Pages

Tuesday, June 18, 2013

ကလေးဒေသတရားမဝင် လိုင်စင်မဲ့ကားများ ပိတ်ဆို့ဖမ်းဆီး

Tuesday, June 18, 2013

ကလေးမြို့ပေါ် တွင် ဇွန် ၁၅ ရက်မှ စတင်၍ ကလေးမြို့ လေးဖက်လေးတန် မြို့ထွက်ပေါက်များကို ပိတ်ဆို့ ပြီး တရားမဝင်လိုင်စင်မဲ့ ကား များ ကို ပြည်သူ့ရဲ တပ်ဖွဲ့များက ဖမ်းဆီးနေကြောင်း သိရသည်။ ''ကလေးမြို့မှာ လိုင်စင်မဲ့ ကား၊ တရားမဝင် ကားလို့ပြော မယ်ဆိုရင် အစီးပေါင်း ထောင် ချီပြီးရှိတယ်၊ များသောအားဖြင့် မြို့ကြီးတွေကနေ အဆင့် ဆင့် ဂိတ် တွေကို ငွေပေး ဖြတ်ကျော်လာ တဲ့ ကားတွေဖြစ်ပါတယ်။ နောက် တစ်ခုက ကလေးဒေသရောက် ကားတွေဆိုတာ သင်္ဘောကျ ကား ဆိုတာမျိုး ထက် ပြန်ပြင် ကား တွေ များ တယ်၊ ဈေးကလဲ အောက်ဆုံး ဈေး ဆယ်သိန်းကနေ သိန်း သုံး ဆယ်လောက်ရှိရင် ကားဝယ်နိုင် တာဖြစ်တဲ့အတွက် တောင်သူ လယ်သမား တွေက အစ ဌာနဆိုင် ရာအကြီး အကဲတွေ အဆုံး ကား စီးနိုင်ကြတယ်''ဟု ကလေးဒေသ ခံတစ်ဦးက ကလေးမြို့ ကားဖမ်း ပွဲကိစ္စနှင့်ပတ်သက်၍ ပြောသည်။

ကလေးဒေသ တွင် တရား မဝင် လိုင်စင်မဲ့ကားများ ဖမ်းဆီး အရေးယူနေမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် သတင်းထုတ်ပြန်ခြင်း မရှိ သည့် အတွက် အောက်ခြေလူ တန်းစားများ သာမန်ကား ဝယ် စီးနိုင်သူများအကြား အမျိုးမျိုး ထင်ကြေးပေး ပြောဆိုမှုများ ရှိ ကြောင်းသိရသည်။ 
ယင်းကိစ္စများ နှင့် ပတ်သက် ၍ ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူး ဦးအေးခိုင်အား မေးမြန်း ရာ ကျွန်တော်တို့အနေဖြင့် အ ထက်အမိန့်အတိုင်း ဆောင်ရွက် ထားရှိခြင်း ဖြစ်ပြီး ယခု လိုင်စင်မဲ့ ကားဖမ်းဆီးမှုတွင် ဇွန် ၁၅ ရက် က ၂၃ စီး၊ ဇွန် ၁၆ ရက်က တစ် စီး စုစုပေါင်း ၂၄ စီး ရှိကြောင်း နှင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ဖြင့် ပြည်သူ့ ရဲတပ်ဖွဲ့ စခန်းမှူးမှ တ ရားလိုဆောင်ရွက် တရားစွဲဆိုထား ကြောင်း သိရသည်။

''ကျွန်တော် ဒီနေ့ မနက် ၉ နာရီမှာ ဒုရဲချုပ်ဦးဇော်ဝင်းနဲ့ သက် ဆိုင်ရာအကြီးအကဲတွေနဲ့ သွားရောက်တွေ့ဆုံပြီးတော့ ပြည်သူ တွေရဲ့ကိုယ်စား ကလေးမြို့ပေါ် မှာ ဖြစ်ပေါ် နေတဲ့ လက်ရှိအခြေ အနေကို ဆွေးနွေးပါတယ်။ သက် ဆိုင်ရာတို့အဆိုအရ ကလေးမြို့ မြို့မိမြို့ဖနဲ့ ပြီးခဲ့တဲ့ရက်က တွေ့ ဆုံရှင်းလင်းမှု ရှိခဲ့တယ်လို့ ပြော ပါတယ်။ 
သတင်းထုတ်ပြန်မှု အား နည်းနေတဲ့အတွက် ပြည်သူလူထု မသိရတာ ဖြစ်ပါတယ်။ အခုဖြစ် ပေါ်လာရတဲ့ကိစ္စတွေမှာ ကလေး ဒေသဘက်နဲ့ ဆက်နွှယ်ပြီး ကလေး၊ တမူး၊ ချင်းတောင်ပေါ့နော် တရား မဝင် လိုင်စင်မဲ့ကားတွေနဲ့ မူး ယစ်ဆေး၊ လက်နက်သယ်ဆောင် လို့ ဖမ်းမိတဲ့သတင်းတွေ နောက် နေပြည်တော်အထိ တိုင်တဲ့ တိုင် စာတွေကြောင့် အခုလို တရားမ ဝင် လိုင်စင်မဲ့ကားတွေကို ဖမ်းဆီး အရေးယူမှု စတင်လာတာလို့ ဆို တယ်''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်က ပြည်သူ့အသံအဖြစ် ပြောသည်။

ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဦးတင်လှိုင်၏ အဆို အရ ယခုကဲ့သို့ ကလေးမြို့ကို ပိတ်ဆို့ဖမ်းဆီးမှုမှာ ယခုအကြိမ် သည် ဒုတိယအကြိမ်ဖြစ်ကြောင်း ယခင် ခေတ်အခါက တိုင်းမှူး သူရ ကျော်စွာလက်ထက်ကလည်း ကလေးမြို့ ပြည်သူ့ဈေးကြီးကို ပိတ် ဆို့ပြီး တစ်ဈေးလုံးဖမ်းဆီးမှု ဖြစ် ရပ်များရှိခဲ့ကြောင်း၊ 
ကားဝစ် သောက် မှောင်ခို ကိစ္စများကိုပြော လျှင် ကလေးမြို့တွင်သာ ကြီး ထွား ရောင်းဝယ်နေသည် မဟုတ် ဘဲ မြန်မာနိုင်ငံ မြို့ကြီးပြကြီးများ မှ အစပြု၍ မြို့စွန်မြို့ဖျားအထိ ပျံ့နှံ့မှုရှိ နေကြောင်း၊ 
အဓိကမှာ ဥပဒေဘက်တော်သားများအနေ ဖြင့် ပြည်သူလူထုအားကိုး ရသူ များ ဖြစ်ရန်လိုကြောင်း၊ ဘက် ပြောင်းသူများကို ထိထိရောက် ရောက် ဖယ် ရှား ဆောင်ရွက်ရန် လိုကြောင်း ယင်းကပင်ပြောသည်။
ကလေးမြို့ ဝစ်သောက်ကား ဖမ်းဆီးမှုတွင် ကလေးမြို့ စက်မှု ဇုန်ထုတ် ဟိုင်မွာလ်ဂျစ်များ ကုန် ကားများ ပါဝင် ကြောင်း သိရသည်။

ပန်သစ္စာ
YMG , RangonNewsDaily
kolatt(PBDN): 18.6.2013

0 comments:

Post a Comment