Pages

Friday, June 1, 2012

အမှောင်တိုက်အောက် တွင် ပြည်သူများ နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြောကြား


အမှောင်တိုက်အောက် တွင် ပြည်သူများ နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြောကြား

(ရန်ကုန်၊ မေ ၂၆)
အမှောင်တိုက်အောက် တွင် ပြည်သူများ နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြော သည်။

မေလ ၂၆ ရက် ပုဇွန်တောင် မြို့နယ် တောင်လုံးပြန် ရပ်ကွက်တွင် ကျင်းပသည့် မြန်မာလူငယ် အစည်းအရုံး ရန်ပုံငွေပွဲတွင် ပြည်သူများ လျှပ်စစ်မီး ပြတ်တောက် မှုကြောင့် ခံစားရသည်များကို ၄င်းက ရည်ရွယ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

”လျှပ်စစ်မီး ပြဿနာကို နေ့ချင်းညချင်း မဖြေရှင်းနိုင်ဘူး ဆိုတာ ပြည်သူတွေ အားလုံးသိပါတယ်။ အစိုးရရဲ့ အာဏာကို ပြည်သူတွေ က မခြိမ်းခြောက်သလို ပြည် သူတွေ ကိုလည်း အစိုးရက မခြိမ်းခြောက်ဖို့ လိုပါတယ်” ဟု ၄င်းက ပြောသည်။
သင်္ကြန်သံချပ်ဖြင့် စတင်ခဲ့သည့် လျှပ်စစ်မီး ပြတ်တောက်မှု ဆန္ဒဖော်ထုတ်ခြင်းကို ရပ်နားလိုက် ပြီဖြစ်ကြောင်း သို့သော် ပြည်သူ များကို သက်ဆိုင်ရာက အစီရင်ခံ စာ တင်သွင်းပေးဖို့ လိုအပ်ကြောင်း ၄င်းက ပြောသည်။

အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ မေလ ၂၆ ရက် မြန်မာ့အလင်း သတင်းစာပါ ကြေ ညာချက်တွင် ရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံ ၂ဝ ရုံ ရှိပြီး စက်ရုံ ၁၈ ရုံမှာ နိုင်ငံပိုင် ဖြစ်ကြောင်း၊ တာပိန် (၁) ဓာတ်အားပေး စက်ရုံမှာ ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၄ ရက်က စပြီး ရပ်ဆိုင်းထားရကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင် ရွက်သော ရေအား လျှပ်စစ်စီမံကိန်း များကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း ပြည်သူ များအား အသိပေးတင်ပြအပ်ပါသည် ဟု ပါရှိသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားပေးဝေသည့် ကြိုးများ စံမမီ ခြင်းနှင့် ခိုးယူ သုံးစွဲခြင်းကြောင့် ပျောက်ဆုံးမှု ပမာဏ ၁၈ ရာခိုင်နှုန်း မှ ၁၄ ရာခိုင်နှုန်းသို့ လျှော့ ချနိုင် သော်လည်း နိုင်ငံတကာတွင် Technical lost ၇ ရာခိုင်နှုန်းသာ ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။

လျှပ်စစ်ဓာတ်အား အဓိက ထောက်ပံ့ပေးနေသည့် လောပိတ၊ ရွှေလီ၊ တာပိန်တို့မှ ဓာတ်အားလိုင်း များ ၂ဝ၁၁ ခုနှစ်လယ်ပိုင်းက ဖျက် ဆီးခံရပြီးနောက် ထုတ်လုပ်မှု များ ဆက်တိုက် လျော့ကျခဲ့ရသည်။ ယခင်က လျှပ်စစ်မီးသုံးစွဲမှု အနေဖြင့် လည်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ၁၄ဝဝ မဂ္ဂါဝပ် ရှိရာမှ ၂ဝ၁၂ ခုနှစ်တွင် ၁၅ဝဝ မဂ္ဂါဝပ် အထိ တိုး လာပြီး ရန်ကုန်မြို့တွင် ၈ဝဝ မဂ္ဂါဝပ် သုံးစွဲကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမြို့ နှင့် ပြည်မြို့တို့တွင် လျှပ်စစ်မီး ပေးနိုင်ရန် မီးစက်ကြီးများ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ပျက်စီးသွားသော ရွှေလီ-မန်စံ ဓာတ်အားလိုင်း ကို ပြင် ဆင်မှုများ ရက်ပိုင်း အတွင်း ပြီးဆုံး တော့မည်ဖြစ်ကြောင်း သိရသည်။
စိုင်းနောင် (ပေါပြုလာမြန်မာ)   

0 comments:

Post a Comment