Pages

Friday, December 21, 2012

4Mbps အထိ မြန်နှုန်းရရှိလာသည့် E-lite Tech IT Services မှ ဝန်ဆောင်မှု ပေးနေသည့် FTTX ဖိုက်ဘာအင်တာနက်စနစ်

4Mbps အထိ မြန်နှုန်းရရှိလာသည့် FTTX ဖိုက်ဘာအင်တာနက်စနစ်
Friday, 21 December 2012

FTTX ဖိုက်ဘာအင်တာနက်စနစ်တွင် 4Mbps မြန်နှုန်းအထိ စတင်သုံးစွဲနိုင်ပြီဖြစ်သည်။

ရန်ကုန်မြို့တွင် ဝန်ဆောင်မှုပေးနေသည့် အဆိုပါ ဖိုက်ဘာ အင်တာနက်လိုင်းမှာ 512 Kbps, 1Mbps, 2Mbps များကို ဝန်ဆောင်မှုပေးလျှက်ရှိပြီး ယခုအခါ 4Mbpsဝန်ဆောင်မှုကို စတင်အကောင်အထည် ဖော်လိုက်ခြင်း ဖြစ်သည်။

“စတင်ဝန်ဆောင်မှု ပေးနေတာ တစ်ပတ်လောက်တော့ ရှိပါပြီ။ 
4Mbps Planတပ်ဆင်လိုတဲ့သူတွေ အနေနဲ့ 2Mbps Plan ကို အရင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒါပြီးမှ Upgrade လုပ်ပေးမှာပါ” ဟု ၎င်းစနစ်ကို ဝန်ဆောင်မှု ပေးနေသည့် E-lite Tech IT Services မှ တာဝန်ရှိသူက ပြောသည်။

4Mbps Plan အတွက် ဝန်ဆောင်ခမှာ ၂ သိန်း ၃ သောင်းကျပ် ဖြစ်ကြောင်း FTTXစနစ်ကို E-Lite Tech Services နှင့် Fortune  International ကုမ္ပဏီတို့က ဝန်ဆောင်မှုပေးလျှက် ရှိသည်။

၎င်းစနစ်မှာ အင်တာနက်၊ ဖုန်းနှင့် ရုပ်သံလိုင်းများ ပေါင်းစပ်ပါဝင်သောTriple Play စနစ်ဖြစ်ပြီး လက်ရှိ ကနဦး တပ်ဆင်ခမှာ ၇ သိန်းခွဲကျပ်နှင့်နှစ်စဉ်ကြေး ၆ သောင်းကျပ်ဖြစ်ကြောင်း၊ ရုပ်သံလိုင်း ပါဝင်ပါက ကနဦး တပ်ဆင်ခ- ၉ သိန်းကျပ်၊ နှစ်စဉ်ကြေး ၈ သောင်း ၄ ထောင်ကျပ် ဖြစ်သည်။

“ သုံးစွဲတဲ့သူတွေအတွက်တော့ အရင်ကထက်စာရင်နှစ်ဆနီးပါးလောက်
မြန်လာတယ်ဆိုတော့ ရုံးသမားတွေအတွက် အဆင်ပြေတာပေါ့”ဟု FTTX ဖိုက်ဘာအင်တာနက်စနစ်အသုံးပြုနေသည့် ကုမ္ပဏီဝန်ထမ်း တစ်ဦး
ကပြောသည်။

လက်ရှိတွင် အဆိုပါ FTTX ဖိုက်ဘာအင်တာနက်လိုင်းသုံးစွဲသူများ
အနေဖြင့် အခြားအင်တာနက်လိုင်းများလောက် သုံးစွဲသူဦးရေ များပြားခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

FTTX ကနဦးတပ်ဆင်ခနှုန်းထားများအား လက်ရှိအချိန်တွင်
နှုန်းထားသတ်မှတ် လျှော့ချပေးရန် အစီအစဉ်မရှိသေးကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၌ အင်တာနက်လိုင်းဝန်ဆောင်မှုစနစ်များအနေဖြင့် ရတနာပုံတယ်လီပို့စ် ADSLအင်တာနက်လိုင်း၊ မြန်မာ့ဆက်သွယ်ရေးမှ  ADSLအင်တာနက်လိုင်းနှင့် Red Link Co မှ Wi max စနစ် အင်တာနက်လိုင်းများကို အဓိကထား၍ အသုံးပြုနေကြသည်။

အဆိုပါ စနစ်ကို ရန်ကုန်မြို့အပြင် မန္တလေးမြို့နှင်ပြင်ဦးလွင်မြို့များ
တွင်လည်း ဝန်ဆောင်မှု ပေးလျှက်ရှိ ကြောင်းသိရသည်။ လတ်တလောတွင် အင်တာနက်စနစ်နှင့် VOIP ဖုန်း နှစ်မျိုးသာ ပါဝင်ဦးမည် ဖြစ်သည်။

ဉာဏ်ဉာဏ် (မြစ်မခ)
Myit Makha Mediagroup

‎ FTTX ဖိုက်ဘာအင်တာနက်စနစ်တွင် 4Mbps မြန်နှုန်းအထိ စတင်သုံးစွဲနိုင်ပြီဖြစ်သည်။ ရန်ကုန်မြို့တွင်ဝန်
ဆောင်မှုပေးနေသည့်အဆိုပါ ဖိုက်ဘာအင်တာနက်လိုင်းမှာ 512 Kbps,1Mbps, 2Mbps များကို ဝန်ဆောင်
မှုပေးလျှက်ရှိပြီး ယခုအခါ 4Mbpsဝန်ဆောင်မှုကို စတင်အကောင်အထည် ဖော်လိုက်ခြင်း ဖြစ်သည်။
“စတင်ဝန်ဆောင်မှု ပေးနေတာ တစ်ပတ်လောက်တော့ ရှိပါပြီ။ 4Mbps Planတပ်ဆင်လိုတဲ့သူတွေ အနေနဲ့
2Mbps Plan ကို အရင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒါပြီးမှ Upgrade လုပ်ပေးမှာပါ” ဟု ၎င်းစနစ်ကို ဝန်
ဆောင်မှု ပေးနေသည့် E-lite Tech IT Services မှ တာဝန်ရှိသူက ပြောသည်။

4Mbps Plan အတွက် ဝန်ဆောင်ခမှာ ၂ သိန်း ၃ သောင်းကျပ် ဖြစ်ကြောင်း FTTXစနစ်ကို E-Lite Tech Serv

ices နှင့် Fortune International ကုမ္ပဏီတို့က ဝန်ဆောင်မှုပေးလျှက် ရှိသည်။

၎င်းစနစ်မှာ အင်တာနက်၊ ဖုန်းနှင့် ရုပ်သံလိုင်းများ ပေါင်းစပ်ပါဝင်သောTriple Play စနစ်ဖြစ်ပြီး လက်ရှိ ကန

ဦး တပ်ဆင်ခမှာ ၇ သိန်းခွဲကျပ်နှင့်နှစ်စဉ်ကြေး ၆ သောင်းကျပ်ဖြစ်ကြောင်း၊ ရုပ်သံလိုင်း ပါဝင်ပါက ကနဦး တပ်ဆင်ခ- ၉ သိန်းကျပ်၊ နှစ်စဉ်ကြေး ၈ သောင်း ၄ ထောင်ကျပ် ဖြစ်သည်။

သုံးစွဲတဲ့သူတွေအတွက်တော့ အရင်ကထက်စာရင်နှစ်ဆနီးပါးလောက်မြန်လာတယ်ဆိုတော့ ရုံးသမားတွေ

အတွက် အဆင်ပြေတာပေါ့”ဟု FTTX ဖိုက်ဘာအင်တာနက်စနစ်အသုံးပြုနေသည့် ကုမ္ပဏီဝန်ထမ်း တစ်ဦး
ကပြောသည်။

လက်ရှိတွင် အဆိုပါ FTTX ဖိုက်ဘာအင်တာနက်လိုင်းသုံးစွဲသူများအနေဖြင့် အခြားအင်တာနက်လိုင်းများ

လောက် သုံးစွဲသူဦးရေ များပြားခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

FTTX ကနဦးတပ်ဆင်ခနှုန်းထားများအား လက်ရှိအချိန်တွင်နှုန်းထားသတ်မှတ် လျှော့ချပေးရန် အစီအစဉ်

မရှိသေးကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၌ အင်တာနက်လိုင်းဝန်ဆောင်မှုစနစ်များအနေဖြင့် ရတနာပုံတယ်လီပို့စ် ADSLအင်တာနက်

လိုင်း၊ မြန်မာ့ဆက်သွယ်ရေးမှ ADSLအင်တာနက်လိုင်းနှင့် Red Link Co မှ Wi max စနစ် အင်တာနက်လိုင်း
များကို အဓိကထား၍ အသုံးပြုနေကြသည်။

အဆိုပါစနစ်ကိုရန်ကုန်မြို့အပြင်မန္တလေးမြို့နှင်ပြင်ဦးလွင်မြို့များတွင်လည်းဝန်ဆောင်မှု ပေးလျှက်ရှိနေ

ကြာင်းသိရသည်။ လတ်တလောတွင် အင်တာနက်စနစ်နှင့် VOIP ဖုန်း နှစ်မျိုးသာ ပါဝင်ဦးမည် ဖြစ်သည်။

ဉာဏ်ဉာဏ် 

(မြစ်မခ)

0 comments:

Post a Comment