Pages

Tuesday, June 18, 2013

မလေးရှားနိုင်ငံတွင်ရာဇ၀တ်သားများကိုဖမ်းဆီးအရေးယူ

မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး သက်သေခံ တရားဝင်လက်မှတ်မပါရှိဘဲနေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ဝ ခန့်ကို
ဆာပန်းနယ် တရားရုံးက ဒီကနေ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့..969အကြမ်းဖက်ဂိုဏ်းဝင်လှုပ်ရှားမှုတွေရှိခဲ့တာကြောင့်..မလေးရှားရောက်မွတ်စလင်(မ်)သူတော်စင်များရဲ့ပြောဆိုဆုံးမမှုအပြီး မလေးရှား အာဏာပိုင်တွေက တရားမဝင်
အထောက်အထားမရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာတွေကိုဖမ်းဆီးခဲ့ရာမှာ တရားဝင် အထောက်အထားမရှိသူတွေကို အခုလို အရေးယူလိုက်တာဖြစ်ပါတယ်။

တကယ်လို့ ဒီအမှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ရင်ငွေဒဏ် မလေးရှားရင်းဂစ်ငွေ ၁ သောင်း၊ အများဆုံး ထောင်ဒဏ်၅ နှစ်နဲ့ ကြိမ်ဒဏ်တွေအထိ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ ၁၃၇ ဦးကိုလည်း မနက်ဖြန်မှာ ဒီအမှုနဲ့ ရုံးထုတ်စီရင်မယ်လို့ ဆာပန်းတရားသူကြီးရုံး
ပြောခွင့်ရသူက ပြောပါတယ်။
RangonNewsDaily
kolatt(PBDN): 18.6.2013

0 comments:

Post a Comment