Pages

Friday, December 21, 2012

သေကြောင်းကြံမှုအများဆုံးနေရာ (သို့မဟုတ်) Golden Gate တံတား

ကမ္ဘာ့သေကြောင်းကြံမှုအများဆုံးနေရာကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Golden Gate တံတားဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကြိုးတံတား Golden Gate ဖြစ်ပါတယ်။ ကြိုးတံတား စတင်ဖွင့်လှစ်တဲ့ ၁၉၃၇ မေလမှ စတင်ပြီး ယနေ့အထိ သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်သွားပြီလို့ သိရပါတယ်။ အရှည် ၈၉၈၁ ပေ ရှည်တဲ့ ကြိုးတံတားမှာ သေကြောင်းကြံမှုဟာ ၂၀၁၁ ခုနှစ်စစ်တမ်းအရ သုံးလကို ၁၇
ယောက်နှုန်း ရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်း သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၃၄ ဦး ကို ဆယ်ထုတ် 
 တွေ့ရှိခဲ့ပေမယ့် ပျောက်ဆုံးသူအရေအတွက်က ပိုမိုများပြားခဲ့ ပါတယ်။
 
 ရေနဲ့ တံတားအမြင့်ဟာ ၂၄၅ ပေရှိပြီး ခုန်ကျတဲ့အခါ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ ကျပြီး Trauma လို့ခေါ်တဲ့ ခန္ဓာ
ကိုယ်ထိခိုက် ဒဏ်ရာကြောင့် သေ ဆုံးကြရပါတယ်။ ရေပေါ် ထိတဲ့အရှိန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက အ
ရိုးများ ကျိုးပြီး အူ၊အသည်း၊ နံရိုး၊ အဆုပ် စသည်ဖြင့် အားလုံး ဆုပ်ပြတ်သွား မှာ ဖြစ်ပါတယ်။ သေနိုင်ချေ ၉၈ ရာခိုင်နှုန်းရှိပြီး အသက်မသေသူ ၃၊ ၄ ဦးသာ ရှိပြီး ဒုက္ခိတ ဘဝကိုရောက်ရပါတယ်။

ဒုတိယသေကြောင်းကြံမှုအများဆုံး ဖြစ်တဲ့ ဂျပန်နိုင်ငံက ဖူဂျီတောင်အနီး တော မှာတောင် တစ်နှစ်ကို ၇၈ ဦးပဲ သေပါတယ်။ အရေအတွက် ရာဂဏန်းပဲ ရှိပါသေးတယ်။ Golden Gate မှာတော့ ၁၆၀၀ ကျော်သွားပြီး ဒါကလည်း စာရင်းအတိအကျမဟုတ်ပါဘူး။ အတိအကျသိချင်လို့ တံတားအောက်မှာ ကင်မရာတပ် ကြည့်
လိုက်တော့ ဌာနဆိုင်ရာ ထုတ်ပြန်ချက်ထက် အရေအတွက်များများ ခုန်ချသက်သေနေကြ တာကို စစ်ဆေး
တွေ့ရှိခဲ့ပါတယ်။

ယင်းသို့ဖြစ်ရပ်များမှ လွတ်ကင်းနိုင်ဖို့အတွက် ဒေသခံအာဏာပိုင်တို့က အမျိုးမျိုးကြိုးစားပါတယ်။ အောက်
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Suicide hotline ဖုန်းကိုထားရှိပါတယ်။

သေကြောင်းကြံလိုသူတွေအနေနဲ့ နောက်ဆုံးအနေနဲ့ ဖုန်းခေါ်ဖို့ အကြံပေး ထားပြီး ရင်းရင်းနှီးနှီးတိုင်ပင်ဆွေး
နွေးပေးတယ် လို့ဆိုပါတယ် ။ နောက်ထပ်ကြိုးစားမှုကတော့ စတီးခြင်ထောင် ပတ်ပတ်လည်တပ်ဖို့ဖြစ်ပါ တယ်။ကင်းလှည့်လည်မှုကိုလည်း နေ့ရောညပါ ပြုလုပ်ပါတယ်။ ပြီးတော့ ညဘက်ဆိုရင် တံတားပေါ် လမ်း
လျှောက်ခွင့်မပြုပါဘူး။

အမေရိကန်ဒေါ်လာ သန်းချီကုန်ကျမယ့်အတွက် ခြင်ထောင်ဘေးကာ တပ်ဆင်ခြင်းကို မလုပ်နိုင်ခဲ့ ပါဘူး။ သို
့ပေမယ့် တံတားအောက်မှာဘယ်ညာ ပေ၂၀ အဝေးထိ သံမဏိစတီး ခံပလပ်စတစ် ကြိုးမျှင် ခြင်တောင်တပ်
ဆင်ခြင်းကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ယင်းဟာလည်း ငွေကြေး ရရှိမှု အခက်အခဲကြောင့် နှောင့်နှေးခဲ့ရပါသေး
တယ်။

သို့ပေမယ့် ၂၀၁၂ ခုနှစ်ရောက်တဲ့အခါမှာ လုံခြုံရေးအဆင့်မြင့်တင် လိုက်ပြီး နောက် သေကြောင်းကြံမှု ယ
ခင်ကထက် သိသိသာသာ နည်းပါးသွားပြီလို့ သိရပါတယ်။
---
Ref:wiki
International news for myanmar

0 comments:

Post a Comment