Pages

Thursday, September 26, 2013

အိန်ဂျယ်လ်လက်တစ်ကမ်း”ဇာတ်ကားအတွက် သရုပ်ဆောင်များ ခေါ်ယူ

RangonNewsDaily:: September 26, 2013

ဒါရိုက်တာသည်ခေတ်နေ ရိုက်ကူးမည့် “အိန်ဂျယ်လ်လက်တစ်ကမ်း” ဇာတ်ကား၏ အဓိကသရုပ်ဆောင် ဖြစ်သည့် အိန်ဂျယ်လ်နေရာအတွက် သရုပ်ဆောင် သစ်များကို ဖိတ်ခေါ်ထားကြောင်းသည် ခေတ်နေက မဇ္ဈိမသို့ ပြောသည်။

ယင်း ဇာတ်ကားကို Storyboard Multimedia မှ ထုတ်လုပ်မည်ဖြစ်ပြီး ဒါရိုက်တာသည်ခေတ်နေမှ တာဝန်ယူ ရိုက်ကူးမည်ဖြစ်သည်။

အိန်ဂျယ်လ်နေရာတွင် သရုပ်ဆောင်ရန်အတွက် လာရောက်လျှောက်ထားသူများထဲမှ ဆန်ခါတင် ၁၅ ဦးကို ပဏာမရွေးချယ်မည်ဖြစ်ပြီး ထိုအထဲမှ လေးဦးအား ထပ်မံရွေးချယ်သွားမည်ဖြစ်သည်။

အိန်ဂျယ်လ်ဇာတ်ဆောင်နေရာအတွက်လည်း ထိုရွေးချယ်ခံရသည့် လေးဦးထဲမှ ထပ်မံရွေးချယ်မည်ဖြစ်သည်။

အဆိုပါဇာတ်ကားနှင့်ပတ်သက်၍ ဒါရိုက်တာသည်ခေတ်နေက “ဇာတ်လမ်းက အချစ်ဖန်စီဇာတ်လေးပါပဲ။ မဖြစ်နိုင်တာကို ဖြစ်နိုင်ခြေရှိအောင်ရိုက်မယ့် ဇာတ်ကားတစ်ကားလည်း ဖြစ်တယ်။ အိန်ဂျယ်လ်ဆိုတာကို ဘယ်သူမှလဲ မမြင်ဖူးဘူးဆိုတော့ အသစ်ဖြစ်ချင်လို့ သရုပ်ဆောင်သစ်ကို ခေါ်လိုက်တာပါ။ အိန်ဂျယ်လ်အဖြစ် သရုပ်ဆောင်တဲ့သူက စိတ်ကူးယဉ်ဆန်တဲ့ အိန်ဂျယ်လ်ပုံဖြစ်ရ မယ်လို့တော့ သတ်မှတ်ထားတယ်။ အခု ဇာတ်ကားမှာ ထည့်သွင်းရိုက်ကူးမယ့် အိန်ဂျယ်လ်တောင်ပံကအစ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားပြီးပြီ။ ဒီဇာတ်ကားမှာ 3D Animation တွေ ပါဝင်မှာပါ”ဟု ပြောပြသည်။

“အိန်ဂျယ်လ်လက်တစ်ကမ်း” ဇာတ်ကားဇာတ်လမ်းမှာ စစ်သည်တော်က ရေးသားထားပြီး ဇာတ်ညွှန်းကို ဒါရိုက်တာသည် ခေတ်နေကိုယ်တိုင် ရေးသားထားခြင်းဖြစ်သည်။ ပါဝင်သရုပ်ဆောင်လိုသူများသည် အမှတ် ၃၆-စီ၊ အလံပြ ဘုရားလမ်းသို့ လျှောက်လွှာများကို ၂၇ ရက်နောက်ဆုံးထာ လျှောက်ထားရမည်ဖြစ်ပြီး မည်သည့်ထုတ်လုပ်ရေးနှင့်မှ လက်မတွဲဖူးသူဖြစ်ရမည်ဖြစ်သည်။

“အိန်ဂျယ်လ်လက်တစ်ကမ်း”ဇာတ်လမ်းတွင် ကျော်ကျော်ဗိုနှင့်အတူ တခြားဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်များလည်း ပါဝင်မည်ဖြစ်သည်။

ပန်းမြတ်ဇော်
Mizzima - News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment