Pages

Saturday, August 10, 2013

လှည်းတန်းစင်တာအနီး တိုက်ခန်းတစ်ခုမှ မိန်းကလေးတစ်ဦး ခုန်ချရန်ကြိုးစား


IMG0356A

RangonNewsDaily:: Aug 10, 2013
သြဂုတ်လ ၁၀ ရက်နေ့၊ ညနေ ၃းooနာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ် လှည်းတန်း
စင်တာ အနောက်ဘက်ရှိအေးငြိမ်းသာဆေးခန်း၏ အပေါ်ထပ်ခြောက်လွှာမှ ဆယ်ကျော် သက်ဝန်းကျင်အ
ရွယ်မိန်းကလေးတစ်ဦးတိုက်ပေါ်မှခုန်ချရန်ကြိုးစားခဲ့ရာ တာဝန်ရှိသူများမှအချိန်မှီကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 
လှည်တန်းလမ်းဆုံက အသစ်ဆောက်နေတဲ့ ကုန်တိုက်ကြီးနောက်ဖက်
တိုက်တန်း ခြောက်လွှာပေါ်က အမျိုးသမီးငယ်တစ်ဦး ဒီနေ့ နေ့လည် သုံးနာရီ
ခွဲခန့်က ခုန်ချသေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ပါတယ်။
လူသိမြန်ပြီး အကြံအစည်အထမမြောက်လိုက်တာမို့ ကံကောင်းပါတယ်။
အခုတော့ အမျိုးသမီးလေးကို မီးသတ်တပ်ဖွဲ့ဝင်တွေက ဖျောင်းဖြပြီး
မီးသတ်ကားပေါ်တင် ခေါ်ထုတ်သွားပါပြီ။
သူ ခုန်ချဖို့ကြံစည်တဲ့ တိုက်ခန်းက လူမနေတဲ့ အခန်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်
တွေဟာ တံခါးကိုရိုက်ချိုး ၀င်ရောက်ခဲ့ကြရတာပါ။
(ဓာတ်ပုံ- Chit Nay Mrell)

ဆယ်ကျော်သက် ၀န်းကျင်အရွယ် မိန်းကလေး တိုက်ပေါ်မှခုန်ချရန်ကြိုးစားနေချိန်တွင် မိနစ်သုံးဆယ်အ
တွင်းကယ်တင်နိုင်ခဲ့ကြောင်းဝင်ရောက်ကယ်ဆယ်မှုပြုလုပ်ခဲ့သည့် သူတစ်ဦး၏ပြောဆိုချက်အရသိရသည်။


“ဒီတိုက်ခန်းတွေမှာက လူမနေဘူး။ သူဘယ်လိုရောက်နေမှန်းလည်းမသိဘူး။ကျွန်တော်တို့တောင် ၀န်ရံတာ
မှာ ဖောက်ထားတဲ့အပေါက်ကနေ၀င်ပြီးတော့ကယ်ခဲ့ရတာ ဘာကြောင့်ခုန်ချမယ် ဆိုတာကိုလည်းမသိဘူး
။”ဟုဝင်ရောက်ကယ်ဆယ်ခဲ့သူ တစ်ဦးကပြောသည်။

မိန်းကလေး ခုန်ချမှုပြုလုပ်မည့် တိုက်ခန်းမှာလူနေထိုင်ခြင်းမရှိသည့်တိုက်ခန်းဖြစ်ကြောင်းနှင့်မိန်းက လေး

မှာအိမ်ဖော်မိန်းခလေးတစ်ဦးဖြစ်သည်ဟု ခန့်မှန်းမိကြောင်းနှင့်အဆိုပါတိုက်ခန်းတွင် မည်ကဲ့သို့ ရောက်ရှိ
နေခြင်းကို မသိရှိကြောင်းပတ်ဝန်းကျင်၌နေထိုင်သူများထံမှ သိရသည်။

စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့က  အဆိုပါမိန်းကလေးကိုကယ်ဆယ်မှုပြုလုပ်ခဲ့ပြီးမိန်းကလေးအား ခေါ်

ဆောင် သွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သူ့ကို ကယ်ထားလိုက်နိုင်ပါတယ်။ကလေးမလေးကတော့တအားကြောက်လန့်နေပါတယ်။ သူမကြောက်ဖို့ ၀ိုင်းပြီးချော့နေပါတယ်။”ဟုမီးသတ်တပ်ဖွဲ့၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမာရွတ်မြို့နယ်အတွင်းကိုယ့်ကိုယ်ကိုသတ်သေသော အမှုများရှိခဲ့ကြောင်းနှင့် မိဘနှင့်ဝေးကာလာရောက် အလုပ်လုပ်ကိုင်သည့်သူများအဖြစ်များလေ့ရှိကြောင်းလှည်းတန်းတွင်နေထိုင်သည့် ဒေသခံပြည်သူများက
ပြောသည်။


မြစ်မခသတင်း , RangonNewsDaily
kolatt (Pabedan): 10.8.2013

0 comments:

Post a Comment