Pages

Thursday, September 26, 2013

မြို့  တော် ၀န် ရာထူး ကို ပြည်သူ က ရွေးချယ် ဖို့  ရန်ကုန် တိုင်း အစိုးရ က အတည် ပြု

RangonNewsDaily:: September 26, 2013
မြို့  တော် ၀န် လို့  လူသိများတဲ့ ရန်ကုန်မြို့  တော် စည် ပင် သာယာ ရေး ကော်မတီ ဥက္ကဌ ရာထူး ကို ပြည်သူက တိုက်ရိုက် မဲပေး ရွေးချယ် နိုင်ဖို့  ရန်ကုန် တိုင်း အစိုးရ က အတည် ပြု လိုက် ပြီ ဖြစ် ပါတယ်။ ဘယ်နေ့ ဘယ်ရက် မှာ မြို့  တော် ၀န် ရွေးကောက် ပွဲ ကို ကျင်းပမလဲ ဆိုတာ
ကိုတော့ သတင်း မထုတ် ပြန်သေးပါဘူး။ စစ်အစိုးရ လက်ထက် မှာ ရန်ကုန် မြို့ တော် ၀န် ၊ မန္တလေး မြို့  တော် ၀န် တွေ ဟာ သြဇာ အာဏာ ကြီးမား သူ တွေ ဖြစ် ပြီး အရပ်သား တွေ ကို ခန့် ထား ခြင်း မပြု ဘဲ စစ်တပ် အရာရှိ တွေ ကို သာ ခန့် ထား ပါတယ်။

ခြောက် နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ရန်ကုန် မြို့  တော် ၀န် ဦးအောင်သိန်းလင်း ရာထူး မှ ရပ်နားခံ ရ ပြီး နောက် စစ်အစိုးရလက်ထက် ဂျပန် သံ အမတ် ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဦးလှမြင့် က ရန်ကုန် မြို့ တော် ၀န် အဖြစ် ဦးသိန်းစိန် အစိုးရ လက်ထက် တွင် တာဝန်ထမ်းဆောင်သည်။

ဦးလှမြင့် လက်ထက် တွင် လမ်းဘေး ပျံ ကျ ဈေး ခွန် များ ၊ စားသောက်ဆိုင် အခွန်း များ နှင့် ရေ ခွန် ၊ အမှိုက် ခွန် တို့  ကို တိုးမြှင့် ကောက်ခံ ခဲ့သည်။

အိမ်နီးချင်း ထိုင်း နိုင်ငံ အပါ အ၀င် ဒီမိုကရေစီ နိုင်ငံ အချို့  တွင် ရဲ ချုပ် ၊ မြို့  နယ် ရဲ မှု ၊ အခွန် ဌာန အကြီး အကဲ တို့  ကို ပြည်သူ က ပင် ရွေးချယ် တင်မြှောက်မှု ပြု သည်။
Freedom News Group,  RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment