Pages

Wednesday, May 30, 2012

မိမိရဲ့ ဇနီး အခြားယောကျာ်း နောက်လိုက်၍ အမျိုးသားတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး

         မိမိရဲ့ ဇနီး အခြားယောကျာ်း နောက်လိုက်၍ အမျိုးသားတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး



ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ရွှေပြည်သာမြို့နယ် ဧရာဝတီ ပတ်လမ်း၊၆/ ထုံးဖိုစု ရပ်ကွက်နေသူ လှိုင်ဘွား (၃၁) နှစ်သည်ဇနီးသည် ဖြစ်သူမှ
 နောက်ယောကျာ်းနောက် လိုက်သွားသည်ကိုစိတ်ထိခိုက်ကာ ပိုးသတ်ဆေးများ သောက်သုံး ထားကြောင်း သိရှိရသဖြင့် ဆေးရုံသို့ပို့ ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း၊ အလောင်း အား
စစ်ဆေးရာပြင်ပ ဒဏ်ရာမတွေ့ ရှိဘဲသေဆုံးခြင်းဖြစ်ပြီးရွှေပြည်သာ ဆေးရုံမှ ပီအာရ်-၁၁ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

အမှုအား ရွှေ ပြည်သာရဲစခန်းမှ သေမှုသေခင်း အမှတ် ၉/၁၂ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်။



0 comments:

Post a Comment