Pages

Thursday, September 26, 2013

ဒု တိယ သမ္မတ ဒေါက်တာ စိုင်း မောက်ခမ်း ၏ ခွင့်ပြုချက်ဖြင့် ရန် ကုန်သို့ရောက်ရှိနေသော စင်ကာပူ ကျောင်းသား ၃၀ ရန်ကုန်တွင် အစာအဆိပ်သင့်

RangonNewsDaily:: September 26, 2013
ဒု တိယ သမ္မတ ဒေါက်တာ စိုင်း မောက်ခမ်း ၏ ခွင့်ပြုချက်ဖြင့်ရန်ကုန်သို့ရောက်ရှိနေသောစင်ကာပူ နိုင်ငံမှ
ကျောင်းသား၊ ကျောင်းသူ၃၀ အစာအဆိပ်သင့်မှုတစ်ခုစက်တင်ဘာ၂၄ရက်က ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ အလည် အပတ် ရောက်ရှိနေသော အဆိုပါ ကျောင်းသားများမှာ စင်ကာပူ နိုင်ငံတွင် လာ
ရောက်ပညာသင် ကြားနေသည့် နိုင်ငံပေါင်းစုံမှ ကျောင်းသား ၊ကျောင်းသူများ ဖြစ်ကာ ယင်းတို့အနက် ၁၂ဦး မှာ ယခု အခါ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးတွင် တက် ရောက် ကုသနေရကြောင်း သိရ သည်။

အဆိုပါ ကျောင်းသားများ မှာ စင်ကာပူနိုင်ငံ NG & EANN POLYTECHNIC မှ ကျောင်းသား၊ ကျောင်းသူများ
ဖြစ်ကာ ယင်းတို့အဖွဲ့တွင် မြန် မာလူ မျိုးဆရာမနှစ်ဦးနှင့် ဆရာ တစ်ဦးအပါအဝင် စုစုပေါင်း ၃၃ ဦးဖြစ်ပြီး Orchid Hotel ၌ ၁ဝရက်တာ ဘွတ်ကင်ယူထား ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတို့မှာ စက်တင်ဘာ ၂၃ရက်က မြန်မာနိုင်ငံ သို့ လေ့လာ ရေး ခရီးပုံစံမျိုးဖြင့် လာရောက် လည်ပတ်ရန်
ရောက်ရှိခဲ့ခြင်းဖြစ် ပြီး စက်တင်ဘာ ၂၄ရက်တွင် ရန် ကုန်မြို့ တွင်း သို့ သွားရောက်ခဲ့ကာ အပြင်စာများ စား
သုံးလာရာမှယင်းနေ့ညတွင် ကျောင်းသား၊ ကျောင်းသူများအားလုံးနီးပါး အစာအဆိပ်သင့်သည့်ပုံစံဖြင့် အော့
အန်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်ပြီး စက်တင်ဘာ ၂၅ရက်တွင် ၁၂ဦးအား ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

Yangon Media::-- , RangonNewsDaily
kolatt (Pabedan)


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment