Pages

Wednesday, May 30, 2012

Opera ကို Facebook က ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်

                           Opera ကို Facebook က ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်

Opera ကို Facebook က ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်

နည်းပညာ လောကတွင် ခြေလှမ်းကြီးကြီး၊ လက်ဝါးကျယ်ကျယ်ဖြင့် လွှမ်းမိုးရန် ကြိုးစားလာသည့် Facebook၏ ငွေသုံးကြမ်းမှုသည် ယခုတိုင် မပြီးပြတ်နိုင်သေးဟု သတင်းများက ဆိုသည်။ 

 ကမ္ဘာကျော် Social Media ၀က်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင် Browser တစ်ခု ဖန်တီးရန် ရည်ရွယ်ထားပြီး ယင်းအတွက် နာမည်ကြီး Browserလုပ်ငန်း Operaကို ၀ယ်ယူရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ နော်ဝေး အခြေစိုက် Softwareလုပ်ငန်းကြီး Operaကို Facebookက မျက်စိကျနေသည်။

Facebookသည် ခေတ်ဟောင်း ဓာတ်ပုံများသဖွယ် အလွယ်တကူ ပြောင်းလဲပေးနိုင်သည့် Instragramကိုလည်း ဒေါ်လာ (၁)ဘီလျံဖြင့် ၀ယ်ယူ သိမ်းပိုက်ထားပြီး ဖြစ်သည်။

Facebookသည် ကမ္ဘာပေါ်တွင် အင်တာနက် သုံးစွဲသူ အများစု၏ အခိုင်အမာ ထောက်ခံမှုကို ရရှိထားပြီးနောက် မိုဘိုင်းလ်ဖုန်း လောကတွင် ဦးလှည့်ရန်ပါ ကြိုးစားလာခဲ့သည်။ ထို့ကြောင့် Facebookအတွက် ကိုယ်ပိုင် Browserတစ်ခု ဖန်တီးနိုင်ရန် ရည်ရွယ်လာခြင်းဟု သိရသည်။


 မာ့ခ်ဇူကာဘာ့ဂ် ဦးဆောင်သော လုပ်ငန်းစုကြီးကမူ ၎င်းတို့၏ ဈေးကွက်ချဲ့ထွင်မှု မဟာဗျူဟာနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ Facebookသည် Operaကို စိတ်ဝင်စားနေကြောင်းမူ Wall Streetတွင် လူပြောများလျှက် ရှိနေသည်။ Opera၏ Browserသည် PCကွန်ပျူတာများအပြင် မိုဘိုင်းလ်ဖုန်းနှင့် Tablet ကွန်ပျူတာများ၌ပါ ကျယ်ကျယ်ပြန့်ပြန့် နေရာရရှိထားပြီး ဖြစ်သည်။ သတင်းများ ထွက်ပေါ်နေသည့်အတိုင်း မှန်ကန်ပါက မန်လိုပါ့ခ်တွင် အခြေစိုက်သော Facebook၏ နောက်ထပ် ပစ်မှတ်သည် Operaပင် ဖြစ်လာနိုင်မည်ဟုလည်း သိရှီရသည်။

Source: LATimes

ကိုလတ်(ပန်ဘဲတန်း)

0 comments:

Post a Comment

 
world time