Pages

Saturday, July 20, 2013

ဆီးဂိမ်းတွင် မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရန် cisco မှ နည်းပညာနှင့် စက်ပစ္စည်းများ အသုံးပြုမည်

Saturday, July 20, 2013

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်မည့် နိုင်ငံအသီးသီးမှ အားကစားသမားများအတွက် မြန်နှုန်းမြင့် အင်တာနက်လိုင်း ၀န်ဆောင်မှုကို Redlink ကုမ္ပဏီမှ ပြုလုပ်ရမည်ဖြစ်ပြီး မြန်နှုန်းမြင့် အင်တာနက်လိုင်း အသုံးပြုနိုင်ရန်အတွက် အမေရိကန် နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်သည့် cisco ကုမ္ပဏီမှ နည်းပညာပိုင်းနှင့် စက်ပစ္စည်းများကို အသုံးပြုကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း Redlink ကုမ္ပဏီမှ မာကတ်တင်း မန်နေဂျာ ကိုမျိုးမြင့်ညွန့်က ဆိုသည်။

Redlink ကုမ္ပဏီအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် အင်တာနက်လိုင်းနှင့် ၀က်ဘ်ပေါ်တယ် ထုတ်လွှင့်သည့် ၀န်ဆောင်မှုကို ရရှိကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်နှုန်းမြင့် အင်တာနက်လိုင်း အသုံးပြုနိုင်ရန် အတွက် Redlink ကုမ္ပဏီအနေဖြင့် cisco ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

''ကျွန်တော်တို့ ဆီးဂိမ်းပြိုင်ပွဲအတွက် စတင်လုပ်နေပါပြီ။ ဒီပွဲမှာက ဘယ်လို speed မျိုးနဲ့ ၀န်ဆောင်မှု ပေးမယ်ဆိုတာ တွက်ချက် နေတုန်းပါပဲ။ ဒီပွဲမှာ လူ၁၀၀ လာမယ်ဆိုရင် အကုန်လုံးက အင်တာနက် သုံးချင်မှ သုံးမှာပါ။ နေရာပေါ် မူတည်ပြီးတော့ အင်တာနက်နှုန်းကို လုပ်ရမှာပေါ့'' ဟု ဆိုသည်။

Redlink ကုမ္ပဏီအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲအတွက် ရန်ကုန်တွင် သုဝဏ္ဏအားကစားကွင်း၊ သိမ်ဖြူအားကစားကွင်းနှင့် မင်းဓမ္မလမ်းရှိ MCC ခန်းမနှင့် ငွေဆောင်တို့တွင် တပ်ဆင်ရမည် ဖြစ်ကြောင်း သိရသည်။

Eleven Media  , RangonNewsDaily
kolatt (Pabedan): 20.7.2013

0 comments:

Post a Comment