Pages

Saturday, August 10, 2013

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနား မြန်မာပြည် လာမည်

RangonNewsDaily:: Aug 10, 2013

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနားဟာ မြန်မာနိုင်ငံကို မနက်ဖြန် သြဂုတ်လ ၁၁ ရက်နေ့မှာ လာရောက်မှာ ဖြစ်ပါတယ်။
၇ ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ကို သောမတ် အိုဟေး ကင်တာနားဟာ ၁၀ ရက်တာ နေထိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေကိုသွားရောက်မှာဖြစ်တယ်လို့ကုလသမဂ္ဂ
သတင်းထုတ်ပြန်မှု တခုမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်း နေရစ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူတွေနဲ့ပတ်သက်ပြီး အစိုးရ တာဝန်

ရှိသူတွေနဲ့ ဆွေးနွေးသွားဖို့ ရှိသလို ခရီးစဉ်အတွင်း ဘာသာရေး ခွဲခြားဆက်ဆံခံနေရမှု၊ အပစ် အခတ် ရပ်စဲ
ရေး ကိစ္စတွေနဲ့ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေလည်း ယခုခရီးစဉ်အတွင်း အဓိက စုံစမ်းမေးမြန်းမှုတွေ လုပ်
ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၁၀ ရက်တာ ခရီးစဉ်က တွေ့ဆုံမေးမြန်းလို့ ရရှိတဲ့အချက်တွေကို လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ

မှာ တင်ပြသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ှုIrrawaddy, RangonNewsDaily
kolatt (Pabedan): 10.8.2013

0 comments:

Post a Comment