Pages

Thursday, September 26, 2013

လမ်းဘေးဈေးသည်တစ်ဦးကို သေဒဏ်ပေး

RangonNewsDaily:: September 26, 2013
တရုတ်နိုင်ငံအရှေ့မြောက် ပိုင်းရှိ Shenyang ပြည်သူ့တရား ရုံးတစ်ခုမှ လမ်းဘေးဈေးသည် ဖြစ်သော Xia Jun
feng သည် မြို့ တော်စည်ပင်သာယာရေးအရာရှိ နှစ်ဦးနှင့် စကားများရာမှ ဓား ထိုးမှုဖြင့် သေစေမှုအတွက် ဗုဒ္ဓ ဟူးနေ့တွင် သေဒဏ်စီရင်မည်ဟု သိရသည်။ ထိုသတင်းကြောင့် အွန်လိုင်း တွင်ဒေါသထွက်မှုများ ဖော်ပြ
နေကြသည်။ Xia၏အဖြစ်ကို လူအများ မှ စာနာထောက်ထားကြပြီး ရဲ တစ်ပိုင်းဖြစ်နေသော တရုတ် နိုင်ငံ၏ စည်ပင်အရာ
ရှိ Chengguan များ၏ အာဏာအလွဲသုံး စားမှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေခဲ့သည်။ ၂၀၁၁ခုနှစ်က မသန်
စွမ်း လမ်းဘေးဈေးသည် တစ်ဦးအား Chenggunများမှ သေသည် အထိ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ပြည် သူလူထု
ကို ဒေါသဖြစ်စေခဲ့သည်။

Xia ၏ ရှေ့နေတစ်ဦးဖြစ် သောChen Youxiက သေဒဏ် မစီရင်မီသူ၏ဇနီးနှင့် တွေ့ဆုံခွင့် ပေးကြောင်း တွစ်
တာ Weibo တွင် ရေးထားသည်ကို တွေ့ရ သည်။ နှစ်နှစ်ခွဲကြာ ကြိုးစားခဲ့ သော်လည်း ဘာမျှမတတ်နိုင်ခဲ့
ကြောင်း ၎င်းကပြောသည်။တရုတ်နိုင်ငံတွင် တစ်နှစ် လျှင် သေဒဏ်စီရင်မှု၄၀၀၀ ဝန်း ကျင်ရှိနေကြောင်း အမေရိကန် မှ Dui Hua လှေုပ်ရှားမှုဖောင်ဒေး ရှင်းက ခန့်မှန်းထားသည်။
 
Yangon Media Group ,RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment