Pages

Friday, December 21, 2012

ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာနှင့် တရားပြဆရာ၊ ယောဂီများသည် ယနေ့ ညနေ ၄နာရီ မိနစ် ၅၀တွင် ရန်ကုန်မြို့သို့ ရောက်ရှိ

ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာနှင့် တရားပြဆရာ၊ ယောဂီများသည် ယနေ့ ညနေ ၄နာရီ မိနစ် ၅၀တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့  ရောက်ရှိလာပါပြီ(ဓါတ်ပုံ-ဆရာကြီး ဦးဂိုအင်ကာ၏ "ဓမ္မနိုင်ငံမှာ ၁၃၅နှစ်ကြာ" ဓမ္မခရီး)

အေးချမ်းမွန်မှ  Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Journal

ကမ္ဘာကျော် ၀ိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ဂာာနှင့် တရားပြဆရာ၊ ယောဂီ ၁၀၀ ကျော်သည့် ယနေ့ (ဒီဇင်ဘာလ ၂၁ရက်နေ့) ညနေ ၄ နာရီမိနစ် ၄၀ အချိန်တွင် အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှ ရန်ကုန်မြို့သို့ MAI စင်းလုံးငှားလေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။ ဆရာကြီး ဦးဂိုအင်ကာ၏ ယခုခရီးစဉ်ကို ဂိုအင်
ကာမျိုးဆက် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှ ယခုကာလအထိကို ရည်ညွှန်းပြီး "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဟု အမည်ပေးထားကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အချိန်အတွင်း ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ ညနေ ၅နာရီ မိနစ် ၃၀ အချိန်တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌"ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land"ဓမ္မဟော
ပြောမှုကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ 
 
အဆိုပါ ဟောပြောပွဲကို ဟောပြောပွဲနေ့၏ ည ၇ နာရီအချိန်တွင် Channel 7 ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြသ
ပးမည်ကြောင်းနှင့် MRTV-4 ရုပ်သံလိုင်းတွင်လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်နှင့် မွန်းလွဲ ၁ နာရီအချိန်တို့တွင် ထပ်မံ ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း သိရ
သည်။ 

0 comments:

Post a Comment