Pages

Saturday, August 10, 2013

ကျွန်ုပ်တို့ ဘာကြောင့် လူရိုင်းဖြစ်ရသလဲ?


RangonNewsDaily:: Aug 10, 2013
သမိုင်းကို ဘယ်လိုလိမ်ခဲ့ ကြသလဲဆိုတာ
၁၉၈၈ ခုနှစ်က ဆရာလူထုစိန်ဝင်း ရေးခဲ့တဲ့ဆောင်းပါး
ဇေယျတု စာအုပ်ထုတ်ဝေရေးမှ ထုတ်ဝေသော "၁၃၅၀ ပြည့်နှစ် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအမှတ်တရ မန္တလေးနှင့် အခြားသမိုင်းပုံရိပ်များ" စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။

ယမန်နေ့ညက အီတလီနိုင်ငံ မီလန်မြို့ရှိ မိတ်ဆွေတစ်ဦးထံက ဖုန်းဆက်သည်။ ၎င်းမိတ်ဆွေက ထိတ်လန့်တကြားဖြင့် ဗမာလူမျိုးတွေဘာကြောင့် လူရိုင်းကြီးတွေ ဖြစ်ကုန်ကြတာလဲဟု မေးသည်။ သူက ဗမာပြည်မှ ပြန်ရောက်လာသူများထံမှ ဓာတ်ပုံများ၊ ဗွီဒီယို အခွေများကိုကြည့်ပြီး အမျိုးသမီးတစ်ဦးက ထဘီတိုတိုဝတ်ပြီး ဓားရှည်ကြီးကို တအားလွှဲလျက် လူတစ်ယောက်၏ ခေါင်းကိုဖြတ်နေပုံ၊ ကျောင်းသားနှင့်တူသည့် လူငယ်လေးတစ်ဦးက ခေါင်းပြတ်ကြီးတစ်ခုကို ဆံပင်မှ ဆုပ်ကိုင်၍ ၀မ်းသာအားရ ခုန်ပေါက်နေပုံ စသည့်ကြောက်ခမန်းလိလိ ပုံတွေကို မြင်ရသောအခါ အော့နှလုံးနာမိသည်။

သူများစွာကို ချစ်မြတ်နိုးလွန်း၍ ဂုဏ်ယူဝင့်ကြွားလေ့ရှိသော ဗမာလူမျိုးများအတွက် အရှက်ရမိ ပါသည်ဟု ပြောလေသည်။

ကျွန်တော့်မိတ်ဆွေ အင်နီတာသည် မီလန်တက္ကသိုလ်မှ မနုဿဗေဒ ပါမောက္ခတစ်ဦး ဖြစ်ပါသည်။ ကျောင်းဆရာဘ၀ မရောက်ခင် တက်တက်ကြွကြွ ၂၀ ဦးပိုင်း အရွယ်က ကျွန်တော်နှင့် ဘ၀တူ သတင်းစာသမားတစ်ဦး ဖြစ်ခဲ့ပါသည်။

အသက် ၄၀ ကျော်လာသော အခါတွင်မှ ပြေးလွှားလှုပ်ရှားနေရသော သတင်းထောက်ဘ၀မှ အနားယူကာ ကျောင်းဆရာဘ၀သို့ ကူးပြောင်းသွားခဲ့ ပါသည်။ သူသည် မြန်မာနိုင်ငံသို့ သတင်းထောက်မလေးအဖြစ် သုံးကြိမ်၊ ပါမောက္ခတစ်ဦးအဖြစ် သုံးကြိမ် စုစုပေါင်း ခြောက်ကြိမ် ရောက်ခဲ့ဖူး၍ သီလရှင် နှစ်ကြိမ်ဝတ်ပြီး ရက်ရှည်တရား ထိုင်ခဲ့ဖူးသူလည်း ဖြစ်ပါသည်။

လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ကျောင်းသူကျောင်းသားလေးများအား ရက်စက်ကြမ်းကြုတ်စွာ ၀ါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခြင်းများ၊ မသေမရှင် ဖြစ်နေသူတွေကို အင်းလျားကန်ထဲသို့ နှစ်သတ်ခြင်း၊ ငါးတန်း၊ ခြောက်တန်းအရွယ် ကလေးသူငယ်လေးတွေကို ကားနှင့်တိုက်သတ်ခြင်း၊ ထောင်ထဲရောက်နေကြသော တက္ကသိုလ် ကျောင်းသူလေးများကို မတရားကျင့်ကြံခြင်း . . . . .

သူသည် မြန်မာလူမျိုးများနှင့်တကွ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို များစွာချစ်မြတ်နိုးပါသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်၍ ကမ္မဋ္ဌာန်းတရား၌လည်း ပျော်မွေ့ပါသည်။ တစ်ကိုယ်ရေ    တစ်ကာယ သမားဖြစ်၍ ငွေစုပြီး အငြိမ်းစားယူသော အရွယ်၌ မြန်မာနိုင်ငံတွင် သီလရှင်ဘ၀ဖြင့် လာပြီးအရိုးထုတ်ရန် ရည်သန်ထားသူလည်း ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ စိတ်ရှည်သည်းခံနိုင်မှု၊ ကြင်နာသနားတတ်မှု၊ ရက်ရောမှုတို့ကိုလည်း တဖွဖွချီးကျူး ပြောဆိုလေ့ ရှိပါသည်။

ယခုတော့ ချီးကျူးဂုဏ်ယူလေ့ရှိသော မြန်မာလူမျိုးတို့အတွက် အကြီးအကျယ် အရှက်ရနေရ ပါသည်။ ဘာ့ကြောင့်များ ဗုဒ္ဓဘာသာ တရားတော်၏ အဆုံးအမ၌ ယဉ်ပါးခဲ့ရသော မြန်မာလူမျိုးများ ရက်စက်ကြမ်းကြုတ်သော အပြုအမူတွေ ပြုမူကုန်ကြတာလဲဟု ထိတ်လန့်တကြား မေးခဲ့သည်။

ဟုတ်ပါသည်။ အင်နီတာသိသည့်အတိုင်း မြန်မာလူမျိုးများသည် အင်မတန် သနားတတ်သော လူမျိုးဖြစ်ပါ
သည်။ မိမိလူမျိုးကို လက်သည်းခွံခွာပြီး ပါးရိုက်သော ဂျပန်ဖက်ဆစ်များကိုပင် စစ်ပြေးများအဖြစ် ရောက်
လာသောအခါ ရွာထဲမှ ၀ှက်ထား၍ ကျွေးမွေးစောင့်ရှောက်သော လူမျိုးဖြစ်ပါသည်။

သို့သော် လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ကျောင်းသူကျောင်းသားလေးများအား ရက်စက်
ကြမ်းကြုတ်စွာ ၀ါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခြင်းများ၊ မသေမရှင် ဖြစ်နေသူတွေကို အင်းလျား
ကန်ထဲသို့ နှစ်သတ်ခြင်း၊ ငါးတန်း၊ ခြောက်တန်းအရွယ် ကလေးသူငယ်လေးတွေကို ကားနှင့်တိုက်သတ်ခြင်း
၊ ထောင်ထဲရောက်နေကြသော တက္ကသိုလ် ကျောင်းသူလေးများကို မတရားကျင့်ကြံခြင်း စသည်တို့ကို မျက်
ဝါးထင်ထင် မြင်တွေ့ခံစားရသော အခါမျိုး။

လက်နက်မဲ့ ရဟန်းသံဃာနှင့် ကျောင်းသားပြည်သူတွေကို ထောင်နှင့်ချီ၍သေအောင် စစ်မြေပြင်သုံး မောင်း
ပြန်လက်နက်တွေသုံး၍ စနစ်တကျ သွေးအေးအေးဖြင့် သတ်ဖြတ်သည်ကို မြင်တွေ့ခံစားရသော အခါမျိုး၌ မည်သည့်လူသားသည် ဒေါသပုန်မထဘဲ ရှိပါမည်နည်း။

ပြည်သူတို့ သောက်သုံးသည့်ရေထဲ အဆိပ်ထည့်၍သတ်သော လုပ်ရပ်မျိုး၊ ညညကားနှင့် ဖြတ်မောင်းသွား
ကာ ပြည်သူများကို လက်နက်မျိုးစုံဖြင့် ပစ်ခတ်ထွက်ပြေးသော မာဖီယားလူဆိုးတို့ လုပ်ရပ်မျိုး၊ အစိုးရကိုယ်
တိုင်က သူခိုးကျင့်သူခိုးကြံဖြင့် ဂိုဒေါင်တွေလည်းဖောက်ပြီး ၀ရုန်းသုန်းကားဖြစ်အောင် ဖန်တီးသော လုပ်ရပ်
မျိုး၊ တစ်နိုင်ငံလုံးရှိ အကျဉ်းသားများကို လွှတ်ပေးသော လုပ်ရပ်မျိုး၊ လူဆိုးသူခိုးတွေကို လူစိတ်ပျောက်စေ
သော စိတ်ကြွဆေးများ ထိုးပေးကာ ရဟန်းသံဃာနှင့် ကျောင်းသားတွေကို ခေါင်းဖြတ်သတ်စေသော လုပ်
ရပ်မျိုးများကို ဤနှစ်ဆယ်ရာစု ခေတ်ကြီးအတွင်း၌ မည်သည့်အစိုးရမျိုးက လုပ်ရဲသည်ကို အင်နီတာ တွေ့
ဖူးကြုံဖူး ကြားဖူးပါသလဲ။

မြန်မာလူမျိုးတို့သည် ၂၆ နှစ်လုံးလုံး ကျောကော့အောင် ခါးစည်းသည်းခံ ခဲ့ကြသည်ကို အင်နီတာ အပါအ
ဝင် နိုင်ငံခြားသားတိုင်းပင် သြချယူခဲ့ရသည် မဟုတ်ပါလော။ ဒါလောက်တောင် ဖိနှိပ်ချုပ်ချယ်တဲ့၊ ဒါလောက်
တောင် ယုတ်မာပက်စက်တဲ့၊ ဒါလောက်တောင် လူ့အခွင့်အရေးတွေကို နင်းခြေဖျက်ဆီးတဲ့ အစိုးရလက်
အောက်မှာ မြန်မာလူမျိုးတွေ ဒါလောက်ကြာကြာ နေနိုင်ကြတာကို အံ့သြလို့တောင် မဆုံးနိုင်ဘူးလို့ အင်နီ
တာကိုယ်တိုင် ထပ်တလဲလဲ ပြောခဲ့ဖူးသည် မဟုတ်ပါလား။

ချစ်စွာသော အင်နီတာ။ ကမ္ဘာမှာ ကျော်မကောင်း ကြားမကောင်းအောင် မိန်းမသားများပင် ခေါင်းဖြတ်ရ
သည့် အဖြစ်မျိုးရောက်အောင် ကျွန်ုပ်တို့အား ဘယ်သူက တွန်းပို့ခဲ့ပါသနည်း။ ကလေးဆေးရုံမှ ကလေးသူ
ငယ်များ သောက်သုံးရေထဲသို့ အဆိပ်လာခတ်သောသူကို ဒေါသတကြီးဖြင့် တုံ့ပြန်သောလူထုကို မှားသည်
ဟု အင်နီတာ ဆိုပါမည်လော။ လူသတ်ခြင်းဟာ မကောင်းပါ အင်နီတာ။

 ခေါင်းဖြတ်ခြင်း အမှုဆိုတာကတော့ သာ၍ပင် မကောင်းပါ။ လူသားစားခေတ် လူရိုင်းများ၏ လုပ်ရပ်ဖြစ်ပါ
သည်။သို့သော်ကျွန်ုပ်တို့ မြန်မာလူမျိုးများလူရိုင်းဘ၀သို့ ရောက်သွားအောင် ဇွတ်အတင်းတွန်းပို့သောတရား
ခံသည် မည်သူလဲဆိုတာ အထူးတလည် ပြောကြားရန် လိုမည်မဟုတ်တော့ပါ။

သွားတစ်ချောင်းလျှင် တစ်ချောင်းချင်း၊ မျက်လုံးတစ်လုံးလျှင် တစ်လုံးချင်းဆိုသည်မှာ တောတွင်းတိရစ္ဆာန်
တို့၏ ဥပဒေသ ဖြစ်ပါသည်။ မကောင်းပါ။သို့သော် တစ်ခါတစ်ရံ တိရစ္ဆာန်တို့ နားလည်သော ဘာသာစကား
မှာ ဤဘာသာစကား တစ်ခုတည်းသာ ဖြစ်သည်ဆိုပါလျှင် ....။

(မိုးသောက်ဂျာနယ် အမှတ် (၁) ၁၉၈၈ စက်တင်ဘာလ ၁၃ ရက်မှ)
Eleven Media , RangonNewsDaily
kolatt (Pabedan): 10.8.2013

0 comments:

Post a Comment