Pages

Tuesday, June 18, 2013

မံဝိန်းလေးတံတားခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ဖြတ်သန်း၍ ကျိုးကျခြင်း


18/6/2013
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း ဗန်းမော်- ဆ၀မ်ကထောင်- စီအူလမ်း၊ မိုင်တိုင် ၁၆/၅ ရှိ အရှည် ၁၂၅ ပေရှိသော H20 တံတားအမှတ် ၃/၁၇ (မံဝိန်းလေးတံတား)ပေါ်သို့  အလေးချိန်တန်(၅၀)ခန့်ရှိ
သော ရွှေစပါးကုမ္ပဏီမှ သတ္တုကျောက်များ သယ်ဆောင်လာသည့် (၁၂)ဘီးကုန်တင်ယာဉ် ဖြတ်သန်းစဉ် တံ
တားကျိုးကျပျက်စီးမှုဖြစ်ပြီး ကားနှင့်တံတားတွဲ၍ ချောင်းထဲသို့  ကျသွားပါသည် ။ အဆိုပါယာဉ်မှာ တံတားခံနိုင်ဝန်ထက်ပို၍ တန်ပိုတင်ဆောင်လာခြင်းကြောင့် တံတားကျိုးကျမှုဖြစ်ပြီး ယာဉ်
သွားလာမှု ပြတ်တောက်သွားသဖြင့် ပေ(၁၇၀)ခန့် ရှိ ယာယီသစ်သားတံတား အမြန်ဆုံး တည်ဆောက်ရန် ဗန်းမော်ခရိုင် အင်ဂျင်နီယာမှူးမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည် ။

MOC
Myanma Light , RangonNewsDaily
kolatt(PBDN): 18.6.2013

0 comments:

Post a Comment