Pages

Friday, November 28, 2014

အမြန်လမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ပြောင်းလဲတော့မည်

RangonNewsDaily:: November . 28 .2014
ရန်ကုန်-မန္တလေး အမြန်လမ်းအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင် ရန်ကုန်-မန္တလေးလမ်းသည် ကွန် ကရစ်နှင့် ခင်းကျင်းထားသည့် လမ်းဖြစ်ပြီး လမ်း ချော်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် လမ်းလည်းဖြစ်သည်။

''ရန်ကုန်-မန္တလေး အမြန်လမ်းကို ကတ္တရာ ခင်းသွားမှာပါ။ အရင်တုန်းကတော့ ကွန်က ရစ်ခင်းထားတဲ့ လမ်းပေါ့။ ဒါပေမဲ့ သတိပြုရ မယ့်အပိုင်းနဲ့ လမ်းကို ပိုင်းခြားထားတဲ့ တံတား တွေကိုတော့ ကွန်ကရစ် ခင်းပေးထားပါတယ်'' ဟု ယင်းက ဆက်ပြောသည်။
::
ယင်းကတ္တရာခင်းခြင်းအား ရရှိသည့် ဘတ်ဂျက်အပေါ်မူတည်၍ နှစ်အပိုင်း အခြား အလိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထပ်မံ သိရသည်။

''ကတ္တရာခင်းတာကိုတော့ နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက်အပေါ်မူတည်ပြီး နှစ်အ ပိုင်းအခြားအလိုက် ပြုလုပ်သွားမှာပါ။ ရန်ကုန်- မန္တလေး အမြန်လမ်းတစ်ခုလုံးကို ကတ္တရာ ခင်းသွားမှာပါ''ဟု ထပ်ပြောသည်။
::
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲရန်မှာလည်း ကားသမားများ မျှော်လင့်နေ သည့် ရည်ရွယ်ချက်ဖြစ်ကြောင်းလည်း ကား သမားများက ပြောသည်။

''အမြန်လမ်းကို ကတ္တရာခင်းလိုက်ရင် ပိုကောင်းတာပေါ့။ လမ်းချော်မှု တော်တော် များများက ကတ္တရာလမ်းမှာဖြစ်ခဲတယ်။ ကွန် ကရစ်လမ်းတွေမှာပဲ အဖြစ်များတာ။ ဘာပဲ ဖြစ်ဖြစ် အမြန်လမ်းကြီးကို ကတ္တရာလမ်းအ ဖြစ် ပြောင်းလဲမယ်ဆိုရင်တော့ အကောင်း ဆုံးပါပဲ''ဟု ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးစံ ကောင်းက ပြောသည်။
::
ယင်းရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အား ရှစ်လမ်းသွား အမြန်လမ်း ဖြစ်စေရန်အ တွက်လည်း စီစဉ်ထားကြောင်းကိုလည်း ထပ် မံပြောကြား သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး သည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် ကုန်ကျခဲ့သည့် အမြန်လမ်းမကြီးဖြစ်ပြီး မြေ သား တာပေါင်အကျယ်ပေ ၂ဝဝ၊ လမ်းလယ် ကျွန်းဧရိယာ ပေ ၃ဝ နှင့် လမ်းမကြီးတစ်ဖက် စီတွင်၂၅ ပေကျယ်သည့် နှစ်လမ်းသွား (သွား/ ပြန်)စနစ်နှင့် တည်ဆောက်ထားကြောင်း သိ ရသည်။

ရန်ကုန်တိုင်းမ် ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment