြုတ်ချပြီး နောက်ပိုင်း တချိန်တခါမှာ လိုအပ်တဲ့ ထောက်ခံမှု အရည်အတွက်ကို မရနိုင်ခဲ့ပေမဲ့ အခု အခါမှာ ရရှိသွားပြီလို့ သူ့ကို ထောက်ခံသူတွေ ကပြော နေကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ပါတီတွင်းမှာ တခဲနက် လက်ရှိဝန်ကြီးချုပ်ကို ဖယ်ထုတ်ဖို့ ထောက်ခံမှု ရှိမှသာလျှင်ခေါင်းဆောင် အပြောင်းအလဲ ဖြစ်လာ နိုင်မှာ ဖြစ်ပြီး ပါတီတွင်း အကြီးတန်း ဝန်ကြီးတွေ အနေနဲ့ ရှင်းရှင်းပြတ်ပြတ် ဆုံးဖြတ်ချက် ချရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမတိုင်မှီ လွှတ်တော် အစီးအဝေးနား ဖို့ ၂ ပါတ် အလို ဒီကနေ့မနက်မှာ ပါတီတွင်း အကြီးတန်း အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေး ဖို့ရှိနေပါတယ်။

ABC Radio


ဇွန်လ ၁၈ ရက် ၂၀၁၃
သြစတြေးလျ နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို စက်တင်ဘာလမှာကျင်းပတော့ မှာဖြစ်တဲ့ အတွက်၊ ကြိုတင်ကောက်တမ်းတွေ အရ ဝန်ကြီးချုပ်ဟောင်း Kevin Rudd က လက်ရှိ အာဏာ ရ လေဘာပါတီကို ဦးဆောင်မယ်ဆို ရင် အတိုက်အခံနဲ့ မဲညီမျှ တဲ့ အနေအထားကို ရနိုင်တယ်လို့ ဟောကိန်းထုတ်တဲ့အတွက် လက်ရှိဝန်ကြီးချုပ်ရာထူးဆင်းပေးပြီး ခေါင်းဆောင်ပြောင်းလဲလုပ်ဖို့ လိုလားသူတွေပိုများပြားလာကြောင်း
သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရဒ်ကသာ ဦးဆောင်ရင် အတိုက်အခံပါတီနဲ့ ညီမျှတဲ့ မဲရရှိနိုင်ပြီး လက်ရှိ ဝန်ကြီး
ချုပ်ဂျူလီယာဂေးလဒ်ကသာ လေဘာပါတီကိုဆက်ပြီးဦးဆောင်မယ်ဆိုရင် အပြတ်အသတ် ရှုံးနိမ့်ဖို့ ရှိတယ်
ဆိုတဲ့ ကောက်တမ်းတွေကြောင့် မီဒီယာတွေ က လဲ ဝန် ကြီး ချုပ် ဟောင်း နောက် ကို လိုက် ပြီး မေးမြန်း နေ
ကြပါတယ်။

Kevin Rudd ကတော့ သူ့ အနေနဲ့ အတိုက်အခံခေါင်းဆောင် Tony Abbott ကို ၾသစေတ်းလ် နိုင်ငံရဲ့ ဝန်ကြီး
ချုပ် တဦး မဖြစ်ရလေအောင် စွမ်းဆောင် နိုင်သမျှကို စွမ်းဆောင်သွားမယ်လို့သာ ပြောခဲ့ပြီး ခေါင်းဆောင်
ပိုင်း စိန်ခေါ်မှု လုပ်မလားဆိုတာကိုတော့ မတုန့်ပြန်ခဲ့ပါဘူး။

အတိုက်အခံခေါင်းဆောင် Tony Abbott ကတော့ လူထုတွေ အနေနဲ့ အပြောင်းအလဲတွေ လိုလားနေ ပြီး၊
 လေဘာပါတီတွင်း ခုန်နေရာလုပွဲကို ငြီးငွေ့ နေကြပြီ လို့ဆိုပါတယ်။

သြစတြေးလျ နိုင်ငံက ဒီကနေ့ မနက်ထုတ် တဲ့သတင်းစာတွေမှာတော့ Kevin rudd အနေနဲ့ ဝန်ကြီးချုပ် နေ
ရာပြန်ရဖို့ ပါတီတွင်းမှာ လုံလောက်တဲ့ ထောက်ခံချက် အရည်အတွက်ကို ရရှိ နေုပြီဖြစ်တဲ့ အကြောင်း၊ သူ့ကို
 ပြီးခဲ့တဲ့ ၃နှစ်က ဖြုတ်ချပြီး နောက်ပိုင်း တချိန်တခါမှာ လိုအပ်တဲ့ ထောက်ခံမှုအရည်အတွက်ကိုမရနိုင်ခဲ့ပေ
မဲ့ အခု အခါမှာ ရရှိသွားပြီလို့ သူ့ကို ထောက်ခံသူတွေ ကပြော နေကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ပါတီတွင်းမှာ တခဲနက် လက်ရှိဝန်ကြီးချုပ်ကို ဖယ်ထုတ်ဖို့ ထောက်ခံမှု ရှိမှသာလျှင်ခေါင်းဆောင် အပြောင်းအလဲ ဖြစ်လာ နိုင်မှာ ဖြစ်ပြီး ပါတီတွင်းအကြီးတန်းဝန်ကြီးတွေ အနေနဲ့ ရှင်းရှင်းပြတ်ပြတ် ဆုံးဖြတ်
ချက် ချရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမတိုင်မှီ လွှတ်တော် အစီးအဝေးနား ဖို့ ၂ ပါတ် အလို ဒီကနေ့မနက်မှာ ပါတီတွင်း အကြီးတန်း အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေး ဖို့ရှိနေပါတယ်။

ABC Radio , RangonNewsDaily
kolatt(PBDN): 18.6.2013

0 comments:

Post a Comment