Pages

Thursday, May 31, 2012

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာဖြင့် ဖန်တီးထားသည့် ဦးနှောက်အား အသေးစိတ် ဖော်ပြထားသည့်ပုံ ထွက်ပေါ်လာ

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာဖြင့် ဖန်တီးထားသည့် ဦးနှောက်အား အသေးစိတ် ဖော်ပြထားသည့်ပုံ ထွက်ပေါ်လာ

 

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာ အသုံးပြုဖန်တီးထားသည့် ဦးနှောက် ၏ ဖွဲ့စည်းပုံပြ အသေးစိတ်ပုံ ထွက် ပေါ်လာပြီးနောက် ဦးနှောက်နှင့် ဆိုင်သည့်ရောဂါများ ကုသရာတွင် ထိုပုံက များစွာအထောက်အကူဖြစ်ပြီး ကြီးစွာသောအပြောင်းအလဲကြီး  တစ်ခု ဖြစ်လာလိမ့်မည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ထားကြသည်။


Genes သန်းပေါင်းများစွာ ပါ ဝင်သော ဦးနှောက်တစ်ရှူးများကို အသေးစိတ်ဖော်ပြနိုင်သည့်ဦးနှောက် ၏ ပုံထွက်ပေါ်လာရန် သိပ္ပံပညာ ရှင်များသည် ၄ နှစ်ကြာမျှ ကြိုး ပမ်းခဲ့ကြရသည်။ ၄င်းတို့ ကြိုးပမ်း မှုရလဒ်အဖြစ် ထွက်ပေါ်လာသော ဦးနှောက်၏ အသေးစိတ်ပြမြေပုံ သည် Genes ပေါင်း ၂၅ဝဝဝ ကို ရှာတွေ့နိုင်ပြီး စနစ် တကျအပိုင်း လိုက်ဖြတ်ကာ ပြသထားသည်။


မိမိလမ်းညွှန်သော အမှတ်အ သားပေါ်မူတည်ပြီး တိကျသော အ သေးစိတ်အချက်အလက်များကို ကွန်ပျူတာမှ ထပ်မံထုတ်ပေးနိုင် သော ပုံလည်းဖြစ်သည်။ အဆိုပါ ပုံအား သုံး၍ ဆေးပညာရှင်များ သည် ဦးနှောက်၏ အလုပ်လုပ်ပုံ ကို ကောင်းစွာသိရှိနိုင်ပြီး ရောဂါ များနှင့် ကုသမှုများအတွက် အသစ် အသစ်သောရှာဖွေမှုများကို ပြုလုပ် ရာတွင် အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။


ဦးနှောက်ကျွမ်းကျင်သူများ တွေ့ရှိချက်အရ မည်သည့်လူနှစ်ဦး မဆိုတွင် ၉၄ ရာခိုင်နှုန်းသွောနညနျ များ တူညီကြသည်ဟု သိရှိရသည်။ အဆိုပါ ဦးနှောက်၏ အစိတ် အပိုင်းများ အပြည့်အစုံပြသ နိုင်သည့် ပုံထွက်ပေါ်လာရန် ဒေါ် လာသန်း ၅ဝ မျှ သုံးစွဲခဲ့ရသည်ဟု သိရှိရသည်။

Ref: Dailymail

0 comments:

Post a Comment