Pages

Thursday, September 26, 2013

လုပ်ငန်းသုံး ပါဝါမီတာမှ Cover Seal ပျက်စီးသွားသဖြင့် အရေးယူခံရ

RangonNewsDaily:: September 26, 2013

မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနေ ဦးစန်းလှိုင်၏ နေအိမ်တွင် ပလပ်စတစ်လုပ်ငန်းအား ပါဝါမီတာအမှတ်XN-7863 ဖြင့်လုပ်ကိုင်နေခဲ့ရာ ၅.၆.၂၀၁၃ ရက်နေ့တွင် အဆိုပါမီတာ၏ လုံခြုံမှုစနစ်အရ တပ်ဆင်ထားသော Cover Seal (၄)လုံးအနက်(၁)လုံးမှာ ကျွတ်ထွက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ထိုသို့တွေရှိရသဖြင့် လျှပ်စစ်စမ်းသပ်ရေးဌာနသို့ပေးပို့စစ်ဆေးခဲ့ရာ
ပြုပြင်၍မရနိုင်သောမီ
တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် အဆိုပါမီတာအတွက်လျော်ကြေးငွေကျပ်(၁၁၇၂၈၄၀၀) အား
ပေးဆောင်ရန် အကြောင်းကြားခဲ့သော်လည်း ပေးဆောင်ခြင်းမရှိသဖြင့်
လျော်ကြေး၊နစ်နာကြေး၊ဒဏ်ကြေးများပေးသွင်းရန်ပျက်ကွက်သည့်အပြင် ဌာနပိုင်လျှပ်စစ်မီတာအား မီတာယူနစ် မတက်အောင် Cover Seal များ
ပြောင်းလဲသွားစေရန် ဆောင်ရွက်ခဲ့သူ ဦးစန်းလှိုင်အား ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် မရမ်းကုန်မြို့မရဲစခန်း
(ပ)၄၀၇/၂၀၁၃၊ လျှပ်စစ်ဥပဒေပုဒ်မ ၃၃/၃၄ ဖြင့် ၂၅.၉.၂၀၁၃ ရက်နေ့
တွင် အရေးယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment