Pages

Thursday, September 26, 2013

i Phone တစ်ပတ် အတွင်း ရောင်းချရမှု Blackberry ၏ နောက်ဆုံးသုံးလပတ်ထက် ပိုများနေ

Photo: i Phone တစ်ပတ် အတွင်း ရောင်းချရမှု Blackberry ၏
နောက်ဆုံးသုံးလပတ်ထက် ပိုများနေ
Thursday, September 26, 2013

Apple နှင့် Blackberry သည် IT ပစ္စည်းထုတ်လုပ်သော ကမ္ဘာ့နာမည် ကြီး ကုမ္ပဏီ တို့ဖြစ်ပြီး စက်တင်ဘာ ၂ဝ တွင် Apple ကုမ္ပဏီသည် i Phone 5 ဖြန့်ချိပြီး Backberry ကုမ္ပဏီ၏ Z1O ဖုန်းအမျိုးအစား နောက်ဆုံး သုံးလ ရောင်းချမှု ထက်ပင် ပိုများကြောင်း သိရသည်။

Blackberry ကုမ္ပဏီသည် အခက်အခဲနှင့် ရင်ဆိုင်ရလျက် ရှိပြီး ဒုတိ ယ သုံးလပတ် ဘဏ္ဍာရေး ကာလ အတွင်း အလုပ်နေရာ ၄၅ဝဝ ပြတ်တောက် သွား မည်ဖြစ်ပြီး ကုန်ကျငွေ အမေရိကန် ဒေါ်လာသန်း ၉၆ဝ လျှော့ချသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

Blackberry ကုမ္ပဏီသည် ယခု နှစ် အစောပိုင်းအတွင်း Z1O အမျိုးအ စားဖုန်း အားဖြန့်ချိခဲ့ပြီး လွန်ခဲ့သည့် သုံး လအတွင်း ၅ ဒသမ ၉ သန်း ရောင်း ချခဲ့ ရသည်။ သို့ရာတွင်Apple ကုမ္ပဏီသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း i Phone 5 ဖြန့်ချိခဲ့ပြီး ၉ သန်းကျော် ရောင်းရခဲ့ သည်။

ထို့ကြောင့် Blackberry ကုမ္ပဏီ သည် Fairfax Financial Holdings သို့ ရှယ်ယာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံဖိုး ရောင်းချရန် သဘော တူညီခဲ့သည်။ သို့သော် လည်း Apple ရှယ်ယာဈေးများမှာ i Phone 5 အ ရောင်းကြေညာချက် ထုတ်ပြန်ပြီးနောက် ၅ ရာခိုင်နှုန်း တက်လာခဲ့သည်။

မိုဘိုင်းဖုန်း ဈေးကွက်မှာ အကျ မြန်၍ ခက်ခဲမှုများ ရှိသည်။ တစ်ချိန်က နာမည် ကြီးခဲ့သည့် Blackberry ကုမ္ပဏီအခက်ကြုံနေပြီဟု လေ့လာ ဆန်းစစ်သူတစ်ဦး က ပြောကြားသည်။

Blackberry ကုမ္ပဏီသည် Fairfax ရှယ်ယာအဖွဲ့နှင့် စေ့စပ်ညှိနှိုင်း မှုများ ပြုလုပ်စဉ် အတွင်း အခြားနည်းလမ်းများ ကိုလည်း ရှာဖွေသွား မည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

သိင်္ဂီဝင်း (Ref:AFP)
Popular Myanmar News Journal

RangonNewsDaily:: September 26, 2013

Apple နှင့် Blackberry သည် IT ပစ္စည်းထုတ်လုပ်သော ကမ္ဘာ့နာမည် ကြီး ကုမ္ပဏီ တို့ဖြစ်ပြီး စက်တင်ဘာ ၂ဝ တွင် Apple ကုမ္ပဏီသည် i Phone 5 ဖြန့်ချိပြီး Backberry ကုမ္ပဏီ၏ Z1O ဖုန်းအမျိုးအစား နောက်ဆုံး သုံးလ ရောင်းချမှု ထက်ပင် ပိုများကြောင်း သိရသည်။ Blackberry ကုမ္ပဏီသည် အခက်အခဲနှင့် ရင်ဆိုင်ရလျက် ရှိပြီး ဒုတိ ယ သုံးလပတ် ဘဏ္ဍာရေး ကာလ အတွင်း အလုပ်နေရာ ၄၅ဝဝ ပြတ်တောက် သွား မည်ဖြစ်ပြီး ကုန်ကျငွေ အမေရိကန် ဒေါ်လာသန်း ၉၆ဝ လျှော့ချသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

Blackberry ကုမ္ပဏီသည် ယခု နှစ် အစောပိုင်းအတွင်း Z1O အမျိုးအ စားဖုန်း အားဖြန့်ချိခဲ့ပြီး လွန်ခဲ့သည့် သုံး လအတွင်း ၅ ဒသမ ၉ သန်း ရောင်း ချခဲ့ ရသည်။ သို့ရာတွင်Apple ကုမ္ပဏီသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း i Phone 5 ဖြန့်ချိခဲ့ပြီး ၉ သန်းကျော် ရောင်းရခဲ့ သည်။

ထို့ကြောင့် Blackberry ကုမ္ပဏီ သည် Fairfax Financial Holdings သို့ ရှယ်ယာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံဖိုး ရောင်းချရန် သဘော တူညီခဲ့သည်။ သို့သော် လည်း Apple ရှယ်ယာဈေးများမှာ i Phone 5 အ ရောင်းကြေညာချက် ထုတ်ပြန်ပြီးနောက် ၅ ရာခိုင်နှုန်း တက်လာခဲ့သည်။

မိုဘိုင်းဖုန်း ဈေးကွက်မှာ အကျ မြန်၍ ခက်ခဲမှုများ ရှိသည်။ တစ်ချိန်က နာမည် ကြီးခဲ့သည့် Blackberry ကုမ္ပဏီအခက်ကြုံနေပြီဟု လေ့လာ ဆန်းစစ်သူတစ်ဦး က ပြောကြားသည်။

Blackberry ကုမ္ပဏီသည် Fairfax ရှယ်ယာအဖွဲ့နှင့် စေ့စပ်ညှိနှိုင်း မှုများ ပြုလုပ်စဉ် အတွင်း အခြားနည်းလမ်းများ ကိုလည်း ရှာဖွေသွား မည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

သိင်္ဂီဝင်း (Ref:AFP)
Popular Myanmar , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment