Pages

Saturday, August 10, 2013

အစိုးရနဲ့ ကျောင်းသားတပ်မတော် ငြိမ်းချမ်းရေး သဘောတူညီချက် ၁၂ ခု လက်မှတ်ရေးထိုး


RangonNewsDaily:: Aug 10, 2013
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအဖွဲ့ကို မတရားအသင်းကနေ ပယ်ဖျက်ရေးအတွက် ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒီနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာကျင်းပတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကရရှိတဲ့ သဘောတူညီမှုအချက် ၁၂ ချက်မှာ ထည့်သွင်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အစိုးရနဲ့ ABSDF တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ခုလိုပြောပါတယ်။

“ဒီအစည်းအဝေးမှာကျနော်တို့ဘယ်တော့ပြန်တွေ့မယ်တို့၊ABSDF ရဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စတို့၊ နောက်သူတို့လူထုနဲ့တွေ့ဖို့တို့ ပါပါတယ်”

ABSDF ရဲ့ ဆက်ဆံရေးရုံးကို ကရင်ပြည်နယ် မြဝတီမြို့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အဲဒီနောက် ကလေး၊ ဘု
ရားသုံးဆူ၊ မူဆယ်၊ လွိုင်ကော်မြို့တွေမှာလည်း ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ နောက်ထပ်ေ
ဆွးနွေးပွဲတွေကို လာမယ့်နိုဝင်ဘာလအတွင်း ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

RFA (Burmese) ,  RangonNewsDaily
kolatt (Pabedan): 10.8.2013

0 comments:

Post a Comment