Pages

Thursday, May 31, 2012

ဗာတီကန်နန်းတော်တွင် အာဏာလွန်ဆွဲမှုများ ဖြစ်ပေါ်ခဲ့

                                 ဗာတီကန်နန်းတော်တွင် အာဏာလွန်ဆွဲမှုများ ဖြစ်ပေါ်ခဲ့ 

ဗာတီကန် နန်းတော်တွင် ခါးသီးသော အာဏာလွန်ဆွဲမှုများ ဖြစ်ပေါ်နေခဲ့ကြောင်း ထွက်ပေါ်လာသည့် မှတ်တမ်းမှတ်ရာ အချက်အလက်များက ဖော်ပြလျှက်ရှီသည်။ သတင်းမီဒီယာများထံသို့ ဗာတီကန် နန်းတော်၏ မှတ်တမ်း အချက်အလက်များ ပေါက်ကြားလာခဲ့ရာ အတွင်းကြိတ် ဖြစ်ပေါ်နေသော
 ပြဿနာများကို ထင်သာမြင်သာ ဖြစ်နေစေသည်။ 

Vatileaksဟု အမည်ပေးထားသော အဆိုပါ ပေါက်ကြားမှုသည် ခရစ်ယာန် သာသနာ အခေါင်အထွဋ် ကျောင်းတော်၏ ဒုတိယ အကြီးအမှူးကို ပုပ်ရဟန်းမင်းနေရာ ဆက်ခံစေလိုသော အင်အားစုများ၏ လက်ချက်ဟု ယူဆရကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။



ဗာတီကန်ရေးရာ ကျွမ်းကျင်သူ အီလ်ဖာတို ကိုတီဒီယာနိုက "ဒီအချက်အလက်တွေဟာ ဗာတီကန်ရဲ့ အတွင်းရေးမှူး တာစီဆီယို ဘာတိုနီအစား နောက်ထပ် အတွင်းရေးမှူးသစ်ကို တောင်းဆိုတာမျိုးအတွက် ရည်ရွယ်ပြီး ဖွင့်ထုတ်လိုက်တာ ဖြစ်နိုင်တယ်"ဟု ပြောကြားသွားသည်။ 


ဗာတီကန်နန်းတော်သည် အတွင်းရေး ကိစ္စများကို သိုသိပ်ကျစ်လစ်စွာ ကိုင်တွယ်စီမံလေ့ ရှိသော်လည်း အချက်အလက်များစွာ ပြင်ပမီဒီယာများထံ ပျံ့နှံ့လာခြင်းသည် သိက္ခာကျစရာ ဖြစ်လာသည်။ အချို့သည် ပုပ်ရဟန်းမင်း ဘန်နဒစ် (၁၆)၏ ရုံးခန်းထဲရှိ စားပွဲခုံမှ စာရွက်များပင် ဖြစ်နေကြောင်း သိရသည်။ အီတလီ မီဒီယာများက ယခုလို ဖွင့်ချရန် ကြံစည်မှုသည် ပိုမိုနက်ရှိုင်းသော ခြေလှမ်းများ ရှိနေဦးမည်ဟု ယူဆနေသည်။



"ရဟန်းမင်းကို တင်မြှောက်ခွင့်ရှိတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး အဖွဲ့တစ်ခုဟာ အတွင်းရေးမှူး ရာထူးအတွက် ရည်မှန်းချက် ကြီးကြီးနဲ့ ချဉ်းကပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီကတစ်ဆင့် ပုပ်ရဟန်းမင်းကို သူတို့ထဲက ရွေးချယ်တာမျိုး နောက်တစ်ဆင့် လှမ်းလာနိုင်တယ်"ဟု လာရီပါဘလစ်ကာ သတင်းစာက သုံးသပ် ရေးသားခဲ့သည်။ ဘာတိုနီသည် ပုပ်ရဟန်းမင်းကြီး၏ အနီးစပ်ဆုံး မဟာမိတ် တစ်ဦးလည်းဖြစ်ပြီး ဗာတီကန် ဘဏ္ဍာတိုက်ကို အဓိက ကြီးကြပ် တာဝန်ယူထားသူ ဖြစ်သည်။ ထွက်ပေါ်လာသော အချက်အလက်များတွင် ဗာတီကန်၏ အခွန်ပြဿနာများ၊ ယခင်က လူသိရှင်ကြား ဖြစ်ခဲ့ဖူးသော ကလေးသူငယ် လိင်မှုဆိုင်ရာ ပြဿနာများ၊ ရိုးရာကို စောင့်ထိန်းလိုသည့် အယူသီး ပုန်ကန်သူများနှင့် ညှိနှိုင်းမှု မှတ်တမ်းများစသည်တို့ ပါဝင်နေကြောင်းလည်း သိရသည်။

Source: AFP on GoogleNews

0 comments:

Post a Comment