Pages

Wednesday, May 30, 2012

ဗြိတိန်ကမ်းခြေတွင် ကလေးတစ်ဦအား အသက်စွန့်ကယ်တင်သွားသည့် သူရဲကောင်း

          ဗြိတိန်ကမ်းခြေတွင် ကလေးတစ်ဦအား အသက်စွန့်ကယ်တင်သွားသည့် သူရဲကောင်း 

ဗြိတိန်နိုင်ငံရှိ အပန်းဖြေ ကမ်းခြေ တစ်ခုတွင် ကလေးငယ် တစ်ဦးအား စွန့်စွန့်စားစား ကယ်တင်ရင်း လူတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အမည်အတိအကျ မသိရသေးသော အသက်(၃၂)နှစ်အရွယ် ပုဂ္ဂိုလ်သည် ကလေးငယ်တစ်ဦး ရော်ဘာ ဘုတ်ပြားဖြင့် လှိုင်းစီးရင်း ရုန်းကန်နေရသည်ကို သတိပြုမိပြီးနောက် ကယ်တင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိုယ်ကျိုးစွန့်သော သူရဲကောင်းဆန်ဆန် စိတ်ဓာတ်ရှိသူသည် ရေစီးကြောင်းများ ပြင်းထန်ကြောင်း အန္တရာယ်ရှိသည့် အလံနီ အချက်ပြ အမှတ်အသားကို တွေ့မြင်သော်လည်း ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းကာ ကလေးငယ်ကို ကမ်းခြေဘက် တွန်းယူလာခဲ့သည်။



အသက်(၄)နှစ်အရွယ် ကလေးငယ်သည် ကမ်းခြေသို့ ချောချောမောမော၊ ဘေးကင်းကင်း

 ပြန်ရောက်လာသော်လည်း ထိုသူမှာမူ ရေနစ် သေဆုံးခဲ့သည်။ အနောက်ဆက်ဆက်စ် ကမ်းခြေတွင် ဖြစ်ပွားသော သေဆုံးမှုတွင် ထိုသူသည် ကလေးကို ကမ်းခြေဘက် တွန်းပေးပြီးနောက် နှလုံးဖောက်ပြန်လာဟန် ရှိပြီး ရုတ်တရက် ရေနစ်သွားခြင်းဟု မျက်မြင်များက ဆိုသည်။ 

အဆိုပါ ပုဂ္ဂိုလ်သည် ကမ်းခြေနှင့် (၁၆)ပေမျှ အကွာတွင် ရေနစ်သွားခြင်း ဖြစ်သည်။ ကမ်းခြေစောင့် တပ်ဖွဲ့သည် ထိုနေရာသို့ အရေးပေါ် အနေအထားဖြင့် ရောက်ရှိသွားပြီး ထိုသူကို ဆယ်တင်ကာ ရှေးဦး သူနာပြုနည်းဖြင့် ကုသပေးခဲ့သည်။



ဆရာဝန် တစ်ဦးနှင့် သူနာပြုများသည်လည်း ရဟတ်ယာဉ်ဖြင့် သဲသောင်ပြင်ပေါ် ချက်ချင်း ရောက်လာခဲ့သည်။ ၎င်းတို့ အမျိုးစုံ ကြိုးစားသော်လည်း ဆာရေးမှ လာရောက်သည်ဟု ယူဆရသော အဆိုပါ ပုဂ္ဂိုလ်ကို မကယ်တင်နိုင်ခဲ့ချေ။ မျက်မြင်တစ်ဦးက "သူနာပြုတွေက သူ့အဆုတ်ထဲက ရေတွေကို မှုတ်ထုတ်ပစ်ခဲ့တယ်။ 


 ပြောရရင် ရဟတ်ယာဉ် ဆိုက်လာချိန်ထိ ကမ်းခြေက လူတွေက အကောင်းမြင် မျှော်လင့်နေကြတာပါ။ ဒါပေမဲ့ ၀မ်းနည်းစရာ ကောင်းပါတယ်။ သူ့ကို မကယ်နိုင်ခဲ့ဘူး။ သူဟာ သူရဲကောင်း တစ်ယောက်လို သေသွားတာပါ"ဟု ပြောဆိုသွားသည်။

Source: MailOnSunday

ကိုလတ်(ပန်ဘဲတန်း) 

0 comments:

Post a Comment